Overseas Burmese

Overseas Burmese News

ရွှေတွံတေးဆရာတော်နှင့် မဟာချိုင် ၀ါဆိုကုသိုလ်ပွဲများ
မိုးမခအထောက်တော်
ဇူလိုင် ၃၁၊ ၂၀၁၃

ထိုင်းနိုင်ငံ မဟာချိုင်မှ နိုင်ငံသား တိုင်းရင်းသားများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၀ါဆိုဦးကုသိုလ်ပွဲများ တရားပွဲများကို နေရာအနှံ့ ကျင်းပကြရာ နိထိကော – APF – ကီလို၁၂ – ကော်ကပ် – ထိုင်းယူနစ် – ဓနိတော – နှလုံမစ် – ကီလို၂ – ထလအော် – စပန်ပါ – ကံဖား – ၀ပ်ထောင် – ၀ပ်ဘိုကျက် – ဂေဟ – ထပ်ချလုံ – ဝေလ – ဆိုင်ဟ စသည့်နယ်မြေများသို့ ရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။

ရွှေတွံတေးဆရာတော်က …………. ကိုယ့်နိုင်ငံသားတိုင်းရင်းသားတွေက ၀ါဆိုသင်္ကန်းကို စွဲစွဲမြဲမြဲ လှူကြတာ စဉ်လာမပျက်ပဲမို့ အားရစရာ ကောင်းပါတယ်။ တကယ်တော့ စီးပွါးရေး ကြပ်နေကြတာ အလုပ်ဖြုတ်ခံရသူတွေ – လုပ်ခလျှော့ခံရသူတွေ – အလုပ်ရုံပိတ်ပြီး – အလုပ် လက်မဲ့ဖြစ်ရသူတွေ – အရေးထဲ ယာယီပတ်စပို့စ်က ၄ နှစ်ပြည့်လို့ ဆက်နေခွင့်မရတော့သူတွေ – စုံလို့ စုံလို့ သောကတွေရှိနေကြတာ ဒီကြားထဲက အလှူပွဲလုပ်ကြတာမို့ ဝမ်းမြောက်ဝမ်းသာ ချီးကျူးစရာကောင်းနေရောပဲ …..စသဖြင့်မိန့် ကြားပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts