>Helpless Burmese People turning into Buddhist traditional rituals as relief factor

>

ကပ်ကြီးကျော်ဖို့ ရတနာသုံးပါးကိုသာ ဆည်းကပ်နေ
မိုးမခ စာဖတ်သူ (ရန်ကုန်)၊ စာဖတ်သူတွေ ရေးတဲ့စာ
ဇွန် ၁၇၊ ၂၀၀၈

မိုးမခကို ဒီတခါ စာရေးရတာကတော့ မြန်မာပြည်က ပြည်သူတွေရဲ့ ကိုယ်စိတ်နှလုံး ချုံးချုံးကျ ပူပန်ဆင်းရဲနေကြရတဲ့ ပြယုဒ်တခုအဖြစ် လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ အကြောင်းပါ။

ကျွန်မတို့တတွေရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်ခြင်းဖြင့် အရာရာ အောင်မြင်ရမယ်ဟု မဆိုသော်လည်း၊ ဘေးအန္တရယ်ကင်းရမယ်ဆိုတဲ့ ယုံကြည်မူဖြင့် ချစ်သောမြန်မာပြည်သားအပေါင်းရော၊ မြန်မာပြည် ပြင်ပရောက်နေကြသူအပေါင်းရောအတွက၊် ယခုအချိန်မှာမြန်မာပြည်သားတွေ ကားတွေပေါ်မှာ၊ အိမ်တွေပေါ်မှာ ယုံယုံကြည်ကြည် ရွတ်ဖတ်နေကြတဲ့၊ အိမ်တွေမှာကပ်နေကြတဲ့ ဟောဒီ ကပ်ကျော် ဂါထာ၊ ကပ်ကျော်စာလုံးများကို တင်ပြလိုက်ချင်ပါတယ်။

ဦးသုန္ဒရ ဆားလင်းကြီးမြို့ ကနေပြီး ရေးပေးထားတဲ့ သရဏဂုဏ် ကွန်ခြာ ဖြစ်ပါတယ်။

၁။ ဗုဒ္ဓေါမေ သတ္တပါကာရံ

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။

၂။ ဓမ္မောမေ သတ္တပါကာရံ

ဓမ္မံသရဏံ ဂစ္ဆာမိ။

၃။ သံဃောမေ သတ္တပါကာရံ

သံယံသရဏံ ဂစ္ဆာမိ။

၁၊ ၂၊ ၃၊ ပြီးလျင် ၃၊၂၊ ၁ အသွားအပြန် ရွတ်ပါ။ သံကွန်ခြာ ရ ထပ် ကာရံထားသကဲ့သို့ လုံခြုံပါတယ်လို့ ဆိုနေကြပါတယ်။

နောက်တခုကတော့ – လယ်တီဆရာတော်ဘုရားကြီး၏အမိန့်ဆိုတဲ့ အဆောင်တခု ဖြစ်ပါတယ်။ ဟောသည် စာလုံးကို ထင်ထင်ရှားရှား ယုံယုံကြည်ကြည်ဖြင့် ကူးယူကာ မိမိ အိမ်ရှေ့ လူဝင်ပေါက်တွင် ကပ်ပါ။ “အန္တရာယ်ကင်းစေ၊ကပ်ကျော်စေ” လို့ ဆိုပါတယ်တဲ့။

အခုတလော ကျမတို့တတွေမှာ ဒုက္ခသည်တွေ အချင်းချင်း ဝေမျှပြီး ကူနေ၊ ကယ်နေကြပေမယ့် သံဃာတော်တွေက အစွမ်းကုန် အလှူခံပြီး ကူညီနေကြပေမယ့်၊ တခြား ကယ်မယ့်သူ၊ ကူမယ့်သူကတော့ ဝေးနေဆဲဆိုတာ အခုလို အဖြစ်တွေက သက်သေပြနေပါတယ် ရှင် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts