>သတင်းတို ၁၈

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၈
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၄၊ ၂၀၀၈
မုန်တိုင်းတစ်ခု မြန်မာပြည်ကို တိုက်ဦးမည် (AP သတင်းဌာန)

အားပြင်းသည့် မုန်တိုင်းတစ်ခု မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်နေသည်။
ထိုမုန်တိုင်းသည် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲနိုင်ဖွယ်ရှိသည်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သွားလိမ့်မည်ဟု ဟာဝိုင်ယီကျွန်းအခြေစိုက် မုန်တိုင်းသတိပေးဌာနက ခန့်မှန်းသည်။

(မူရင်း AP သတင်း = The Hawaii-based Joint Typhoon Warning Center said there is a good chance that “a significant tropical cyclone” will form within the next 24 hours and head across the Irrawaddy delta area.)

(နေ့ ၃း၀၀)

ထိုင်းအကြံ နေပြည်တော်လက်မခံ (သတင်းဌာန Reuters)
တရားဟောရန်သွားသည့် ထိုင်းဝန်ကြီးချုပ် တရားဟောခံလိုက်ရသည် (ဓာတ်ပုံ Reuters)

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ နာရီပိုင်းခန့် သွားရောက်ခဲ့သည်။ နိုင်ငံတကာကူညီမှုကိုဖွင့်ပေးရန်၊ ကယ်ဆယ်ကူညီရေး ကျွမ်းကျင်သူများကို ၀င်ခွင့်ပြုရန် ဗိုလ်ချုပ်ကြီးတို့အား နားချခဲ့သော်လည်း မအောင်မြင်ဟု ဆိုသည်။
“ဗိုလ်ချုပ်သိန်းစိန်ကပြောတယ်ဗျာ၊ လူ သန်း၆၀ ရှိတဲ့သူတို့နိုင်ငံမှာ အုပ်ချုပ်သူ အစိုးရရှိပါတယ် တဲ့၊ ပြည်သူတွေရှိတယ်၊ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ် တဲ့။ ယုံကြည်ချက်ကတော့ အပြည့်ရှိတယ်။ ကူးစက်ရောဂါဖြစ်နေတာတွေ၊ ငတ်မွတ်နေတာတွေ၊ ကပ်ဘေးဆိုက်နေတာတွေ မရှိဘူး တဲ့။ သူတို့က ကျွမ်းကျင်သူတွေ မလိုဘူး၊ ဒါပေမဲ့ ဘယ်နိုင်ငံကဖြစ်ဖြစ် ကူညီထောက်ပံ့တဲ့ပစ္စည်းတော့ ကြိုဆိုမယ်။ တပ်မ ၄ ခုကို ဒုက္ခသည်ကူညီရေးအတွက် တာဝန်ပေးထားတယ်၊ ကယ်ဆယ်ရေးစခန်း ၆၀၀ ဖွင့်ထားတယ်၊ စခန်းတစ်ခုကို လူ ၁၀၀၀ ဆံ့တယ်လို့ ဗိုလ်ချုပ်သိန်းစိန်က ပြောပြပါတယ်” ဟု ရှင်းပြသည်။

(ည ၇း၀၀)

အာရှသူ အာရှသားကိုပဲ ကြိုက်တယ် (DPA သတင်းဌာန)

ကူညီကယ်ဆယ်ရေးကျွမ်းကျင်သူများ စေလွတ်ပေးရန် စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများကို တောင်းဆိုလိုက်သည်၊ ဘင်္ဂလားဒေ့ရှ်၊ တရုပ်၊ အိန္ဒိယ၊ ထိုင်း တို့မှဖြစ်သည်၊ နိုင်ငံတကာမှ ကျွမ်းကျင်သူတို့၏ ပြည်ဝင်ခွင့်လျှောက်ထားမှုများကို ဆိုင်းငံ့ထားဆဲဖြစ်သည် စသဖြင့် ကုလသမဂ္ဂအရာရှိတစ်ဦးက ယနေ့ ပြောလိုက်သည်။
ကုလအရာရှိ Amanda Pittက “ကျမ နားလည်သလောက်တော့ မြန်မာအစိုးရက အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတောင်းလိုက်ပြီ။ ကျွမ်းကျင်သူ ၁၆၀ လောက်တော့ သူတို့ တောင်းထားတယ်။ အစိုးရရဲ့လုပ်ငန်းတွေကို အားဖြည့်ပေးဖို့ပေါ့လေ။” ဟု သတင်းထောက်များအား ရှင်းပြသည်။
ယမန်နေ့က ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဘုန်းကြီးကျောင်းတစ်ကျောင်း မြင်ကွင်း (ဓာတ်ပုံ Getty Images)

ဘိုကလေးမြို့နယ် တစေ့တစောင်း (ဓာတ်ပုံAFP)

ဘိုကလေးမြို့ မြင်ကွင်းအချို့ (ဓာတ်ပုံ AP)
မြန်မာပြည် မုန်တိုင်းဒဏ် ထပ်မံခံရဖွယ်ရှိဟု ကုလသမဂ္ဂပြော (AP)

နောက်ထပ်မုန်တိုင်းတစ်ခု မြန်မာနိုင်ငံအနီးတွင် ဖွဲ့တည်နေကြောင်း ကုလသမဂ္ဂက ယနေ့ သတိပေးပြောကြားလိုက်သည်။
ကုလသမဂ္ဂ ပြောခွင့်ရ အမျိုးသမီး Amanda Pitts က မည်သည့် နေရာတွင် စတင်မည်၊ မည်သည့် အချိန်တွင် ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲမည်ကိုမူ ပြောဆိုခြင်းမပြုပေ။
တိုင်ဖွန်းသတိပေးချက်ဌာန (Joint Typhoon Warning center) ထံမှ ပေးပို့သည့် သတင်းဖြစ်သည်ဟု ဆိုသည်။ ထိုဌာနသည် ကုလသမဂ္ဂ မိုးလေ၀သဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
(နေ့ ၁၂း၀၀)
နိုင်ငံခြားသား ပြန်ပေတော့ (APသတင်းဌာန)

မုန်တိုင်းဒဏ်ခံရသူများကို သွားရောက်ကူညီမည့် နိုင်ငံခြားသားများ တားဆီးခံနေရသည်။ စစ်ဆေးရေးဂိတ်ရှိ လက်နက်ကိုင်ရဲများက နိုင်ငံခြားသား ကူညီရေးဝန်ထမ်းများ၊ သတင်းထောက်များကို လာလမ်းအတိုင်း ပြန်ခိုင်းနေသည်။ အမည်နှင့် နိုင်ငံကူးလက်မှတ်ပါအချက်အလက်များကို မှတ်ယူထားလိုက်သည်။
ကားမောင်းသူ (မြန်မာပြည်သား) များကို စစ်ဆေး မေးမြန်းမှု ပြုလုပ်ခဲ့သည်။
(နံနက် ၈းဝဝ)
လေဆိပ်တွင် စုပုံနေ(APသတင်းဌာန)

အရေးပေါ်ကူညီရေးပစ္စည်းများ ရန်ကုန်လေဆိပ်တွင် စုပုံနေသည်။ Boeing 747 လေယာဉ်ကြီးများပေါ်မှ အဆိုပါ ပစ္စည်းများကို သယ်ချပေးမည့် ယာဉ်နှင့်စက်ကရိယာများ မရှိပေ။ လေယာဉ်တစ်စီးပေါ်တွင် ပါရှိသည့် တန် ၆၀ မက လေးလံသော ကူညီထောက်ပံ့ရေးပစ္စည်းများကို သယ်ချရန် လူအယောက် ၂၀၀ အသုံးပြုနေသည်ဟု United Arab Emirates ကူညီရေးအဖွဲ့မှ Dubai Cares က ဆိုသည်။
ယမန်နေ့က ရန်ကုန်တွင် မိုးရွာခဲ့ပြီး လာမည့်ရက်များတွင်လည်း ရွာမည်ဖြစ်သည်။ နိုင်ငံတကာအကူအညီများကိုလမ်းဖွင့်ပေးမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် အဆိုပါပစ္စည်းများကို ဆက်လက် သိုလှောင်နိုင်သည့် အဆောက်အဦ အလုံအလောက်မရှိဟု ကူညီရေးအဖွဲ့ဝန်ထမ်းများက ပြောသည်။
(နံနက် ၈းဝဝ)
ယမန်နေ့က အစားအစာ ရရှိရန် စောင့်ဆိုင်းနေသော ဘိုကလေးမြို့နယ်မှ ဒုက္ခသည်များ (ဓာတ်ပုံAFP)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts