Letter to MoeMaKa

Hle Dan Residence denounced Crony Business Owner

လှည်းတန်းအိမ်ယာ အရေးအခင်း၊ ပြည်သူများ ဖြေရှင်း
တိုက် ၁၊ တိုက် ၂ နေ ပြည်သူများ၊ မိုးမခပေးစာ၊ ဇူလိုင် ၂၂၊ ၂၀၁၃
လုပ်ငန်းရှင်ဦးဇော်မိုးခိုင် (AA Medical Product) သည် ၄င်း ၀ယ်ယူထားသော လှည်းတန်းလမ်းဆုံ ပြည်မြန်မာကုန်တိုက် ပေ ၈၀ x ပေ ၁၂၀ အပြင်၊ အများပြည်သူမသိရှိလိုက်သော နောက်ဆက်တွဲ
နောက်ဖေးလမ်းကြားမြေများနှင့်ပတ်သက် ၍ ရန်ကုန်အခြေစိုက် နာမည်ကြီးနေ့စဉ်သတင်းစာတစ်စောင် မှတစ်ဆင့်မဟုတ်မမှန် ပြောဆိုခြင်းများ ပြုလုပ်နေမှုကြောင့် တိုက်(၁)၊ တိုက်(၂)နေ ပြည်သူများ ကို
အများပြည်သူမှအထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်စေရန် ဖြစ်ရပ်မှန်များကို သတင်းမီဒီယာများ အားလုံး နှင့် ပြည်သူများအားလုံး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး တရားဥပဒေဘောင်အတွင်းမှ ရင်ဆိုင်သွားမည်ဖြစ်ပါသည်။ ငွေအားသုံး၍ သတင်းမီဒီယာများကို ခါးပိုက်ဆောင်ထဲ ထည့်ပြီး အမှန်ကို အမှားဖြစ်အောင် ၀ါဒဖြန့်နေသော “ခရိုနီဝါဒ” ကိုလည်း ဆန့်ကျင်ရှုတ်ချသွားမည်ဖြစ်ပါသည်။
ကျေးဇူးတင်လျက်
တိုက်(၁) တိုက်(၂)နေပြည်သူများ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts