>ခင်မာအေး –ိံစြ် ၅၀ူပည့် ဝေဒနာ

>


နှစ် ၅၀ ပြည့် ဝေဒနာ
ဒေါ်ခင်မာအေး (၁၉၄၀ – ၂၀၀၈)

ဧပြီ ၁၆၊ ၂၀၀၈

မောင်ရေ …
လူ့ဘ၀မှာ အနေကြာ
နှစ် ၅၀ များတောင် ပြည့်ခဲ့ပေါ့
ခက်ထန်ကြမ်းတဲ့ နှစ်များမှာ
ခါးသက်တဲ့ ဝေဒနာဟာ
မေ့မှာ စွဲကပ်လို့ နေခဲ့ပြီ၊

ထမင်းစားလည်း ခါး
ရေသောက်လည်း ခါး
ဝါးသမျှ ခါး
စားသမျှ ခါးနဲ့
မြင်မြင်သမျှ ခါး လို့ချည်းနေတယ်။

စိတ်တွေလည်း ခါး
ရက်တွေလည်း ခါး
လတွေလည်း ခါး
နှစ်တွေလည်း ခါးနဲ့

အခါးရောဂါ ဝေဒနာကုသရေးမှာ
ဆေးခါးကြီးကိုသောက်
ပျောက်ပါ့မလား မောင်

တခါ တခေါက်တော့
“ချို” တဲ့ ရက်ကလေး ရောက်ချင်ပေါ့။ ။

၃၁-၇-၉၀
(နှစ်-၅၀-ပြည့် မွေးနေ့သို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts