>မိုးမခ ၀င်း – စစ်အစိုးရ၏ိုံင်ငံရေးမဲ့ လညြ့်ကက်ြမဵား

>

စစ်အစိုးရ၏ နိုင်ငံရေးမဲ့ လှည့်ကွက်များ
မိုးမခ ၀င်း

ဧပြီ ၁၊ ၂၀၀၈

“အခြေခံဥပဒေအတည်ပြုပွဲ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆန္ဒခံယူပွဲကို မေလမှာကျင်းပတော့ မှာဖြစ်ပါတယ်။ တပ်ထားတဲ့ခေါင်းစဉ်ကိုက “ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပွဲ” ဆိုတော့ ကန့်ကွက်ချင်သူတွေအတွက် နေရာမရှိသလိုဖြစ်နေပါတယ်။ ဒီတော့ စစ်အစိုးရ ဘာလုပ်လုပ် ကန့်ကွက်ဖို့ပဲ ပြင်နေကြတဲ့ ကျမတို့မြန်မာပြည်သူတွေခင်ဗျာ နည်းနည်းတော့ စဉ်းစားနေကြတယ်ရှင့်။

အခြေခံဥပဒေဆိုတာလည်း အခုထိ ကျမတို့လက်ထဲ မရောက်သေးဘူးဆိုတော့ ဘာတွေရေးထားသလဲ … ဘာတွေပါသလဲ … ဆိုတာကိုတော့ သိတော့သိချင်ပေမယ့် ဘာ ရေးရေး သူတို့ကို မုန်းတီးစက်ဆုတ်နေကြသူတွေဖြစ်လို့ ကောင်းတာပါလည်း၊ သူတို့ဖက်က မြူဆွယ်တာတွေချည်းပဲမို့ အကောင်းမပြောချင်ကြဖူးရှင်။

ဘာဖြစ်ဖြစ် သူတို့ကို ပါးစပ်နဲ့လည်း ကန့်ကွက်လို့ မရ၊ လမ်းပေါ် ဆန္ဒလည်းထွက်ပြလို့ မရ၊ အစာငတ်ခံပြလည်း ငတ်သေသေဆိုပြီး ပစ်ထားခြင်းခံထားရပြန်၊ ကိုယ့်ဆန္ဒတွေကိုလည်း သူတို့က လစ်လျှုရှုထား၊ ဒါ့အပြင် နည်းနည်းလေး မသင်္ကာရင်ကို ကောက်ဖမ်းပြီး ထောင်ထဲ နှစ်ပေါင်းများစွာ ချပစ်လိုက်သေးတယ်။ အဲသည်လို လူတွေကို လူလို ဆက်ဆံမခံရဘဲ နေလာရာကနေ အခုတခါမှာတော့ ကိုယ့်ဆန္ဒလေးကို လျို့ဝှက်စွာနဲ့ “ အင်း…. ” ကန့်ကွက်ပြလို့ရလည်း နည်းလားပေါ့ရှင်။

အဲသည်လို လူပြိန်းတွေး, တွေးလေးနဲ့ကျမတို့ မြန်မာပြည်သူပြည်သားများက ဟန်ပြင်နေကြပီရှင့်။ ကိုယ် ကန့်ကွက်တာ သူတို့ သိတာလိုက်လို့၊ သူတို့ မြင်တာလိုက်လို့ … အဲသည်လိုပဲ တွေးမိပါတယ်။

နိုင်ငံရေးတော့ နားမလည်ဖူးရှင့်။ ပြောရင်လည်း ခံရမှာပဲ။ စစ်အစိုးရကို မုန်းတီးတယ်၊ အဲဒါတော့ သေချာတယ်။ ရဟန်းသံယာတော်တွေကို လူမဆန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာ တသက်မမေ့ဘူး။ ဘယ်တော့မှ မမေ့ဘူး။ သူတို့ကို ဘယ်လို ကန့်ကွက်ရ၊ ဆန့်ကျင်ရမှန်းကိုမသိလို့ စောင့်ကြည့်နေခဲ့တာ ကြာလှပေါ့။ အခုတော့ အခွင့်အရေးရပြီရှင့်။ ကန့်ကွက်လို့လည်း ရတယ်တဲ့။ အဲဒါ သူတို့ ကိုယ်တိုင် ခွင့်ပြုထားတာ။ “အင်း…” ကန့်ကွက်တာကို လစ်လျှုရှုလည်း ရှုပေါ့လေ ။အဲဒါက သူတို့ အပိုင်းပေါ့နော့်။ ဘာပဲဖြစ်ဖြစ် သူတို့က လက်နက်နဲ့၊ အာဏာနဲ့၊ စစ်တပ်ကြီး တခုလုံး သူတို့ဖက်မှာ ရှိရှိပေါ့။ ကိုယ် ကန့်ကွက်တဲ့ ကြားထဲက သူတို့က ပြောင်းပြန်လုပ်ပစ်လိုက်လည်း အဲဒါက သူတို့အပိုင်းပေါ့။

ခေါင်းကျကျ၊ ပန်းကျကျ၊ သူတို့ပဲနိုင်မယ်လို့ အကွက်ချထားတဲ့သူတို့ ကုလားဖန်ထိုးထားတဲ့ ပွဲကို တန်ဆာခံတွေအဖြစ် ပါဝင်ကြရမယ့် မြန်မာပြည်သူလူထုကြီးကို ဂရုဏာဖြစ်မိပါတယ်။ ကိုယ်လိုရာဆွဲတွေးပြီး ကိုယ့်စိတ်ကလေး ကန့်ကွက်မဲလေးထည့်ပြီး ဖြေဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဘယ်လို အားပေးရမှန်းတောင် မသိဘူးရှင့်။

တချို့ကလည်း ထောက်ခံခံ ကန့်ကွက်ကွက်၊ သူတို့လက်ထဲ ကြိုက်တာ အကုန်လုပ်လို့ရနေမှ ဘာမှမထူးဘူးတဲ့။ သွားပြီး မဲပေးနေရတာကိုက ရှုံးနေပြီ ဆိုပဲ။ ခက်နေတာက မဲ သွား မပေးမနေရ ဆိုတဲ့ အခြေအနေမျိုးမှာ သွားတော့ မဲ ပေးရလိမ့်ဦးမယ်။ မဲ သွားပေးတဲ့နောက်တော့ တခုခုတော့ ထည့်လိုက်ဦးမှလေ။ ဘာထည့်ထည့် ဘာမှ မထူးတာတော့ ဟုတ်ချင်လည်း ဟုတ်ပေါ့။ အဲသည်လို စဉ်းစားတာတွေကလည်း မှန်သားပဲ။ ကိုယ်က တကယ်ကော လျို့ဝှက် စွာထည့်လို့ ရပါ့မလား ဆိုတာကလည်း စဉ်းစားထားရလိမ့်ဦးမယ်။

ကျမတို့မြန်မာပြည်သူပြည်သားအပေါင်းမှာ

စဉ်းစားတတ်တဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ နှလုံးသားနဲ့

မြန်မာပြည် နိုင်ငံရေးမဲ့ လှည့်ကွက်ထဲ

ကိုယ့်စိတ်ကလေး ဖြေဖို့အတွက်

“ဘာ” မဲ ထည့်ရမယ် ဆိုတာကိုတော့ …

စဉ်းစားနေကြပါကြောင်းကို အသိပေး တင်ပြလိုက်ရပါတယ်။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရယ်အသွယ်သွယ်ကို သတိနှင့်ယှဉ်ကာ တွန်းလှန်သွားနိုင်ကြပါစေ သတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts