ဓာတ်ပုံသတင်း

Burmese in Owenboro marked 88 25th Year Burma Uprising

 အမေရိကန်ပြည်၊ ကင်တာကီပြည်နယ်၊ အိုဝင်ဘိုရိုမြို့က ၈လေးလုံး ၂၅နှစ် အခမ်းအနားမြင်ကွင်း
မိုးမခဓာတ်ပုံသတင်း၊ ရဲဘော်အုံးမြင့် (ABSDF ဒုတပ်ရင်းမှူးဟောင်း)၊ သြဂုတ် ၇၊ ၂၀၁၃
အမှတ် ၁၇၄၁၊ ရှော်နီလမ်း၊ အိုဝင်ဘိုရိုမြို့မှာ သြဂုတ်လ ၄၊ တနင်္ဂနွေနေ့၊ နေ့ခင်း ၁၁ နာရီမှ ၂ နာရီအထိ ဘိုလင်းဂရင်းနဲ့ အိုဝင်ဘိုရိုမြို့များက မြန်မာဒီမိုကရေစီအင်အားစုများ စုပေါင်းကျင်းပကြပါတယ်။ ဆွမ်းကပ် အမျှအတန်းပေးဝေမှုကို မြို့ခံ၊ ဝေဠုမြိုင်တောရကျောင်းဆရာတော် အရှင်စန္ဒောဘာသကို အမှူးပြုပြီး ကျင်းပပါတယ်။ 

အခမ်းအနားမှာ ပြည်ပရောက်မြန်မာနိုင်ငံ မျိုးချစ်စစ်သည်များ အစည်းအရုံးနာယက ဦးခင်မောင်ညွန့်၊ အေဘီအက်စ်ဒီအက်ဖ် ဒုတပ်ရင်းမှူးဟောင်း ဦးအုံးမြင့်၊ ဦးဂွမ်တီ၊ ဦးဇော်ဝင်းတင့်၊ ဦးအောင်၊ မစန္ဒာ၊ ကိုအောင်မျိုးမြင့် (ဗကသ၊ ဒုနှစ် သတ္တဗေဒ၊ လှိုင်နယ်မြေ) တို့က အခမ်းအနားမှာ အတွေ့အကြုံများ ဟောခြင်း၊ ကဗျာများ၊ စာများ၊ သ၀ဏ်လွှာများ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts