Uncategorized

Thiha Thu – Poem

၈၈၈၈ ပြည်သူ့အောင်ပွဲ
သီဟသူရ်
ဇူလိုင် ၂၅၊ ၂၀၁၃


လူပင်လယ်
လူလှိုင်း
လူတံတိုင်းကြီးတွေ
သမိုင်းအညစ် ဖျောက်ဖျက်ပစ်တဲ့
ရှစ်လေးလုံး။
ကျောင်းသား၊ ဘုန်းကြီး၊ ရဲနဲ့ စစ်သား
ဘိုးဘိုးဘွားဘွား ဦးဦးဒေါ်ဒေါ်
အကို အမ ညီ ညီမလေး
အခြောက်လေးတွေပါမကျန်
သမိုင်းဆိုးတွေတွန်းလှန်
စစ်ကြောင်းကြီးများ စစ်ကြောင်းကြီးများ စစ်ကြောင်းကြီးများ
ရဲတံခွန် လေကစား
ကြွားတလူလူ
ပြည်သူတရပ်လုံး အုံးအုံးကြွက်ညံ
ဒီမိုကရေစီသံ
မိုးယံချိမ့်အုံး
ရှစ်လေးလုံး။
၂၅ နှစ်ပြည့်ပြီ။
ပြည်သူတောင့်တ
ဒီမိုကရေစီလေသွေးစပြုနေပြီ။

ပြည်သူ့အောင်ပွဲကြီးတကား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts