>Junta assign one tractor per 100 acre rice field for farmers

>

စစ်အစိုးရက လယ်ဧက ၁၀၀ မှ လယ်ထွန်စက် ၁ လုံး ခွဲတမ်းချပေး၊ လယ်သမားများ ခေါင်းရှုပ်မခံနိုင်၊ ပြီးတော့ လယ်ထွန်စက်များကလည်း အပျက်တွေဟု သိရ
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၂၀၊ ၂၀၀၈

စစ်အာဏာပိုင်များက မိုးရာသီ လယ်လုပ်ငန်းများ ပြုလုပ်နိုင်ရေးအတွက် လယ်ဧက ၁၀၀ လျင် လယ်ထွန်စက် ၁ လုံး နှုန်း သတ်မှတ်ပြီး ရောင်းချပေးနေသည်ဟု သိရသည်။ လယ်ထွန်စက် ၁ လုံး ငွေ ၂ သိန်း သွင်းရန်နှင့် စပါးပေါ်ချိန်၊ ငွေပေါ်ချိန်တွင် အကျေ သိန်း ၂၀ အပြည့် ချေပေးရမည်ဟု ဆိုသည်။

လယ်သမားများမှာ ၁ ဦးတည်း လယ်ဧက ၁၀၀ မပိုင်နိုင်ကြောင်း၊ လယ်ဧကများ အချင်းချင်း ၀ိုင်းစုကြပြီး ဧက ၁၀၀ ပြည့်ပြန်ဦးတော့ ပေးစရာ ငွေ ၂ သိန်းလည်း မရှိကြောင်း၊ ငွေ ၂ သိန်း ထွန်စက် ၁ လုံး ရပြန်တော့လည်း မည်သူက မည်သည့်လယ်ကို မည်သို့ အချိန်ခွဲပြီး ထွန်ယက်ကြရေး စီမံခန့်ခွဲရန်လည်း မတတ်နိုင်ကြကြောင်း၊ ရသည့် လယ်ထွန်စက်များတွင် အပျက်များက အများစုဖြစ်ရာ ပြင်ဆင်ရန်အတွက်လည်း အကုန်အကျ မခံနိုင်ကြကြောင်း လယ်သမားများက ငြီးတွား ဝေဖန်နေကြသဖြင့် အစိုးရ ပြန်လည်ထူထောင်ရေးစီမံကိန်းများမှာ လက်တွေ့မကျသည်မှာ ထင်ရှားလှသည်ဟု ဝေဖန်ကြသည်ဟု သတင်းရရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts