>

အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများ အခြေအနေ
လက်လှမ်းမီသလောက် မိသားစုများက ထုတ်ပြန်

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၇၊ ၂၀၀၈

ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများက ကြားသိရသမျှ အခြေအနေများကို ထုတ်ပြန်ခဲ့ရာတွင် အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရသူများနှင့် ပတ်သက်၍ အောက်ပါအတိုင်း သိရှိရသည်။

ထောင်မကြီး (တိုက်ကြီး)

၁ တိုက်တွင် – မင်းကိုနိုင်၊ ဂျင်မီ၊ တင်ထူးအောင်၊ ဇင်လင်းအောင်၊ မျိုးသန့်၊ ပတ်ခမ်ကွာ၊ ဦးစိုးဟန် (NLD)

၂ တိုက်(အတို) တွင် – ကိုကိုကြီး၊ မြအေး၊ ဦးနိုင်းနိုင်း (NLD)၊ ဦးမြင့်လွင် (ထောင်ဝင်စာမရှိ၊ ကျန်းမာရေးမကောင်း)၊ ဝေလင်း၊ ကိုကိုနိုင် (ထောင်ဝင်စာမရ)၊ ဦးစောတင်ဝင်း (ထောင်ဝင်စာမရ)၊ ဦးစောဂေသေမူး (ထောင်ဝင်စာမရ၊ ကျန်းမာရေးမကောင်း)၊ ကျော်ကျော်၊ ကျော်မင်း

၂ တိုက် (အရှည်) တွင် – ဦးဝင်းမြင့်၊ သီဟ၊ ဇော်မင်းဦး၊ မောင်မောင်လတ်၊ သူရိန်အောင်၊ မျိုးမင်း၊ ညီညီဇော်၊ ဦးခိုင်စိုး (ကျန်းမာရေးမကောင်း၊ ထောင်ဝင်စာမရ)၊ ဦးဘမြင့်၊ အောင်ကျော်စိုး (ထောင်ဝင်စာမရ)၊ မုံရွာအောင်ရှင်၊ ဦးတင်မြင့်၊ ကိုဆန်ရ၊ ကိုရဲ၊ ဦးခင်မောင်ဝင်း၊ ဦးနေမင်း (ကျန်းမာရေးမကောင်း)၊ မာကီ (ခ) ကျော်ကျော်ထွေး၊ မျိုးခင်

၃ တိုက် တွင် – ဒီငြိမ်းလင်း၊ ဦးလှမြင့်သန်း၊ ဦးသိန်းလွင်ဦး၊ ဦးရဲမြင့်၊ ကိုမောင်မောင်မြင့်၊ ကိုအောင်သန်း၊ ကိုသိန်းဆွေ

၎ တိုက် (အရှည်) တွင် – ကျော်ဌေး (ထောင်ဝင်စာမရ၊ ကျန်းမာရေးမကောင်း)၊ ဥာဏ်ကြီး၊ ကျော်မျိုးမင်း၊ ကိုမျိုးသွေး၊ နိုင်ယက္ခ၊ ဇေယျအောင်၊ ကျော်စိုးစိုး၊ အောင်ကြီး၊ ယူနွတ်၊ ကိုလတ် (ခ) ၀င်းအေး၊ ဖြူလေး

၎ တိုက် (အတို) တွင် – လွင်ကိုလတ်၊ မောင်မောင်အေး

၅ တိုက် တွင် – သက်နိုင်အောင်၊ စိုးသိန်း (ခ) ရဲသီဟ (ထောင်ဝင်စာမရ၊ ကျန်းမာရေး မကောင်း)၊ စိုးညွန့်ဇော်၊ အောင်ကိုဦး၊ သန်းဇော်ဦး (ထောင်ဝင်စာမရ)၊ ဦးခင်ဝင်း(ဘိုးတော်)၊ဦးတိသ (ထောင်ဝင်စာမရ)၊ ဦးအောင်နိုင် (ထောင်ဝင်စာမရ)၊ ဦးနန္ဒ၀ံသ (ထောင်ဝင်စာမရ)၊ ဦးစန္ဒောဘာသ (ထောင်ဝင်စာမရ)၊ ဦးသုမန (ထောင်ဝင်စာမရ)၊ မြစန်းထူး (ထောင်ဝင်စာမရ)၊ကိုပေါ်လွင်၊ အောင်မျိုးဆန်း (ထောင်ဝင်စာမရ)၊ ခင်ကျော်၊ ဇော်လင်းထွန်း (ထောင်ဝင်စာမရ)၊ ဦးတေဇိန္ဒ (ထောင်ဝင်စာမရ)၊ ဟန်ဝင်းအောင် (ကျန်းမာရေးမကောင်း၊ထောင်ဝင်စာမရ)၊ ဦးဘတင့်၊ ဦးအောင်သိန်း

၆ တိုက် တွင် – ကိုသက်ဦး

စသည်တို့ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

စစ်အာဏာပိုင်များက အကျဉ်းမှ လွှတ်ပေးလိုက်သူ သံဃာ နှင့် လူများ၊ ထောင်ဝင်စာ လာတွေ့သည့် မိသားစုများကို နှုတ်ဖြင့် ညွှန်ကြားချက်ပေးထားရာတွင် – NLD ပါတီ နှင့် ပတ်သက်သည့် အသိုင်းအ၀ိုင်း၊ ပြည်ပ စာနယ်ဇင်း အဆက်အသွယ်များ၊ ပြည်တွင်း နိုင်ငံရေး လှုပ်ရှားသူ အဖွဲ့အစည်းများနှင့် ပြည်ပက မြန်မာ့အရေး ကူညီနေသူ အသိုင်းအ၀ိုင်းများ က ပေးပို့သည့် အလှူများ နှင့် အကူအညီများကို လက်ခံခြင်း လုံးဝ မပြုရန် သတိပေးထားကြောင်းလည်း ကြားသိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts