>မုန်တိုင်းအလနြ်ူမန်မာူပည် – သတင်းတိုထြာ

>

မုန်တိုင်းအလွန် မြန်မာပြည် – သတင်းတိုထွာ
မိုးမခ

မေ ၂၈၊ ၂၀၀၈



ရန်ကုန်မြို့ပြင် ရွှေပေါက်ကံမြို့သစ်မြင်ကွင်း (AFP)


ယမန်နေ့က ရန်ကုန်မြို့တော် ဆင်ခြေဖုံးရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု မြင်ကွင်း။ ရန်ကုန်မြို့တော်မှ ဒုက္ခသည်များက အရပ်သားအလှူရှင်များအပေါ် နေထိုင်စားသောက်ရေး အားထားနေရပုံကို အေပီသတင်းဌာနက မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ (AP)


လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီကို လက်ခံရန်၊ ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရန် ပြည်ပရောက် မြန်မာပြည်သား ရဟန်းရှင်လူများကလည်း ယမန်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သိရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တို့တွင် ဖြစ်သည်။ (AP)

လွန်ခဲ့သော ၁၈ နှစ်ကရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အဖွဲ့ချုပ်က ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနားကို ဌာနချုပ်ရုံးတွင် ယမန်နေ့က အထက်ပါအတိုင်း ပြုလုပ်ခဲ့သည်။ (AFP)



အဖွဲ့ချုပ်ရုံးအပြင်ဘက်တွင် အဖွဲ့ဝင်အချို့က စစ်အစိုးရကို ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာအကူအညီများ လေဘေးဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိရေး၊ ဒေါ်စုလွတ်မြောက်ရေး တို့ကို တောင်းဆိုခဲ့သည်။ ထို့နောက် ဒေါ်စု၏နေအိမ်ဘက်သို့ ချီတက်ကြသည်။ (AFP)


ဒေါ်စု၏အိမ်သို့ချည်းကပ်ရာလမ်းကို လုံခြုံရေးအထပ်ထပ် ပိတ်ထားသည်။ ယမန်နေ့က လုံခြုံရေး ပိုမိုတိုးမြှင့်ထားသည်။ နိုင်ငံရေးအခမ်းအနားပြုလုပ်နေသည့် အဖွဲ့ချုပ်ရုံးအနီးတွင်လည်း လုံထိန်းအင်အား အများအပြား ချထားသည်။ (Reuters)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts