>မုန်တိုင်းအလနြ်ူမန်မာူပည် – သတင်းတိုထြာ

>

(Photo – Internet, Ko Moe Kaung)
မုန်တိုင်းအလွန် မြန်မာပြည် – သတင်းတိုထွာ
မိုးမခ
မေ ၂၇၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူများကို စစ်အစိုးရက ဖမ်းဆီး

ရန်ကုန်၊ မေ ၂၇။ ။ အကျယ်ချုပ်သက်တမ်းပြည့်နေပြီဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် ချီတက်တောင်းဆိုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကို စစ်အစိုးရက လမ်းပေါ်တွင်ပင် ဖမ်းဆီးသွားသည်။

နေ့လည် ၁ နာရီခန့်က၊ အဖွဲ့ချုပ် ရုံးရှေ့ မှ ဒေါ်အောင်ဆန်းစုကြည်၏အိမ်ရှေသိုချီတက်ရာလမ်းကြောင်းတွင် ဗဟန်း၊ ဟာမစ်တစ် ကားမှတ်တိုင်အနီးတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သူများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အဖမ်းခံရသူများမှာ – ထွန်းထွန်းဝင်း (စမ်းချောင်းမြို့ နယ်တာဝန်ခံ ၁)၊ ပြည့် ပြည့် ၊ ထက်စိုးလင်း (ဒလမြို့ နယ်တာဝန်ခံ ၁ )၊ ထက်ထက်ဦးဝေ ( ရွှေပြည်သာ မြို့ နယ် အဖွဲ့ ဝင်)၊ ဦးအောင်ဖေ (တွံတေး မြို့ နယ်)၊ ကျော်မျိုးနိုင် (တာမွေမြို့ နယ် တာဝန်ခံ ၂ )၊ ရန်နိုင်ထွန်း ( ကြည့် မြင်တိုင် မြို့ နယ်တာဝန်ခံ ၁)၊ လှမျိုးနိုင် (မဂ်လာဒုံမြို့ နယ် အဖွဲ့ ဝင်)၊ ထွန်းဝင်းသိန်း ( မဂ်လာဒုံမြို့ နယ် )၊ မောင်စန်း (လှိုင်သာယာမြို့ နယ်) ၊ မျိုးကျော်ဇင် (လှိုင်သာယာမြို့ နယ်)၊ ၀င်းမြင့် မောင် (ခရမ်းမြို့ နယ်)၊ စောပြည့် ဖြိုးအောင် (မြို့နယ်မသိ)၊ ကျော်ကျော်နိုင် (မြို့ နယ်မသိ)တို့ ဖြစ်ပါသည်။

နိုင်ငံတကာအကူအညီ မကြာမီ လာမည် (AP)

နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်သူတို့ကို မြန်မာအာဏာပိုင်တို့က လုပ်ပိုင်ခွင့်ပြုပါက လေဘေးဒုက္ခသည်များထဲမှ ၁၀ သိန်းကျော်သည် အကူအညီများ စတင်ရရှိတော့မည်ဟု ကုလသမဂ္ဂက ယမန်နေ့က ပြောလိုက်သည်။

ဖျာပုံမြို့နယ် လမ်းဘေးတဲငယ်တစ်ခုတွင် မိသားစု ရှစ်ဦးနှင့်အတူနေထိုင်သော ဦးအေးလွင်က “အကူအညီတွေရလိမ့်မယ်လို့ ကျုပ်တော့မထင်ဘူးဗျာ။ ကျနော်တို့မှာ ဘာမှ မရှိတော့ဘူး။ ကျွဲမရှိ နွားမရှိ၊ လယ်မရှိ။” ဟု ဆိုသည်။

ရရှိခဲ့သော အကူအညီများမှာ မြန်မာပြည်သားများထံမှဖြစ်သည်ဟုလည်း ပြောပြသည်။

မေ ၂၄ စနေနေ့က ရန်ကုန်တိုင်းအာဏာပိုင်တို့ ထုတ်ပြန်သော ကြေညာချက်တွင် အကူအညီပစ္စည်းများကို ၎င်းတို့ထံ အပ်နှံရန် တိုက်တွန်းထားသည်။ (ဓာတ်ပုံ AFP)။
ဖျာပုံမြို့နယ်တွင် ယမန်နေ့က တွေ့ရသော ဒုက္ခသည်အချို့။ (ဓာတ်ပုံ AP)

ယမန်နေ့က တွေ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒုက္ခသည်အချို့ (ဓာတ်ပုံ Reuters)

ယမန်နေ့က တွေ့ရသော ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ မြင်ကွင်း ၂ခု (ဓာတ်ပုံ AP)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts