>လုပ်ငန်းရငြ်

>


စီးပွားရေး ကုမ္မဏီများကို ပြန်လည်ထူထောင်ရေးလုပ်ကွက်များ စစ်အစိုးရက ချပေးထား
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၂၀၊ ၂၀၀၈

အစိုးရရပ်ကွက်သတင်းအရ အောက်ပါကုမ္မဏီများကို မြစ်ဝကျွန်းပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကွက်များအဖြစ် ခွဲဝေချထားလိုက်သည်ဟု သိရသည်။

လပ္ပတ္တာ – ဇေကမ္ဘာ၊ MAX, ဧရာရွှေဝါ၊ ၀ါဝါ၀င်း
ဘိုကလေး – ဒိုင်းမွန်းမာကျုရီ၊ ထူး
ဖျာပုံ – ယုဇန၊ ဒဂုံအင်တာနေရှင်နယ်၊ ပြည့်ဖြိုးကျော်
မော်လမြိုင်ကျွန်း – အေ၀မ်း၊ TZTM
ငပုတော (ဟိုင်းကြီး) – ရွှေသံလွင်၊ အာရုဏ်ဦး၊ တက်လမ်း၊မိုးကြယ်စင် ၊သိန်းဆောက်လုပ်ရေး၊ FMI
ကျိုက်လတ် – မောင်ဝိတ်၊ ရွှေမာလာ ၊သော်တာဝင်း
ဒေးဒရဲ – အေဒင်
ကော့မှုး၊ ကွမ်းခြံကုန်း – အေးရှားဝေါလ်
တွံတေး – TOSTA၊ ဖွံဖြိုးအောင်
သန်လျင်၊ ကျောက်တန်း – ရွှေတောင်
ခရမ်း – Asia ၊Naing Group
သုံးခွ – Universal
ဒလ၊ ဆိတ်ကြီး ခနောင်တို – ရှိုင်း
ရန်ကုန် အရှေ့ပိုင်းခရိုင်(A) – အက်ပီဒင်၊ အေးရိပ်မွန်၊ ရွှေကမ္ဘာ၊ Excem
ရန်ကုန် အရှေ့ပိုင်းခရိုင်(B) – Excem၊ IEG ၊ ရွှေဘုရင် ၊ နောင်တုံ စသည်တို့ဖြစ်သည်။

လေဘေးသင့်ဒေသများအလိုက် ကိုယ်ထူကိုယ်ထ ကယ်ဆယ်စောင့်ရှောက်နေသူများနှင့် အဖွဲ့အစည်းများအတွက် စာရင်းများ၊ အခြေအနေများကို လိုက်လံစာရင်းပြုခြင်း၊ သတင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း ထိုသို့ လုပ်ကွက်များ ချပေးလိုက်သည်ကိုမူ စစ်အာဏာပိုင်တို့က အတိအကျ သတ်မှတ်ခြင်းဖြစ်သဖြင့် မည်သူ့အကျိုးစီးပွားကို ဦးစားပေးသလဲဆိုသည်ကို မေးနေစရာမလိုဟု ဝေဖန်သူတဦးက ဖြေသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ကျောင်းများ တည်ဆောက်ပြုပြင်ခြင်းကိုလည်း ထိုကုမ္မဏီကြီးများကို တာဝန်ခွဲပေးထားပြီးဖြစ်သော်လည်း ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း မတွေ့ရသေးပေ။ စစ်အာဏာပိုင်များ မြင်သာထင်သာ သွားလာသည့် မျက်နှာစာများ၊ မြို့များတွင်သာ အဓိကထား ဆောက်ထားခြင်းဖြစ်နေသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် အေးရှားဝေါလ်ဒ်က တာဝန်ယူထားသော ကွမ်းခြံကုန်းတွင် အထက ၁ နှင့် ၂ ကိုသာ ပြန်ဆောက်ပေးပြီး ကျန် ရပ်ကွက်ကျောင်းငယ်များမှာ ရွက်ဖျင်တဲများအဖြစ်က မတက်သေးပေ။ ပြည်သူများ ဒုက္ခပင်လယ်ဝေနေချိန်တွင် လုပ်ငန်းရှင်များနှင့် နောက်လိုက်တို့က မိမိကိုယ်ကျိုးစီးပွားနှင့် အမြတ်ကြီးစား လှည့်ဖြားဖို့ကိုသာ စစ်အစိုးရ အပေါင်းအပါများနှင့် ပူးပေါင်းပြီး တပျော်တပါးကြီး ၀ိုင်းဝန်း ကျင့်ကြံနေကြပါက မြန်မာပြည် ဆင်းရဲတွင်းက တက်တော့မည်မထင်ဟု သတင်းပေးပို့သူများက မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts