>အဖၾဲႚခဵႂပ္ေဴပာခၾင့္ရ ဦူးမင့်သိန်း ကယ်ြလနြ်

>

အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် စင်္ကာပူတွင် ကွယ်လွန်

ဒီပီအေ သတင်းဌာန
မတ် ၂၉၊ ၂၀၀၈

မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးမြင့်သိန်း(အသက် ၆၂နှစ်)သည် စင်္ကာပူတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုက ပြောဆိုသည်။

သောကြာနေ့ညတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောပြသည်။ ဇန်န၀ါရီ ၃၁ ရက်မှ စတင်၍ အစာအိမ်ကင်ဆာရောဂါကို စင်္ကာပူအထွေထွေဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့သည်ဟု ဆိုသည်။

ဦးမြင့်သိန်းသည် ၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် ပါဝင်သူ ၃၀၀၀ ၀န်းကျင် အသက်ဆုံးရှုံးခဲ့သည်။

ဦးမြင့်သိန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော လွှတ်တောကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ ထိုသို့ရွေးကောက်ခံရပြီးနောက်ပိုင်းတွင် ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အကြိမ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် ထိန်းသိမ်းခံရစဉ်က ၃ နှစ်ကြာခဲ့သည်။

အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏လက်ထောက်တစ်ဦးဖြစ်ပြီး ၂၀၀၄ တွင် အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

ဦးမြင့်သိန်းသည် ထောင်ပေါင်းများစွာဖမ်းဆီးခံရပြီး ၃၁ ဦး သေဆုံးခဲ့သော ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန္ဒပြပွဲများအပြီးတွင် ထိန်းသိမ်းခံခဲ့ရသေးသည်။ နောက်ဆုံးအကြိမ် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ၁လ ကြာမြင့်ခဲ့သည်။ ထိုအချိန်မှစပြီး သူ၏ ကျန်းမာရေးစတင်ချို့ယွင်းလာသည်။ ပြန်လည်လွတ်မြောက်လာပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့သည်။

“သူက အရင်တုန်းက ကျန်းမာရေးကောင်းတယ်။ မကြာခဏ ထိန်းသိမ်းခံခဲ့ရတဲ့အတွက်ကြောင့်၊ ပြီးတော့ ထိန်းသိမ်းရေးစခန်းတွေမှာ ဆေးဝါးကုသမှုမပေးတာ၊ သင့်လျော်တဲ့အစားအစာမရှိတာတွေကြောင့် ကျန်းမာရေး ထိခိုက်လာတယ်၊ ရောဂါတွေ ၀င်လာတယ်” ဟု US Campaign for Burma အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုအောင်ဒင်ကဆိုသည်။

အစာအိမ်ကင်ဆာဖြစ်ပွားပြီးနောက်ပိုင်းတွင် စင်္ကာပူသို့ သွားရောက်၍ ကုသမှုခံယူနိုင်ရန် အာဏာပိုင်များက ခွင့်ပြုခဲ့သည်။


၁၉-၆-၂၀၀၆ နေ့က ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ရသော ဦးမြင့်သိန်း၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်(ဓာတ်ပုံ၊ မိုးမခ)

၂၀၀၃ ခုနှစ်က တို့ဗမာအစည်းအရုံး ရုံးခန်းတွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် တက်ရောက် စကားပြောနေသော ဦးမြင့်သိန်း (ဓာတ်ပုံ၊ မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts