>ဗိုလ်ခဵပ်ြအောင်ဆန်း ရုပ်ရငြ် – 1

>

 ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ညွှန်း – ၁
ဇာဂနာ

ဇန်န၀ါရီ ၁၄၊ ၂၀၀၈

အခန်းစဉ် အဖွင့်
နေရာ အတွင်းဝန်ရုံး၊ စည်းဝေးခန်းမ၊ အာဇာနည်ကုန်း နှင့် ရွှေတိဂုံ ဘုရားလမ်း
နေ့ အတွင်း၊အပြင်

ရွှေတိဂုံဘုရား ထိုမှ ကင်မရာ ကရိန်းရှော့ (crane shot) ဖြင့် တဖြေးဖြေး နိမ့်လာ၊

(နောက်ခံအသံ မှာ ကလေးများစုပေါင်း သီဆိုနေသော သီချင်းသံဖြစ်ရမည်။သီချင်းမှာ ရာဇ၀င် အထုပ္ပတ္တိလဲ ရှိရမယ် မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် … ဟူသော ဗမာ့သူရဲကောင်းသီချင်း၊ တူရိယာပစ္စည်းအသံ လုံးဝ မပါစေရ။ ကလေးများ သံပြိုင် သီဆိုနေမှုကိုသာ ပေါ်လွင်စေရမည်)

အာဇာနည်ကုန်းမြင်ကွင်း တဖြေးဖြေးဝင်လာ၊ ကင်မရာကို ကျောပေးကာ စုဝေးသီဆိုနေကြသော ကလေးငယ်များ …
ကင်မရာ(ဒေါ်လီရှော့တ် Dolly shot)ဖြင့် ကလေးများအကြားမှ ဗိုလ်ချုပ်အောင်ဆန်းဂူဗိမာန် သို့ တဖြေးဖြေးချင်း ၀င်သွားစေ။

ပန်းခွေများ ပန်းခြင်းများအကြားမှ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ။
ဓါတ်ပုံဆီသို့အရောက်တွင် ကင်မရာ ရပ်။

(အသံ အထူးပြုလုပ်ချက်ဖြင့် သေနတ်သံများ ဆူညံစွာပေါ်ထွက်လာစေ)

သေနပ်ပြောင်းဝမှ ထွက်လာသော မီးတောက်များ၊
သေနတ်ထိမှန်ပြီး လဲပြိုကျသွားသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီးနှင့် ဦးအုန်းမောင် …
ဒူးထောက်သေနတ်ပစ်နေသော ရန်ကြီးအောင် ရပ်လျက်ပစ်နေသော သေနပ်သမား ၃ ဦး(မောင်စိုး သက်နှင်း မှုံကြီး)
အနှေးပြကွက်ဖြင့် ကြမ်းပြင်ပေါ် လဲပြိုကျသွားသော အာဇာနည်ကြီးများ (သွေးအိုင်ထဲမှ ဗိုလ်ချုပ်အောင်ဆန်း)

( ဗမာ့သူရဲကောင်းသီချင်း သံပြိုင်အပိုဒ်ကို တယောတလက်ထဲဖြင့် ဆက်တီးနေစေရန်)

ပြေးထွက်သွားသော စစ်ဖိနပ်များ
Foreground ဖြင့် အာဇာနည်ကြီးများ
ကင်မရာ zoom to ဗိုလ်ချုပ်အောင်ဆန်း၊ အသက်ပြင်းစွာ ရှူနေသော ဗိုလ်ချုပ်အောင်ဆန်း

(သီချင်းသံပြိုင်အပိုဒ်ကို Orchestra ဖြင့် တီးရန်)

Dissolve …
အာဇာနည်ကြီးများ၏ ရုပ်ကလာပ်များအား သယ်ဆောင်လာကြပုံ
(ရှုထောင့်အမျိုးမျိုးမှ ရိုက်ရန်)
ထောင်ပေါင်းများစွာသော လူထုပရိသတ်ကြီး
(ရှုထောင့်အမျိုးမျိုးမှ ရိုက်ရန်)
ကောင်းကင်တွင် ၀ဲပျံနေသော လေယာဉ်ပျံများ၊ ရုပ်ကလာပ်များကို သယ်ဆောင်လာကြသော ရဲဘော်များ၊ ငိုယိုနေသော ပြည်သူများ၊ ပြည်သူလူထု foreground ဖြင့် ဖြတ်သန်းသွားသော ရုပ်ကလာပ်များ၊

(နောက်ခံကဗျာရွတ်သံ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “အော် … အဆောင်ဆောင် ကြငှာန်း အခေါင်မမြန်းရခင်က အောင်ပန်းညှို့ခဲ့ရတဲ့ အောင်ဆန်းတို့ သေပုံ နှမျော …”)

မိုးဖွဲဖွဲလေးကျနေပုံ၊ ထိုနောက် ကျီးကန်းများအုပ်စုလိုက် ပြိုကြပုံ

(ဆရာဇော်ဂျီ ၏ ကဗျာရွတ်သံ … “ မိုးကစိုစို ကျီးအုပ်ပြို၍ ထိုမှ ဤမှ တို့လမ်းမ၀ယ် ပျံကြ ၀ဲကြ ငရဲထသို့၊ အုံကြွမည်အာ မသာယာကို ငါကြားခဲ့သည် မှတ်မိ၏ …”)

ရင်ပတ်စည်တီးငိုကြွေးနေကြသောအမျိုးသမီးကြီးများ (ထိုနေ့၌ပင် … ထိုချိန်ထင်၏ …)

နံရံတွင် ကပ်ထားသောနာရီ ၁၀ နာရီ ၃၇မိနစ်သို့ ညွှန်ပြနေ

(သခင်အောင်ဆန်း ပြည်သူ့ပန်းသည် ပွင့်လန်းကာစ ကြွေလိုက်ရ၏)

သွေးအိုင်ထဲမှ ဆတ်ကနဲ တွန့် သွားသော ဗိုလ်ချုပ်အောင်ဆန်း …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts