>ကမ်ုးကည့်ငကြ် အင်အားတိုး

>

နိုင်ငံရပ်ခြားမြန်မာများရဲ့ ကမ်းကြည့်ငှက်ကွန်ယက် အင်အားများတိုးချဲ့
မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၂၁၊ ၂၀၀၈

၂၀၀၈ မတ်လက စတင်လို့ အမေရိကန်ပြည် အနောက်ခြမ်းမှ အရှေ့ခြမ်းဆီသို့ မိုင် ၃၀၀၀ ခြေလျင်လျှောက်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် ချီတက်နေတဲ့ မြန်မာအမျိုးသား ၂ ဦးကို ၀ိုင်းဝန်းအားပေးကူညီကြရန် ပြည်ပရောက် မြန်မာအနုပညာရှင်များ၊ စေတနာရှင်များ စုပေါင်းပြီး လုပ်အားနဲ့ ရန်ပုံငွေ ရှာဖွေရေး ကွန်ယက်တခု ကို ဧပြီလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ကို ပြောင်းရွေ့ခိုလှုံလာတဲ့ ကဗျာဆရာအောင်ဝေးရဲ့ တိုက်တွန်းနှိုးဆော်မှုက အစပြုပြီး ကမ်းကြည့်ငှက် အမည်နဲ့ ၀ိုင်းဝန်းကူညီအားပေးကြဖို့ မြန်မာအနုပညာရှင်များနဲ့ မြန်မာအရေးတက်ကြွသူ မြန်မာစေတနာရှင်များ စုဝေးမိကြတယ်လို့ ဆိုပါတယ်။

ယခုလောလောဆယ် တတ်စွမ်းသလောက် အားပေးမယ်ဆိုပြီး စာရင်းသွင်းထားတဲ့ သူတွေကတော့ –

မောင်စွမ်းရည် ( နယူးယောက်)
မာမာအေး. (ဖို့ ဝိန်း)
မောင်စိုးချိန် (ဖို့ ဝိန်း)
လားရှိုးသိန်းအောင် ( တက်ခ်ဆပ်)
အောင်ဝေး ( မီချီကန်)
မောင်ရစ်(မိုးမခ မီဒီယာ) (ဆန်ဖရန်စ္စကို)
မေစန္ဒာစိုးညွန့် (နယူးယောက်)
ဦးဃောသိတ (ရွှေဝါရောင် တော်လှန်ရေး၊ နယူးယောက်)
တင်မိုးလွင်( နယူးဂျာစီ)
နေတင်မြင့် (ကယ်လီဖိုးနီးယား )
ဝိုင်မြစ်ချို (ကိုရီးယား)
ရဲရင့်သက်ဇွဲ (ဂျပန်) နှင့်
မသဒ္ဓါ ( http://thadar.blogspot.com/) ပါဝင်ပါတယ်။ နောက်ထပ်တိုးလာတဲ့ စေတနာရှင်တွေ စာရင်းကိုလည်း ထုတ်ပြန်ပေးနေပါဦးမယ်တဲ့။

ယခု မြန်မာ့အရေး မိုင် ၃၀၀၀ ခြေလျင်ခရီးရှည်ချီတက်သူ ၂ ဦးဟာ နောက် ၃ ရက် ဆိုရင် နီဘရာစကာပြည်နယ်ကို ၀င်ရောက်တော့မယ်လို့ သိရပါတယ်။ သူတို့တွေရဲ့ မေတ္တာရပ်ခံချက်တခုကတော့ မြန်မာအရေးကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာဖို့ အားလုံးဝိုင်းလုပ်နိုင်တဲ့ လှုပ်ရှားမှုတခုကို ဖော်ဆောင်ကြဖို့ပါ။ လွယ်အိတ်တွေ ဘယ်သွားသွား လွယ်သွားကြဖို့ပါတဲ့။ ပြည်တွင်းကော ပြည်ပမှာပါ လွယ်အိတ်ကို အမျိုးသားရေးအတွက် စိတ်ဝင်စားတဲ့ သင်္ကေတအဖြစ် ပြသတဲ့အနေနဲ့ လွယ်ကြဖို့ သူတို့က မေတ္တာရပ်ခံထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts