>ပဒိုမန်းရြာ လုပ်ုကံခံရ

>

ကေအင်ယူ ခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံခံရ
မိုးမခအထောက်တော် ၃

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈
ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ)၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာသည် ယနေ့ညနေ ၄ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ လုံခြုံရေးကင်းမဲ့သော သူ၏နေအိမ်သို့ သေနတ်သမားများက ၀င်ရောက်၍ ပစ်ခတ်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက KNLA ဌာနချုပ်တွင်ပြုလုပ်သည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားမှ ပဒိုမန်းရှာ (အလယ်) (ဓာတ်ပုံ-မိုးမခ)

ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သော ပဒိုမန်းရှာ၏ ကိုယ်ရေးအကျဉ်း (ကိုးကားချက်- http://www.tayzathuria.org.uk/bd/2006/10/22/padoh.htm)

၁၉၄၃– ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောချောင်းကျေးရွာတွင် မွေးဖွားသည်။
၁၉၆၃– ကေအင်ယူ၏ လျှို့ဝှက်တာဝန်များ ထမ်းဆောင်သည်။
၁၉၆၆ – ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည်။ ထိုနှစ်တွင် ကေအင်ယူနယ်မြေသို့ ၀င်ရောက်သည်။
၁၉၈၄– ကေအင်န်ယူ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။
၁၉၈၈– KNU, DAB, NCUB တို့၏ ဥက္ကဋ္ဌဗိုလ်ချုပ်မြ(ကွယ်လွန်)၏ ကိုယ်ရေးအရာရှိ ဖြစ်လာသည်။
၁၉၉၅– ကေအင်ယူ တွဲဘက် အထွေထွေအတွင်းရေးမှူးတာဝန် ပေးအပ်ခံရသည်။
၂၀၀၀– အထွေထွေအတွင်းရေးမှူးတာဝန် ပေးအပ်ခံရသည်။
၂၀၀၄– အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံ ရွေးချယ်ခံရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts