>အဝေုးကည့်မနြ်ေူပ်ာငး – နေူပည်တော်ကို ငုံကည့်ူခင်း

>

မိုးမခတောထဲက သတင်းအပိုင်းအစများ – နေပြည်တော်ကိုငုံ့ကြည့်ခြင်း

အဝေးကြည့်မှန်ပြောင်း
မတ် ၂၃၊ ၂၀၀၈

နေပြည်တော်လေဆိပ်က အေလာမြို့သစ်(လယ်ဝေးမြို့နယ်) အေလာဘူတာရုံဘေးမှာ ရှိပါတယ်။

နေပြည်တော်ကို စိတ်ဝင်စားမယ်ဆိုရင် the map of Naypyitaw (နေပြည်တော်မြို့တော်မြေပုံ) စာအုပ်ကိုလည်း စိတ်ဝင်စားမှာပါ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလမှာ ထုတ်ဝေခဲ့တာပါ။ မြေပုံစာမျက်နှာပေါင်း ၅၄ မျက်နှာနဲ့ ကြော်ငြာတွေ ပါဝင်ပါတယ်။

နေပြည်တော်မြို့မ နဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်တွေ ပါဝင်ပါတယ်။

မြေပုံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆိုတာကို မတွေ့ရပါဘူး။ နို့ပေမဲ့ အောင်ဆန်းကို ကိုယ်စားပြုတဲ့ ဗိုလ်ချုပ်လမ်း၊ ဗိုလ်တေဇလမ်း ဆိုတာတွေကိုတော့ တွေ့ရပါတယ်။

ဝန်ကြီးဌာနတည်နေရာတွေလည်း ဖော်ပြထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ မတွေ့ရပါ။

နယက/အစိုးရ/လွှတ်တော် ဆိုတဲ့အဆောက်အဦးကိုတော့ ချောင်းမကြီးဆည်နားမှာ တွေ့ရပါတယ်။ ၂၀ လမ်းသွား ကားလမ်းမကြီးဘေးမှာ ဖြစ်ပါတယ်။

ပထမအကြိမ် တည်းဖြတ်ပုံနှိပ်တဲ့ ဒီ နေပြည်တော်မြို့တော်မြေပုံ စာအုပ်ကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ Design Printing Services Co., Ltdတို့က စီစဉ်ပါတယ်။ အင်တာနက်ကနေ နေပြည်တော် အပေါ်စီးမြင်ကွင်းကို ကြည့်မယ်ဆိုရင် http://www.nationsonline.org/oneworld/map/google_map_Naypyidaw.htm ကနေဆို အဆင်ပြေမှာပါ။

မြေပုံစာအုပ်ရဲ့ အားသာချက်က လမ်း၊ အဆောက်အဦး၊ ကျေးရွာအမည်တွေပါရှိပါတယ်။

nationsonline.org ရဲ့ အားသာချက်ကတော့ မြင်ကွင်းတွေကို ပိုပြီးအနီးကပ် တွေ့ရခြင်းဖြစ်ပါတယ်။

ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း သုံးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ နေပြည်တော်မြို့တော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts