Khaing Aung Kyaw သောင်းပြောင်းထွေလာ

Khaing Aung Kyaw (New York) – White Card Votes in Burma

အဖြူရောင်ကဒ်နဲ့  ကျုပ်တို့ အရပ် သွေးဆူအောင်- ဇာတ်ကခဲ့တယ်
ခိုင်အောင်ကျော် (နယူးယောက်)၊ ဇူလိုင် ၂၆၊ ၂၀၁၃
ပြောရရင်တော့ အောင်မင်းလွန်ရာ ကျမယ်လို့ ပြောတတ်ကြတယ် ။ ခုတော့ အောင်မင်းလွန်ချင်မှ
လွန်မယ် ။ ကျုပ်ကတော့ လွန်မှန်း သိပေမဲ့  မလွန်ဘူးထင်လို့  ပြောရတော့တာပါဘဲ ။ ကတယ်တော့ ကျုပ်ဆိုတဲ့  အကောင်ကလဲ တယ်မပြောချင်ဘူးဗျ ။ ခက်တာက မဟုတ်တာမြင်ရင် မနေနိုင်လို့ ဝင်ဝင် ပြောနေရတော့လဲ လူမုန်းသာအဖတ်တင်မယ် ထင်ပါ့ ။ မတတ်နိုင်တော့ဘူးလေ ။ ဒါက ကျုပ်တစ်သက်လုံး လုပ်လာခဲ့ တဲ့  နိုင်ငံရေးသီအိုရီနဲ့  ဆန့် ကျင်ဖက်ကိုးဗျ ။ ကျုပ်နဲ့ ဆန့် ကျင်ဖက်သီအိုရီ ပေါ်လီစီလိုင်းကို ရောက်သွားလို့ ကတော့ ကျုပ်ဖက်က ပြည်သူတွေရဲ့ မျက်နှာကို အိုးမဲ အသုတ်မခံရအောင် ပြောရတော့တာကိုး။
တကယ်တော့ ကျုပ်တို့ ပြည်သူတွေဟာ သူတို့ နဲ့  ထိုက်တန်တဲ့ အစိုးရကို တကယ်ရခဲ့ တာဘဲလေ ။ အုပ်ချုပ်သူအစိုးရက န၀တ-နအဖ-စသည်ဖြင့် စစ်အာဏာရှင်တွေက ဆက်ပြီး အုပ်ချုပ်မင်းမူခဲ့ ကြတော့ ပြည်သူတွေခမြာ ကြောကော့အောင် ခံစားခဲ့ ရပါလား ။ ဒါပေမဲ့  ကျုပ်တို့ တတွေက ကောင်းကောင်းကြီး ဆန့် ကျင်နိုင်ခဲ့ ကြပါတယ်နော ။ ဒါ့ကြောင့်မို့ လဲ နအဖစစ်အစိုးရဟာ အရပ်သားအစိုးရဖက်ဆီသို့  ပြောင်းလဲ ပေးသွားသလို မူဝါဒတွေ ပေါ်လီစီတွေ ပြောင်းလဲသွားတယ်ပေါ့ ။ ဒါဟာ စစ်အာဏာရှင် ဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ရင်းစေတနာကောင်းရှိလို့  ပြုပြင်ပြောင်းလဲ သွားတယ် ဆိုတာ ကျုပ်ယုံပါတယ်။ ဒါ့ကြောင့်မို့ လို့  ကျုပ်တို့  ပြည်သူတွေရဲ့  အောင်ပွဲ တစ်ခုလို့  ပြောရင် မှန်လောက်တယ်ဗျ ။
ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့  သူရဦးရွှေမန်းက စစ်အာဏာရှင်-စစ်အစိုးရ စသည်တို့ ကို မခေါ်ဝေါ်ရ -မသုံးစွဲရလို့  တားမြစ်တာတွေ ကြားလိုက်ရသလားမသိ ။ ကျုပ်ကတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့ စစ်အာဏာရှင်-စစ်အစိုးရလို့ တော့ အာပေါက်အောင် ပြောရအုံးမှာပါ ။ ဒါပေမဲ့  လူဆိုတာ အားလုံးမှာ ကောင်းကွက်ချည်း မရှိသလို ဆိုးကွက်လဲ ထာဝရမရှိနိုင်ကြဘူးဆိုတာ ကျုပ်သိပါတယ် ။ လူသားတိုင်းဟာ အမှားနဲ့  မကင်းပေဘူးပေါ့ဗျာ ။ ဒီနေရာမှာ ကျုပ်ပြောချင်တာက အားလုံးမှန်တယ် ခင်ဗျားလို့  အော်နေတဲ့ လူတန်းစားတွေထဲမှာ ကျုပ်က မပါဘူးနော် ။ ကျုပ်တို့ က စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး နေ၀င်း-ဗိုလ်ချုပ်မှူးကြီးးသန်းရွှေ -ဗိုလ်ချုပ်ကြီး( ပြုတ် ) ခင်ညွန့် - နဲ့  စသည်ဖြင့် အခြားသော သူတို့ တွေက မကောင်းတာတွေ့ ရင်တော့ ဝေဖန်ပြောမှာပါဘဲ – ကောင်းတာတွေ့ ရင်တော့ ကောင်းပါတယ်လို့  လက်ခုပ်လက်ဝါး တီးပြီး အားရပါးရ ထောက်ခံပြောမှာပါနော် ။
တစ်ချို့ ကတော့ ပြောကြတယ်ဗျ ။ သူတို့ မှာ ကောင်းတာများ ဘာရှိသလဲတဲ့  ။ ဒါကတော့ ကျုပ်နဲ့  မတည့်ပြန်ဘူးပေါ့ ။ ကျုပ်စောစောကပြောသလို လူဆိုတာ အမှားနဲ့  ကင်းကြတာ မဟုတ်ဘူးလေဗျာ ။ အမှားတွေ ရှိတတ်ကြတာက လူ့ သဘ၀ကိုးနော ။
ဒါပေမဲ့  သူတို့ မှားတာက ငွေကြောင့်-အာဏာကြောင့်- မိန်းမကြောင့်-မူးယစ်ဆေးဝါးကြောင့်-စတာတွေကို ပြောရမယ်ဆိုရင် တစ်ခုခုနဲ့ တော့ ငြိစွန်းနေကြပါလိမ့်မယ် ။ အားလုံးထဲက တစ်ခုခုတော့ ရှိကြလိမ့်မယ်ထင်တယ် ။ ဒီတော့ အချိန်တန်လို့ နပိန်ကန်တော့ ညောင်းတဲ့ သူက ညောင်းနဲ့  ညောင်းကြရတာတွေကိုလဲ ရှေ့တင်တွေ့ ကြုံနေကြ မြင်နေကြရတာပါဘဲ ။ သံဝေဂ ရစရာပါ လေ ။ အနိစ္စအမြဲ မရှိ ဆိုတဲ့  တရားကို ဗုဒ္ဒမြတ်စွာ ဘုရားဟောကြားခဲ့ တာ တယ်မှန်သကိုးဗျ ။ ကျုပ်က တစ်ခါတလေ စဉ်းစားပါတယ် ။ ကျုပ်တို့ အရပ်မှာ ကျုပ်တို့  ဇတ်နဲ့  ကနေကြရတာ အဆင်များ ပြေရဲ့ လားလို့  ။ မပြေပေါင်ဗျာ ။ အဲဒီလို အဆင်မပြေတာ တွေ့ တော့ ကျုပ်ရင်နာတယ်ဗျ ။ ဒါ့ကြောင့်မို့ လို့  ကျုပ်ရင်နာတာ ကျုပ်ပြောရတော့မယ် ။ တကယ်က ကျုပ်တို့ က ရင်နာတယ်ဆိုတာ ကျုပ်ရဲ့  ကိုယ်ကျိုးစီးပွါး တစ်ခုလုံးကို ထိခိုက်နစ်နာသွားလို့  ကျုပ် တစ်ယောက်ထဲ ပေါက်ကွဲနာကျင်တာကို ပြောတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ ။
ကျုပ်တို့ လုပ်လာခဲ့ တဲ့ နိုင်ငံရေးဟာ အတိတ်ကို အခြေခံပြီး ပစ္စုပန်ကို သုံးသပ်-အနာဂါတ်ကို ရှူမြင်ကြည့်တာလေ ။ ကိုယ်ကျိုးစီးပွါးကို ကြည့်ရာမှာ အမျိုးသားကိုယ်ကျိုးစီးပွါးကို ကြည့်ပြီး လုပ်တဲ့  အမျိုးသားနိုင်ငံရေးကို ကြည့်ပြီး လုပ်တဲ့  နိုင်ငံရေးကို ပြောတာဗျ ။ ခုတော့ဗျာ ။ ကျုပ်တို့ အရပ်မှာရှိတဲ့  အစိုးရက တကယ့်ဟန်ဆောင် လိမ်ညာပြီး သနပ်ခါးပါးကွက်ကြားနဲ့  ရာဇပလ္လင်ပါ် ခွထိုင်တက်နေတဲ့ အစိုးရလို ဖြစ်နေပါပေါ့လား ၊ ကျုပ် ရင်ကျိုးအောင် ခံစားရပါတယ် ။ ကျုပ်မျက်ရည်ဝဲစွာ နာကြင်ရပါတယ် ။ ကျုပ်ရင်ဘတ်ထဲ ဒေါသတွေ အလိမ့်လိမ့် တက်လာနေပါတယ် ။ ကျုပ်တို့ အလိမ်ခံနေရတာ များပြားလှပါပြီကော ။
ဒီတော့ ကျုပ်ပြောမယ် ။ နယူးယောက်ကို လာတဲ့  သမ္မတ အကြံပေးအဖွဲ့ ဝင်တွေနဲ့  ကျုပ်တွေ့ ပါတယ် ။ အဲဒီအချိန်မှာ သူတို့ တွေက ရခိုင်ပြည်နယ် ပဋိပက္ခအထူးစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တင်တဲ့ အဖွဲ့ ခေါင်းဆောင်တွေပေါ့ ။ သမ္မတဦးသိန်းစိန်က ကုလသမ္မဂ ညီလာခံကို တက်ရောက်လာတော့ အကြံပေးအဖွဲ့ နဲ့  ကျုပ်နဲ့  တွေ့ ဆုံကြတာပြောပါတယ် ။ ကျုပ်ကလဲ သံတွဲသား ကိုသန်းထွန်းအောင်ကို သက်သေအနေနဲ့  ကျုပ်ဘာပြောတယ်ဆိုတာကို နောင်တစ်ချိန်မှာ အရှုပ်အရှင်း မဖြစ်ရအောင် ခေါ်သွားတာဗျ ။ အဲဒီတွေ့ ဆုံပွဲမှာ ကျုပ်ပြောခဲ့ တာက ရခိုင်ပဋိပက္ခအထူးစုံစမ်းစစ်ဆေးရေး ကော်မီတီမှာ ဒေါ်သန်းသန်းနု ပါဝင်တယ်ဆိုတာကို ကျုပ်ကမကြိုက်သလို ရခိုင်လူမျိုးတွေကလဲ လက်မခံဘူးဆိုတဲ့ အကြောင်း ကျုပ်ပြောတယ် ။
ဘာကြောင့်ဆိုရင် တစ်ချိန်က ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုဟာ မူဆလင်ကုလားတွေကို ဖဆပလ မဲအနိုင်ရရှိပြီး အစိုးရဖွဲ့ နိုင်အောင် နိုင်ငံရေးကို ကဘောက်တိ ကဘောက်ချာ လုပ်ခဲ့ တဲ့  နိုင်ငံရေးဇတ်ပျက်သမားလေဗျာ ။ သူလုပ်ခဲ့ တဲ့  အမဲစက်ကို သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းက ရှင်းလိုက်တဲ့ အခါကျမှ ငြိမ်သွားတာဗျ ။ ဒီနေရာမှာ သွာေးလသူဗိုလ်ချုပ်ကြးနေ၀င်းကတော့ ကျုပ်ရဲ့  လက်ခုပ်လက်ဝါးတီးလို့  ဂုဏ်ပြုခံရသူပေါ့ဗျာ ။ ဒါတွေဟာ လွန်ခဲ့ တဲ့  နှစ်-၆၀-ပတ်ဝန်းကျင်က အခြေအနေတွေပေါ့နော် ။ ခုချိန်မှာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့  ဒဏ်ကို နယူးယောက်မှာ ကျုပ်က ဒေါ်သန်းသန်းနုကို ထိခိုက်အာင် ပြောရပြန်တော့ စိတ်မကောင်းလဲ မတတ်နိုင်တော့ဘူး ။ ကျုပ်က အမျိုးသားချစ်စိတ်နဲ့  ပြောရတာလေဗျာ ။ ကျုပ်ပြောတကို ဒေါ်သန်းသန်းနုကလဲဘဲ နားလည်ခွင့်လွှတ်ပေးမှာပါ ။ ကျုပ်ပြောချင်တာက တစ်ခါက ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက အကြီးကြီးမှားခဲ့ ပြီ ။ ဒီအမှားကို ခုခေတ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ စမြုန့် ပြန် ပြောဆိုနေကြရတာဟာ သူ့ အပေါ်ကိုဘဲ အပြစ်ပုံချနေတာများ ဖြစ်နေပြီလားလို့  ကျုပ်စဉ်းစားဖူးပါတယ် ။
ခုတော့ ကျုပ်စဉ်းစားတာတွေ မှန်နေပြီဗျို့  ။ ဒါ့ကြောင့်မို့ လို့  ဒေါ်သန်းသန်းနုဟာ ကျုပ်ရဲ့  ဒီဆောင်းပါးကို ဖတ်ရတဲ့ အခါ မုချနားလည်ခွင့်လွှတ်နိုင်လိမ့်လို့  ထင်ရကြောင်းပါဗျာနော ။ ဒေါ်သန်းသန်းနုနဲ့ လဲ ကျုပ်က နယူးဒေလီမှာ ဆုံခဲ့ တော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်စကား ပြောလို့ ရသားဗျ ။ ကျုပ်စဉ်းစားထားတာတွေ မှန်နေပြီ ဆိုတာကို ကျုပ်ပြောမယ် ။ မနေ့ တစ်နေ့ က ၀န်ကြီးဦးခင်ရီက သမ္မတဦးသိန်းစိန် အနားကနေပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာတွေနဲ့  ပတ်သက်လို့  ပြောရမှာ စကားလုံးဝေါဟာရတွေက ကျုပ်မကြိုက်တာ ပါလာတာတွေ့ သဗျ ။ ဗွီဒီိယိုမှာတော့ အဲဒီအသံဖိုင်က ရှိနေပြီ ။ သတင်းစာမှာတော့ အဲဒီဘင်္ဂလီတိုင်းရင်းသား ဆိုတဲ့  စာသားကတော့ မပါဘူးပေပေါ့ ။ ကံကောင်းလို့  သတင်းစာသမားတွေက အဲဒီအပိုဒ်ကို တရားဝင် မဖေါ်ပြလို့  ။ ဖေါ်ပြခဲ့ ရင်တော့ ၀န်ကြီးဦးခင်ရီကို တော်တော်လေး ဝေဖန်ပြောဆိုကြမှာ သေချာပါတယ် ။ ကျုပ်ထင်ပါတယ်။ ၀န်ကြီးဦးခင်ရီဟာလဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးသာရှိတယ်ဆိုတာ ကျုပ်နဲ့  နယူးယောက်မှာ လူထုတွေ့ ဆုံပွဲမှာ တွေ့ တုံးက မေးမြန်းရာမှာလဲ ပြောဆိုခဲ့ သူပါဗျာ ။ ခုမှ ဘာကြောင့် လျှာယားပြီး ပြောဆိုတာလဲ ဆိုတာတော့ ကျုပ်က မရှင်းမရှင်းဖြစ်မိတယ်ဗျာ ။
ကျုပ်ကတော့ ၀န်ကြီးဦးခင်ရီကို အဲဒီလို မပြောစေချင်ဘူး ဗျ ။ အစိုးရ၀န်ကြီး တစ်ဦးဖြစ်လို့ လဲ စကားပြောဆိုရာမှာ ပိုသတိထားပေးဖို့ လိုကြောင်း စေတနာကောင်းနဲ့ ဒီနေရာက မှာကြားလိုက်ပါတယ် ။
ပိုအရေးကြီးတဲ့  ၀န်ကြီးဦးခင်ရီရဲ့  ပြောဆိုချက်တစ်ခုကို ပြောပြပါ့မယ်ဗျာ ။ မည်သည့်နိုင်ငံသားဟု မဖေါ်ပြနိုင်သော သူများကို အဖြူကဒ်ပေးထားပြီး ၄င်း အဖြူကဒ် ကိုင်ဆောင်သူများကို မဲပေးခွင့် ပေးထားခဲ့ ပါတယ် တဲ့  ။ ဒီတော့ ကျုပ်ပြောမယ်ဗျာ ။
 ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ခုလို ဖေါ်ပြထားတာတွေကို ကျုပ်လေ့လာထားတယ်ဗျ ။
ပုဒ်မ္မ- ၃၄၅–
( က ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဖနှစ်ပါးမှ မွေးဖွားသူ ။
( ခ) ဤဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌန်းသည့်နေ့ တွင် ဥပဒေအရ နိုင်ငံသားဖြစ်သူ ။
ပုဒ်မ္မ-၃၆၉-
နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံပါအခြေခံဥပဒေနှင့်ဖြစ်စေ ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့် ကျင်လျှင် ပြည်သူ့ လွှတ်တော် ၊ အမျိးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် သို့ မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်နှင့် ရွေးကောက်တင်မြှောက်ခွင့်ရှိသည် ။
( ခ) သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ။
ပုဒ်မ္မ- ၃၉၄-
( က ) ပြည်ထောင်စုနယ်မြေ သို့ မဟုတ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌန်း၍ သတ်မှတ်ထားသော ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကိုသာ ရွေးကောက်တင်မြှောက်ခွင့်ရှိသည် ။
ပုဒ်မ္မ-၃၉၆-
(ခ )- သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နုံးခန့် တို့ က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည် ။
ဒါက မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖေါ်ပြထားတဲ့  နိုင်ငံသားဆိုတာကို ရှင်းရှင်းလင်းလင်း ပြဋ္ဌန်းထားတာဖြစ်တယ် ။ ဒီတော့ မြန်မာစာဖတ်တတ်တဲ့ သူတွေမို့  ကျုပ်က ဒီအကြောင်းအရာကို အကျယ်တ၀င့် အဓိပ္ပယ် မဖွင့်တော့ဘူးဗျာ ။
အခု ဖေါ်ပြမှာက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့  မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဘာသာရေးပေါင်းစုံ ညီညွတ်ရေးအဖွဲ့ မှ နာယကများ-ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဇူလိုင်လ-၂၃-ရက်-၂၀၁၃-နေ့ မှာ တွေ့ ဆုံစဉ် ၀န်ကြီးဦးခင်ရီကရဲ့  တင်ပြချက်ထဲက လိုအပ်တာ ဖေါ်ပြလိုက်ပါတယ် ။
“ ခုနေကပြောခဲ့ တဲ့  အချက်အလက်တွေနဲ့  ပြည့်စုံမယ်ဆိုရင် ( ၁၉၈၂) ခုနှစ် ဥပဒေနဲ့  ညီညွတ်တယ်ဆိုရင် -Nationalized Citizenship- -ပေးပါတယ်- ဒီလိုဖြစ်ပြီဆိုရင် အလိုအလျှောက် တတိယမျိုးဆက်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ် ။ လောလောဆယ် ဘယ်နိုင်ငံသားမှန်း မသိတဲ့  သူတွေကို ကျွန်တော်တို့ ဆီမှာ ၀ှိုက်ကဒ် ( White Card ) အဖြူရောင်ကဒ် ပေးပါတယ် ။ မည်သည့်နိုင်ငံသားလို့  အဆုံးအဖြတ် မပေနိုင်သလို သူကိုယ်တိုင်ကလဲ မည်သည့်နိုင်ငံသားလို့  အထောက်အထားမပြနိုင်တဲ့  သူများကို ကျွန်တော်တို့ နိုင်ငံမှာ နေခွင့်ပေးပါတယ် ။ ကျောင်းနေခွင့်ပေးပါတယ်- မဲထည့်ခွင့် ပေးထားပါတယ် ။ ကျွန်တော်တို့ အနေနဲ့  နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ အညီ ဆောင်ရွက်နေတယ်ဆိုတာ တင်ပြချင်ပါတယ် “
ဒီလို ၀န်ကြီးဦးခင်ရီတင်ပြတဲ့ အခါ ကျုပ်က သေသေချာချာ လော့လာဆည်းပူးရသဗျ ။ ကျုပ်က ရှင်းရှင်း ပြောရမယ် ဆိုရင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံသူမှ မဟုတ်တာဘဲလေ ။ ဒါပေမဲ့  လက်မခံသူမို့ လို့  မလေ့လာသေး-မဖတ်ရသေးဆိုတဲ့  လူစားမျိုးမှာ ကျုပ်က မပါဘူးပေါ့ဗျာ ။ စောစောက ပြောသလို ဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလဲ ကောင်းကွက်တွေ ပါတယ်လေ ။ ကျုပ်က အဆိုးမြင် သမားမဟုတ်ဘူးလို့  ပြောထားပါတယ် နော် ။ ဒီလိုနဲ့  ကျုပ် စကား ဆက်ပြောပါ့မယ် ။ ပြည်ထောင်စုသမ္မတမြန်မာနိုငိငံတော်မှာ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံက အသက်သွေးကြောဗျ ။ ဒီအသက်သွေးကြောကို သူတို့ မို့ လို့  စက္ကူစုတ်လို လုပ်ချင်ရာ လုပ်ချလိုက်တာဗျာ ။ ကျုပ်က သူတို့ အစား ရင်နာလွန်းမိတယ် နော ။
နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ရဲ့  ရပိုင်ခွင့်များနဲ့  တာဝန်ခံပိုင်ခွင့်များဆိုတာ ဖေါ်ပြထားတယ်လေ ။ နိုင်ငံသားတစ်ယောက်ဟာ သူ့ နိုင်ငံတော်ကို သစ္စာခံရတယ် -နိုင်ငံတော် အလံကို အလေးပြုရတယ် ဗျ ။ ။ ခုတော့ ၀န်ကြီးဦးခင်ရီ ပြောသလို မည်သည့်နိုင်ငံသားရယ်လို့  အသိအမှတ် မပြုတဲ့  သူတွေကို မဲထည့်ခွင့် ပေးထားပါတယ် ဆိုတာကို ကျုပ်ကြားရတော့ အံ့အားသင့်မိတယ် ။ ပြီးတော့ ကျုပ်က ၀န်ကြီးဦးခင်ရီကိုလဲ အထူးကျေးဇူးတင်မိကြောင်းပါလို့  ပြောချင်သေးတယ်ဗျို့ ။ ဘာကြောင့်ဆိုရင် သူက ၀န်ခံလိုက်ပြီကိုး ။
ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက သူတစ်ဦးတည်း မူဆလင်ဘာသာဝင် ဘင်္ဂလီကုလားတွေကို ဖဆပလ မဲအနိုင်စေချင်လို့  နိုင်ငံရေးမှာ တစ်ဦးတည်း အမဲစက်နဲ့ အဆဲခံနေရတယ် ။ ခုတော့ ဘင်္ဂလီကုလားတွေကို စစ်အာဏာရှင် နအဖအစိုးရလက်ထက်က ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲအနိုင်ရရှိစေဖို့  အဖြူရောင်ကဒ် ထုတ်ပေးပြီး မဲပေးပိုင်ခွင့် ပေးခဲ့ တယ် ဆိုတာ ၀န်ကြီးဦးခင်ရီက ၀န်ခံ ထုတ်ဖေါ်ပြောလိုက်ပြီပေါ့ ။ အဲဒီလို အဖြူရောင်ကဒ်က နိုင်ငံသား မဟုတ်ပါဘဲနဲ့  နိုင်ငံသားတစ်ဦးရဲ့  အခွင့်အရေးဖြစ်တဲ့  မဲပေးပိုင်ခွင့်နဲ့  ဘယ်လိုနည်းနဲ့ မှ တန်းတူအခွင့်အရေးဆိုတာ မရနိုင်ဘူးဗျာ ။ ဒါဟာ ဘယ်နိုင်ငံမှာမဆို ခွဲခြားဆက်ဆံထားတဲ့  ဥပဒေပါဗျာ ။ မည်သည့်နိုင်ငံသားလို့  အစိုးရက အသိအမှတ် မပြုသူကို ဘာကြောင့်များ မဲပေးခွင့်ပေးရသလဲဗျ ။ ဒါကနိုင်ငံတကာ စံချိန်စံညွန်း မဟုတ်ဘူးလေ ။
ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ် ။ ဒါဟာ သမ္မတဦးသိန်းစိန် အစိုးရက ပြုလုပ်တာ မဟုတ်ဘူး ။ ယခင် စစ်အာဏာရှင် ဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  လုပ်ရပ်ဖြစ်တယ် ဆိုတာ သိသာနိုင်တယ် ။ ဒါ့ကြောင့်မို့ လို့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ တာဝန်အပြည့်အ၀ရှိတယ် ။ ဒီတော့ ဗ်ုလ်ချုပ်မှုမှူးကြီးသန်းရွှေကလဲဘဲ အစိုးရပိုင်းမှာ တာဝန်မရှိပြန်ဘူးလို့  သမ္မတဦးသိန်းစိန် အစိုးရရဲ့  သက်ဆိုင်ရာဝန်ကြီးများက ထုတ်ဖေါ်ပြောဆိုချက်အရ ဒီပြသနာကို သမ္မတဦးသိန်းစိန်က ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ် ။
ပထမဦးစွာ ဖြေရှင်းရမှာက မည်သည့်နိုင်ငံသားလို့  အသိအမှတ် မပြူသူ များကို မဲဆန္ဒရှင် အဖြစ် ပြုလုပ်ခြင်းဖြစ်တာကို ရှင်းရမှာဖြစ်တယ် ။ ဒုတိယအချက်က အဲဒီလို မဲပေးပိုင်ခွင့်ပေးတာဟာ -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ နိုင်ငံသားဥပဒေကို ချိုးဖေါက်ရာကျတယ် ဆိုတာကို ရှင်းရမှာဖြစ်တယ် ။ ဒီတော့ခါ ပထမ အချက်ဖြစ်တဲ့  နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့် ပြုလိုက်တာဟာ လုံးဝ သဘာဝကျတာမဟုတ်ဘူးဆိုတာ ပြောချင်တယ် ။ ဒါဟာ ကြံ့ဖွံ့ပါတီ မဲအနိုင်ရရှိစေဖို့  မဲခိုးမဲလိမ်တာဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့  အဲဒီမဲတွေကို ပယ်မဲ အဖြစ် သတ်မှတ်ရပါလိမ့်မယ် ။ ရခိုင်ပြည်နယ်တ၀န်းမှာ မည်သည့်နိုင်ငံသားလို့  အသိအမှတ် မပြုတဲ့  သူတွေက မဲပေးလိုက်တာဟာ ပယ်မဲဖြစ်တာမို့ လို့ ပယ်မဲကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူများဟာ တရားမ၀င်တော့ဘူးဆိုတာ တိတိကျကျ ပြောရတော့မှာဖြစ်တယ် ။ ကျုပ်ပြောနေတာဟာ မြန်မာနိုင်ငံအစိုးရကို သန့် ရှင်းသောအစိုးရဖြစ်အောင် စေတနာကောင်းနဲ့  အကြံပေးနေတာဖြစ်တယ် ဆိုတာ အကြွင်းမဲ့  ယုံကြည်စေချင်ပါတယ် ။
အဖြူကဒ်ဟာ နိုင်ငံသား မဟုတ်ဘူးလို့  ၀န်ကြီးဦးခင်ရီက ၀န်ခံပြီးပြီဘဲ ။ နိုင်ငံသားမဟုတ်သူဟာ မဲပေးခွင့်ရတာကိုက နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ တစ်ခုလုံးကို အမှိုက်ပုံမြောင်းထဲကို ရောက်သွားစေတာပါဘဲ။ မောင်တော-ဘူးသီးတောင်မြို့ နယ်မှာ နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပေးတာဟာ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီရဲ့  ညစ်ပတ်မှုများ ဖြစ်တယ် ။ ဒီညစ်ပတ်မှုများကို သမ္မတဦးသိန်းစိန် အစိုးရက သန့် ရှင်းသော အစိုးရ-ကောင်းမွန်သောအစိုးရလို့  ဖြစ်စေချင်ရင် ဒီနိုင်ငံသားမဟုတ်သူ အဖြူရောင် မဲများကို ပယ်မဲ အဖြစ် ပြုလုပ်ပေးဖို့ လိုလိမ့်မယ် ။
တစ်ချိန်တည်းမှာဘဲ အဲဒီတရားမ၀င် မဲကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့  ဦးရွှေမောင်အပါအ၀င် သုံးဦးသော သူတို့ ကိုလဲ သူတို့ ရရှိခဲ့ တာဟာ ပယ်မဲကြောင့်မို လို့  ချက်ချင်း လွှတ်တော်ထဲကနေ မောင်းထုတ်လိုက်ဖို့  အချိန် ကျရောက်နေပြီဖြစ်တယ် ။ မဟုတ်ရင်တော့ ကျုပ်တို့ အရပ်မှာ အဖြူရောင်ကဒ်နဲ့  သွေးဆူအောင် ဆက်လုပ်နေမယ်ဆိုရင်တော့ကာ ဒီမီးက ဘယ်တော့မှ ငြိမ်းလေလိမ့်မှာ မဟုတ်ဘူးလို့ ကျုပ် ပြောလိုက်ပါရစေဗျာ ။

ခိုင်အောင်ကျော် ( နယူးယောက် )
(Photo – ၂၀၁၃၊ ဧပြီလက အမေရိကန်ပြည်ခရီးစဉ်မှာ ၀န်ကြီး ခင်ရီနှင့်အတူ တွေ့ရသည့် စာရေးသူ၊ သူ့ဖေ့စ်ဘွတ်က ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts