Uncategorized

Ashin Zawgayiya (Yankin Taw ya) – Poem

မီး
အရှင်ဇာဂရိယ (ရန်ကင်းတောရ)
သြဂုတ်လ ၁၊ ၂၀၁၃


ချစ်ခြင်းသည်ကား မီးတပါး
ဘုရားဟော၏ ရာဂဂ်ဂိ။
မုန်းခြင်းသည်လည်း မီးပေပဲ
ထိုနဲဟော၏ ဒေါသဂ်ဂိ။
အချစ်နောက်မှာ လိုက်ရွေ့လာ
ဆန်ဒါဂတိ ဖြစ်တတ်ဘိ။
အမုန်းနောက်မှာ လိုက်ရွေ့လာ
ဒေါသာဂတိ ဖြစ်တတ်ဘိ။
ချစ်ခြင်း မုန်းခြင်း မီးနှစ်ကွင်းကို
ကျော်နင်းနိုင်မှ ချမ်းသာရဟု
ဗုဒ်ဓမြတ်စွာ ဟောမိန့်မှာခဲ့
ပညာရှိများ ဆုံးမထားခဲ့
မကြားချင်ယောင် နားမထောင်လျှင်

အမောင်  အပူရှပ်လိမ့်မည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts