>ဖဒိုမန်းရြာ ကဵဆုံူးခင်း ၁ လူပည့် အမတ်ြတရ စကားမဵား


>

ပဒိုမန်းရှာလားဖန်းကွယ်လွန်ခြင်း တစ်လပြည့်အမှတ်တရ

မိုးမခ

မတ် ၁၄၊ ၂၀၀၈

ကွယ်လွန်သူ ပဒိုမန်းရှာလားဖန်း (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးအသားအစည်းအရုံး KNU)နှင့်ပတ်သက်ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဘက်ရဲဘော်များ၊ လေးစားသူများက အမှတ်တရ ရေးသားပြောဆိုခဲ့ကြသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

၁၉၈၄ ခုနှစ် မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဟာ ကေအန်ယူဗဟိုကော်မတီဝင် ဆရာကြီး ဦးစိုးအောင်ဖြစ်ပြီးတော့ ကေအန်ပီပီဥက္ကဋ္ဌ ဖဲဖူးဖဲက ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ စစ်ရေးတာဝန်ခံက ကေအန်ပီပီအထွေထွေအတွင်းရေးမှူး ခူးရီမာန်ထူးဖြစ်ပါတယ်။ မန်းရှာက ဒု စစ်ရေးတာဝန်ခံဖြစ်ပါတယ်။ ခေါင်းဆောင်မှုအစဉ်အရကြည့်ရင် မန်းရှာဟာ နံပါတ် (၄) အဆင့်မှာ ရှိပါတယ်။

မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ဟာ ၁၉၈၆ ခုနှစ်မှာ ကေအန်ယူဌာနချုပ် မာနယ်ပလောကို ပြန်ရောက်လာတဲ့အချိန်မှာ ဗကပနဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ခဲ့တဲ့အပေါ် မန်းရှာကို အရေးယူခဲ့ပါတယ်။ ဗဟိုကော်မတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ သာမာန်ရဲဘော်တဦးအဖြစ် ရောက်သွားပါတယ်။ မန်းရှာဟာ ဒီနိုင်ငံရေး လောကဓံကို အတော့ကို ခံစားရပါတယ်။

ဟိုးရှေ့တန်းတွေမှာ ကျောပိုးအိတ်တလုံးနဲ့ ရဲဘော် တယောက်ရဲ့တာဝန်ကို ထမ်းရွက်ခဲ့ရပါသေးတယ်။ အနိမ့်မှာ ၀ိုင်းထောင်းတတ်တဲ့ လောက သဘာဝအတိုင်း မန်းရှာကို ဒီထက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးဖို့ တချို့က ကြိုးစားကြပါ သေးတယ်။

မန်းငြိမ်းမောင်၊ KNU ခေါင်းဆောင်
http://www.khitpyaing.org/articles/feb_08/26-2-08_mannyeinmg.php

“ကျနော်မြင်တဲ့ ဖဒိုမန်းရှာက အင်မတန်မှ အရည်အချင်းရှိတဲ့ နိုင်ငံရေး၊ တော်လှန်ရေး သမားကောင်း တယောက် ဖြစ်ပါတယ်။

ရဲဘော် သံခဲ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဥက္ကဋ္ဌ

http://soneseayar.blogspot.com/2008/02/blog-post_14.html

၁၉၉၆ ခုနှစ်မှာ ABSDF ပြန်လည် ပေါင်းစည်းရေး ညီလာခံကို ထီးကပလယ် စခန်းမှာလုပ်တော့ သူပြောခဲ့တဲ့ မိန့်ခွန်းကို ကျနော်အမှတ်ရ နေပါသေးတယ်။ “လင်းယုန်ဆိုတာ မြင့်မြင့်ပျံတဲ့အချိန်ရှိသလို၊ နိမ့်နိမ့် ပျံရတဲ့အချိန်လည်း ရှိတယ်” တဲ့။ သူဆိုလိုတာက ပေါင်းစည်းရေးလုပ်လို့ အချို့ခေါင်းဆောင်နေရာ အပြောင်းအလဲ ဖြစ်ခဲ့ရင်၊ ညီညွတ်ရေးကြည့်ပြီး အနစ်နာခံရ သူတွေလည်း ရှိပါတယ်။ ဒီလူတွေကို အားပေးတာပါ။ တော်လှန်ရေးဟာ ရေရှည်သွားရမယ့်သဘောနဲ့ ကိုယ်နိမ့်နေတဲ့ ကာလ မှာလည်း စိတ်ရှည်ရှည်ထား ကြိုးကြိုးကုတ်ကုတ်လုပ်ဖို့ သူက အကြံပေးခဲ့တာပါ။

ယောဟန်အောင်၊ ABSDF ခေါင်းဆောင်ဟောင်း
http://yaw-han-aung.blogspot.com/

ဒီကေဘီအေ ခွဲထွက်သွားတဲ့ ကိစ္စမှာ “ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်။ နိုင်ငံရေးအားနည်းတော့ ရန်သူဟာ ကျနော်တို့အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်။ ယုတ်မာရက်စက်တယ် ဆိုတာကို မသိကြဘူး။ ကျနော်တို့ရဲ့ ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို အပြုတ်တိုက်ဖို့ ကြံစည်လုပ်ဆောင်နေတယ် ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး၊ နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်။ ကျနော်တို့ ကရင်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ၊ ဒီတခါ ကွဲတာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ”လို့ အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်း မှတ်မိနေပါတယ်။

ခိုင်မာကျော်ဇော၊ စာရေးဆရာမ
http://drlunswe.blogspot.com/

ကေအန်ယူ တပ်မဟာ ၆ တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်နဲ့ အုပ်စုဟာလည်း အလားတူ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူသွားခဲ့ပါတယ်။ သူတို့က ပဒိုမန်းရှာဟာ ကရင်တော်လှန်ရေးကို လျစ်လျူရှုပြီး မြန်မာတပြည်လုံးအရေး၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ကြ ပါတယ်။ ပဒိုမန်းရှာကတော့ ဒါကို မငြင်းပါဘူး။
ကရင့်အရေးဆိုတာ ပြည်ထောင်စုတခုလုံးအရေးနဲ့ ဆက်စပ်နေတယ်လို့ သူက ရှုမြင်ပါတယ်။ လူမျိုးစုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာ ဒီမိုကရေစီရေးနဲ့ တွဲဖက်နေတယ်လို့ သူလက်ခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်စီယူဘီ၊ ဒီအေဘီ စတဲ့ ပြည်ထောင်စုသားပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေခဲ့တဲ့ ပဒိုမန်းရှာတယောက် အခုလို လုပ်ကြံခံသွားရခြင်းဟာ ကရင့်တော်လှန်ရေးမှာသာမက၊ ပြည်ထောင်စုရေး၊ ဒီမိုကရေစီပေါ်ထွန်းရေးမှာပါ ကွက်လပ်ကြီးတခု ဖြစ်သွားတယ်လို့ဆိုရင် မှားမယ်မဟုတ်ကြောင်းပါ။

ဦးကျော်ဇံသာ၊ စာနယ်ဇင်းသမား
http://www.voanews.com/burmese/2008-2-15-knu-pado-mahn-shar.cfm

ဖထီးနဲ့ ပတ်သက်လို့ မမေ့နိုင်တဲ့ဟာကတော့ ဘယ်နေရာ ရောက်ရောက် ဖထီးမှာ ဝေါ့လ်ခ်မင်း ကက်ဆက်လေးနဲ့ အခွေ၂ခွေ အမြဲပါတယ်။ မာမာအေးရဲ့ မေ့ကွက်ကိုရှာ၊ ခင်ညွန့်ရည်ရဲ့ မိုးမခအလွမ်း။ ကရင်တစ်ယောက် ဖြစ်သော်ငြားလည်း ဗမာပြည်သူတွေအင်မတန်စွဲလန်းနှစ်သက်တဲ့ ဒေါ်မာမာအေးရဲ့အခွေက သူ့အိတ်ထဲမှာ အမြဲပါတယ်။

ဦးအောင်ကျော်ဇော၊ တရုပ်မြန်မာနယ်စပ်မှ စစ်ရေးလေ့လာသူ
၁၀-၃-၂၀၀၈ နံနက်၊ အာအက်ဖ်အေ

အမိမြေဟာ
ပထမလွတ်လပ်ရေးတိုက်ပွဲမှာလည်း
သမိုင်းရဲ့အချိုးအကွေ့ကြုံတဲ့အခါ
ပြည်သူ့သူရဲကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။

အခုတခါ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
သမိုင်းချိုးကွေ့
အောင်ပွဲနီးလာတဲ့အချိန်
ဖထီးကို
ကျနော်တို့ ဆုံးရှုံးလိုက်ရပြန်ပြီ။

အောင်ဝေး၊ ကဗျာဆရာ
http://sandaywe.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts