>သတင်းဂဵာနယ်အသစ် ထက်ြပေၞ

>

သတင်းဂျာနယ်အသစ်ထွက်ပေါ်၊ အင်တာနက်တွင်လည်းဖတ်ရှုနိုင်
မိုးမခအထောက်တော် ၀၀၃

မတ် ၁၆၊ ၂၀၀၈

Biweekly Eleven သတင်းဂျာနယ် အမည်ရှိ ဂျာနယ်အသစ်တစ်စောင် မြန်မာနိုင်ငံတွင် ထွက်ပေါ်လာသည်။ နာမည်ကျော် Weekly Eleven သတင်းဂျာနယ်ကို စီစဉ်ထုတ်ဝေသည့် ရန်ကုန်မြို့အခြေစိုက် Eleven Media Group (EMG) က ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

မတ်လ ၁၄ ရက်နေ့စွဲဖြင့် စတင်ထုတ်ဝေခဲ့သော Biweekly Eleven အတွဲ ၁၊ အမှတ် ၁ ကို EMG အင်တာနက်စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်သည်။ စာမျက်နှာပေါင်း ၃၉မျက်နှာ ပါရှိသည်ကို တွေ့ရသည်။

အရှိန်ရနေပြီဖြစ်သော Weekly Eleven တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စာမျက်နှာများ ပါဝင်ပြီး တနင်္လာနေ့တိုင်းထုတ်ဝေမည်၊ ယခုမှ စတင်သည့် Biweekly Eleven တွင် နိုင်ငံတကာသတင်း၊ စာပေ၊ အနုပညာနှင့်ဖျော်ဖြေရေး၊ အာကစား စသည့် အကြောင်းအရာများ ပါဝင်ပြီး ကြာသပတေးနေ့တိုင်း ထုတ်ဝေမည်ဟု သိရသည်။

EMG သည် အဆိုပါ သတင်းဂျာနယ်နှစ်စောင်အပြင် Premier Eleven (ဗုဒဟူးနေ့ထုတ်)၊ First Eleven (ကြာသပတေးနေ့ထုတ်) စသည့် နာမည်ကျော် အားကစားဂျာနယ် နှစ်စောင်ကိုလည်း ထုတ်ဝေလျှက်ရှိသည်။

EMGဂျာနယ်လေးစောင်လုံး၏ စီစဉ်သူ (Managing Editor)မှာ ဒေါက်တာသိန်းမြင့်ဖြစ်သည်။ EMG၏ အကြီးအကဲမှာ ဒေါက်တာသန်းထွဋ်အောင်ဖြစ်သည်။

ဒေါက်တာသန်းထွဋ်အောင်သည် စစ်အစိုးရကဖွဲ့ထားပေးသည့် မီဒီယာကို မီဒီယာနှင့် တုံ့ပြန်တိုက်ခိုက်မည့် စာနယ်ဇင်းသမားရှစ်ဦးပါ အဖွဲ့တွင် ပါဝင်ကြောင်း ဧရာဝတီသတင်းဌာန၏ ၂၀၀၆ ခုနှစ် မေလထုတ် သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ထိုစာနယ်ဇင်းသမားများမှာ ဂျာနယ်မဂွဇင်းအသစ် ထုတ်ဝေခွင့်များရရှိကြပြီး၊ အခြားဂျာနယ်များထက် အခွင့်အရေးပိုမိုရရှိကြသည်ဟု ဆိုသည်။

Biweekly Eleven တွင်ပါဝင်သူများ

Weekly Eleven တွင်ပါဝင်သူများ

First Eleven တွင်ပါဝင်သူများ

Premier Eleven တွင်ပါဝင်သူများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts