>မုန်တိုင်းသတင်း – ၂၀

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၂၀
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၅၊ ၂၀၀၈

မြန်မာစစ်အစိုးရက လေဘေးအကူနှင့် ပစ္စည်း အလွဲသုံးစားလုပ်သူများကို အရေးယူမည်

နိုင်ငံတကာက အကူအညီများကို ဒုက္ခသည်များဆီမရောက်ရှိဘဲ အလွဲသုံးစားလုပ်နေသူများ၊ ကိုယ်ကျိုးရှားနေသူများကို စစ်အစိုးရက တရားဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟု ဆိုသည်။ စစ်အစိုးရက နိုင်ငံတကာအကူအညီများကို ထိရောက်အောင် လက်ခံဆောင်ရွက်ခြင်းမရှိဟု နိုင်ငံတကာက ၀ိုင်းဝန်းဝေဖန်နေကြချိန်တွင် ထိုသို့ စစ်အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြည်တွင်းရှိ ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝေငှ လှူဒါန်းနေကြသူ အစုအဖွဲ့များကို စစ်အစိုးရက မတရားဖမ်းဆီး အရေးယူ နှောက်ယှက်ရန် အကွက်ထွင်လာလေသလားဟု မျက်မြင်တို့က ထင်မြင်ချက်ပြောသည်။

မေလ ၁၇ ရက် – စင်္ကာပူနိုင်ငံ မြန်မာသံရုံးရှေ့ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမည်

လာမယ့် မေလ ၁၇ ရက်နေ့ (စနေနေ့) ညနေ ၇ နာရီမှ စတင်ကာ စင်္ကာပူနိုင်ငံ စိန့်မာတင်ဒရိုက်လမ်းရှိ မြန်မာသံရုံးရှေ့၌ စင်္ကာပူရောက် မြန်မာများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြသော မြန်မာလူမျိုး တသိန်းကျော်အတွက် ၀မ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် စုဝေးကြကာ ဖယောင်းတိုင်များ ကိုယ်စီ ထွန်းညှိ၍ ငြိမ်းချမ်းစွာ ဆုတောင်းကြမည်ဖြစ်ကြောင်း ကြားသိရသည်။ (ပေတရာ)

(Photos – Child Patient at Hospital in Rangoon, in the background, there’s no medicine or aid – photo credit – US Campaign for Burma)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts