လောအယ်စိုး – ဧရာဝတီ၏ ရေစီးသံများ (ဓာတ်ပုံအက်ဆေး) (၇)

လောအယ်စိုး – ဧရာဝတီ၏ ရေစီးသံများ (ဓာတ်ပုံအက်ဆေး) (၇)
(စုစုနွေး)

သြဂုတ် ၆၊ ၂၀၁၃
 copy rights – EPA
ဒီပုံကတော့ ၂၀၀၇၊ စက်တင်ဘာ ၂၇၊ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ မတိုင်ခင်၊ လောင်စာဆီအရေးမှာ ၈၈ မျိုးဆက်တွေကို စစ်အစိုးရက လမ်းမတွေပေါ်မှာ အကြမ်းဖက် ဖမ်းဆီးခဲ့တယ်။ အဲသည်တုန်းက အင်န်အယ်ဒီပါတီဝင်၊ လယ်သမားအရေးလှုပ်ရှားသူ စုစုနွေးနဲ့ မိတ်ဆွေများကို ရန်ကုန်လှည်းတန်းလမ်းဆုံမှာ စစ်အစိုးရရဲ့ အကြမ်းဖက်လက်ရုံးတပ်ဖြစ်တဲ့ စွမ်းအားရှင်များက အကြမ်းဖက် ဖမ်းဆီးရန် ကြိုးစားခဲ့ကြတယ်။ အဲသည်တုန်းက စုစုနွေး လွတ်မြောက်သွားခဲ့ပြီး သူ့မိတ်ဆွေ သားချင်းတဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်။ လောအယ်စိုးက ရိုက်ကူးခဲ့ပြီး၊ ထိုစဉ်က တာဝန်ထမ်းခဲ့တဲ့ သတင်းဌာန EPA က မူပိုင်ဖြစ်ပါတယ်။
အမေရိကန်ပြည်ရောက် ဓာတ်ပုံဆရာ လောအယ်စိုးရဲ့ ဓာတ်ပုံလက်ရာတွေထဲကနေပြီး ဓာတ်ပုံပြခန်းတွေမှာ တင်ဆက်ခဲ့တဲ့ မှတ်တမ်းအချို့ကို ကောက်နုတ်စုဆောင်းတင်ဆက်တာ ဖြစ်ပါတယ်။ မြန်မာပြည်မြင်ကွင်း၊ အမေရိကန်ပြည်ရောက် မြန်မာတိုင်းရင်းသားများ မြင်ကွင်း စတဲ့ မြင်ကွင်းစုံကို ဓာတ်ပုံဆရာတယောက်ရဲ့ ပြတင်းပေါက်ကနေတဆင့် ရှုမြင်ခံစားနိုင်ကြဖို့ပါ။