အုန်းနိုင်

Ohm Naing – Articles

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရှစ်လေးလုံးမှာ ဆန္ဒပြကြပြီ (၉)
အုန်းနိုင်
ဇူလိုင် ၂၉၊ ၂၀၁၃


ရန်ကုန် သတင်းတွေကတော့    သမတဦးစိန်လွင်ဖြစ်လာတာကြောင့်  ကျောင်းသားတွေက  ကန့်ကွက်ပွဲ တွေ ကြီးကြီးကျယ်ကျယ်  လုပ်ဖို့ တာစူ နေပါပြီ..။ဒီတခါတော့  ပြည်သူတွေပါ  ပါလိမ့်မယ်ထင်ပါတယ်..။သြဂုတ်လ (၂)ရက်ေ န့မှာ    ဦးစိန်လွင်ရဲ့  မိန့်ခွန်းတီဗီကနေ  လာပါတယ်..။သူကလည်းတိုင်းပြည်မှာ ဌာနအသီးသီး   ယိုယွင်းပျက်စီး နေတာကို  ပြင်ဖို့တိတိကျကျ  ပြင်းပြင်းထန်ထန်  လုပ်မယ်လို့ဂတိ ပြုလိုက်ပါတယ်..။ပြင်းပြင်းထန်ထန်  ဆိုတဲ့စကားကတော့  သူ့ဘက်ကစိန်ခေါ် လိုက်တာပါဘဲ..။
သြဂုတ်လ (၃)ရက်နေ့ ကျတော့   ရန်ကုန်မှာကျောင်းသူကျောင်းသားရော  ပြည်သူလူထုပါတမြို့ လုံးလှည့်လည်  ဆန္ဒပြကြပါတယ်..။ဒါကို       သားသတ်သမားဦးစိန်လွင်က  မာရှယ်လောနဲ့တုန့်ပြန်ပါတယ်..။ရန်ကုန်မြို့ တော်  စည်ပင်သာယာ  နယ်နိမိတ် အတွင်း  စစ်အုပ်ချုပ်ရေး
ဥပဒေ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန် တိုင်းမှူး  ဗိုလ်မှူးချုပ်  မျိုးညွှန့်ကို   အာဏာကုန်လွှဲလိုက်ပါတယ်..။ဒီတော့  ကျောင်းသားတွေက  မာရှယ်လောကို ဆန့်ကျင်တဲ့ ၊ဦး စိန် လွင် အစိုးရ  ဆန့်ကျင်တဲ့၊တစ်ပါတီ အာဏာရှင်စနစ် ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ တပြည်လုံးကွှတ်  ဆန္ဒပြပွဲ ကြီး ပြုလုပ်ဖို့(၈.၈.၈၈) ရှစ်လေးလုံး နေ့ကို  ချိန်းလိုက်ပါတယ်..။ဘီဘီစီ သတင်းဌာန  ကလည်း  ထပ်ဆင့် လှုံဆော်ကြေညာပေးလိုက်ပါတယ်..။
ပေါင်းတည်မြို့ မှာတော့  သြဂုတ်လ (၆)ရက် နေ့မှာ   မြို့နယ်ကောင်စီ လုံခြုံ ကွပ်ကဲ  အစည်းအဝေး  ကျင်းပပါတယ်..။ရပ်ကွက် အချို့ မှာ  ဆန်လုမှုတွေ နဲ့ ကုလားအိမ်အချို့  ခဲပေါက်ခံရတာတွေကိုရပ်ကွက်ကောင်စီ နဲ့ရဲတွေ ပေါင်းပြီး နှိမ်နင်း  နိုင်ခဲ့ ပေမယ့်ဆက်လက်မဖြစ်ပွါးဖို့   တာဝန်ယူကြရန် ပါတီဥက္ကဌ က  ပြောပါတယ်..။မြို့ ပေါ် အလက  နဲ့အထက တွေမှာ  အေးချမ်းစွာပညာသင်ကြားနိုင်ဖို့ အတွက်ဆရာဆရာမများက  ပိုမိုတာဝန်ယူကြဖို့  ပြောပါတယ်..။ဒီထက်ပိုပြီးကြီးကြီးကျယ်ကျယ်  ဖြစ်လိမ့်မယ်လို့ ထင်ကြဟန်  မတူပါ…။ကျနော့် အနေနဲ့ ကတော့  ဖြစ်ရင်လည်း  မနက်ပိုင်းထက်နေ့လည်ထမင်းစားကျောင်းဆင်းချိန်လိုမျိုး အချိန်မှာ ဖြစ်နိုင်တာကို  အတွေ့အကြုံ တွေအရ   စိတ်ထဲမှာ ခန့်မှန်းမိ ပါတယ်..။
မြို့ နယ်လုံခြုံ ကွပ်ကဲ မှုကို  ပိုပြီးကျစ်ကျစ်လစ်လစ် ဖြစ်အောင်  ကောင်စီဥက္ကဌ၊ပါတီ ဥက္ကဌ၊ကောင်စီအတွင်းရေးမှူး  ၊တရားသူကြီး ဥက္ကဌ၊ ရဲမြို့ နယ်မှူးတို့ကိုအချိန်ပြည့်  တာဝန်ပေးလိုက်ပါတယ်..။အချိန်ပြည့် ဆိုတာ  နေ့ခင်းတော့ ကိုယ့်ရုံးကိုယ်တက်..။ညကျရင်ကောင်စီရုံးမှာ စုနေကြဖို့ပါပဲ..။ကျန်တဲ့သူတွေက တော့  အရင်အတိုင်းပါဘဲ..။ သူတို့ အဓိက စိုးရိမ်တာကဆန်လုမှာကိုပါ..။ကျောင်းသားကို သူတို့သိပ် မထင်ပါ..။ကျနော်ကတော့  ကိုယ့်သမီးတွေ နဲ့ တူတူမတွေရယ်..။တက္ကသိုလ်ပိတ်လို့ ပြန်ရောက်နေကြတဲ့သူတို့ သူငယ်ချင်း  အသိုင်းအ၀ိုင်းတွေရယ်..။လှုပ်လှုပ် ရှားရှားဖြစ်နေကြတာကို သတိပြုမိပါတယ်..။
တကယ့် အချိန်ကျရင်  ကိုယ်က  သူတို့နဲ့ဆန့်ကျင်တဲ့  ဘက်ကို  ရောက်နေမှာလား..။သူတို့ဘက်  ရောက်ဖို့ကလည်း  ခပ်ခက်ခက် ပါ..။ကျောင်းအုပ်ကြီး အလုပ်ဆိုရင်သူတို့ နဲ့ရင်းနှီးပြီးသားမို့တော်သေးရဲ့ ..။ဒါပေမယ့်  တကယ့်အချိန်ကျလာ တော့    ကိုယ်ကျောင်းအုပ်ကြီး
မဟုတ်ပဲ..တရားသူကြီးအဖွဲ့ ထဲ ရောက်နေရတာ  ပိုပြီး  အခြေအနေ ကောင်းသွားပါတယ်..။     ။

(၁၀) တွင် ပေါင်းတည်မြို့ မှ  ရှစ်လေးလုံးဆန္ဒပြပွဲ ..ကို ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts