ကြော်ငြာကဏ္ဍ

Momaka Magazine Announce

မိုးမခ မဂ္ဂဇင်း စတင်ထုတ်ဝေမည်
မိုးမခ အယ်ဒီတာအဖွဲ့
သြဂုတ် ၄၊ ၂၀၁၃

သြဂုတ်လ ၈ ရက်နေ့တွင် စတင်ထုတ်လုပ်မည့် မိုးမခ မဂ္ဂဇင်း မျက်နှာဖုံးနှင့် နောက်ကျောဖုံး

နောင် မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိစေနိုင်ရန်အတွက် ၂၀၁၃ သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း တစောင် စတင်ထုတ်ဝေတော့မည် ဖြစ်ပါသည်။ မိုးမခစာမူရှင်များ ပေးပို့လာသည့် စာမူများထဲမှာ ပြန်လည်ရွေးချယ် ထုတ်နုတ်ထားခြင်းဖြစ်ပြီး လတ်တလောအနေဖြင့် မိုးမခစာပရိတ်သတ်ကို အွန်လိုင်းပေါ်တွင် စတင်ဖတ်ရှုနိုင်အောင် စီစဉ်ထားပါမည်။ နောင်တွင်မူ အလျဉ်းသင့်သလို ထုတ်ဝေဖြန့်ချိမည် ဖြစ်ပြီး လတ်တလောအနေဖြင့် စာမျက်နှာ ၂၄ မျက်နှာဖြင့် စတင်ဖွဲ့စည်းထားပါသည်။ အချိန်နှင့်အားပေါ်မူတည်၍ နောင်တွင် တိုးချဲ့သွားရန်လည်း ရှိပါသည်။ 
မြန်မာစာပေ 
ယဉ်ကျေးမှု 
အနုပညာ 
လွတ်လပ်တဲ့လူ့ဘောင်ဟူသော ခံယူချက်နှင့်အတူ မိုးမခစာဖတ်ပရိတ်သတ်အား အစဉ်လေးစားလျှက် ..
မိုးမခအယ်ဒီတာအဖွဲ့
သြဂုတ်လ ၄၊၂၀၁၃



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts