>ဆန်စေဵးတက်၊ အာရသြားတိုႚ ဆန်ဝယ်စု

>

ကမ္ဘာဆန်ဈေး ၂ ဆ ခုန်တက်၊ အာရှသားတို့ ဆန်ဝယ်စု
မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၂၂၊ ၂၀၀၈

ယခင်အပတ်က စပြီး လောင်စာဆီဈေး တက်လာပြီးနောက် ကမ္ဘာဆန်ဈေးကွက်တွင် ဆန်ထုတ်လုပ်သူ အာရှနိုင်ငံများအတွင်း မူဝါဒ အပြောင်းအလဲများ၊ ဈေးကွက် တောင်းဆိုမှုများပေါ်မူတည်ပြီး ဆန်ဈေး ၂ ဆ (အချို့သတင်းများအဆိုအရ – ၅၀ ရာခိုင်နှုန်း) ထိုးတက်သွားသည်။

မြန်မာပြည်ကမူ ဆန်ဈေးကို စပါးပေါ်ချိန်တွင် ဈေးနှိမ်ထိမ်းချုပ်ပြီး လယ်သမားများအပေါ် စစ်အစိုးရ အသိုင်းအ၀ိုင်းက အမြတ်ကြီးစား ထုတ်ရန်မှာ ဒီနှစ်တွင် ဖြစ်နိုင်ချေ နည်းသွားပြီဟု ဆိုသည်။ ဖိလစ်ပိုင် နိုင်ငံတို့က အစပြုပြီး စပါးအထွက်ကျ၊ ဆန်ထုတ်လုပ်မှု ထိခိုက်သည်က အစပြုပြီး အိန္ဒိယ၊ တရုတ်နှင့် အခြားအာရှနိုင်ငံများက အတိုင်းအတာဖြင့် ဖြန့်ချိသွားရန် ပြင်ဆင်ကြသည့်နောက်ပိုင်း အာရှနိုင်ငံများတွင် အဓိကရိက္ခာဖြစ်သော ဆန်မှာ စိုးရိမ်တကြီး ၀ယ်စု၊ ၀ယ်လှောင်စရာ ကုန်ပစ္စည်းဖြစ်လာသည်ကို တွေ့ရသည်။

အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှသားအများစု နေထိုင်ကြရာဖြစ်သဖြင့် ဆန်ဈေးများ တက်သွားသည်အတွက် အများအပြားမှာ စိတ်လှုပ်ရှားကုန်ကြသည်ကိုတွေ့ရသည်။ တချို့မှာ လက်ကားဆိုင်ကြီးများ (Costco) သို့ အပြေးလာရောက်ပြီး ဆန်အိတ်များကို အများအပြား ၀ယ်ယူကြသဖြင့် အကန့်အသတ်နှင့် ရောင်းချပေးရန် စီစဉ်နေရကြောင်း ဒေသခံ သတင်းဌာနများအဆိုရ သိရသည်။

ဓာတ်ဆီဈေးမှာလည်း ထိုဒေသတွင် ၁ ဂါလံ ၄ ဒေါ်လာနှင့် အထက်သို့ တဖြေးဖြေးတက်နေရာ စားသောက်ကုန်များဈေးသည်လည်း ပို့ဆောင်ရေးစရိတ်နှင့် အချိုးတူ တရိပ်ရိပ်တက်လာသည်ဟု ပရိသတ်များက မှတ်ချက်ပေးသည်။ ကြက်ဥ ၅ ဒါဇင်ကို လက်ကားဈေး ၂ ဒေါ်လာမှ ၅ ဒေါ်လာ နီးပါး တက်သည်ကို ထောက်ပြကြသည်။ သို့သော်လည်း မြန်မာပြည်က မြန်မာများကဲ့သို့ ဓာတ်ဆီများ ၀ယ်စုကြသည်ကိုတွေ့ မတွေ့ရသေးဟု ပြောသည်။

၂၀၀၇ ကတည်းက စီးပွားရေး ကျဆင်းမှု သိသာလာသော အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ မပြီးသေးသဖြင့် အားလုံးက ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်နေကြကြောင်း၊ Recession ဟုဆိုသော စီးပွားပျက်ကပ်ကို လူတိုင်းက ရှောင်လွဲလိုကြောင်း၊ ယခုအချိန်တွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ အိမ်ဈေးကွက်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကျဆင်းလာသည်ကိုတော့ မငြင်းနိုင်ကြောင်း စသည်ဖြင့် အကဲခတ်သူတဦးက ဆိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts