ဓာတ်ပုံသတင်း

Minnesota Burmese marked 88 – 25 Years of Burma Uprising

 
မင်နီဆိုးတားမြန်မာတို့ ၈လေးလုံး ငွေရတုကျင်းပ

မိုးမခဓာတ်ပုံသတင်း၊ ဒိုင်းနမိုက်၊ သြဂုတ် ၁၀၊ ၂၀၁၃


၈၈၈၈ ငွေရတုအထိမ်းအမှတ်အခမ်းအနားတခုကို အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Saint Paul မြို့ ရောက် ၈၈၈၈ ကျောင်းသားများ၊ ၎င်းတို့ ၏မိသားစုများနှင့် မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများစုပေါင်း၍ သြဂုတ်လ ၄ရက်နေ့ နံနက် ၁၀ နာရီတွင် Saint Paul မြို့ရှိ Lao Family Community Center ၌တခမ်းတနားကျင်းပခဲ့ကြပါသည်။

အခမ်းအနားတွင် မင်နီဆိုးတားရှိ ကရင်၊ မွန် တိုင်းရင်းသားအဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂိုလ်များနှင့်ဧည့်ပရိဿတ် ၂၀၀ ခန့် လည်းတက်ရောက်ခဲ့ကြပြီး အမှတ်တရစကားများ ပြောကြားခြင်း၊ ၈၈၈၈ အရေးတော်ပုံတလျှောက် တိုင်းရင်းသားများနှင့် ကျောင်းသား လူငယ် ရဲဘော်များ၏ ဖြတ်သန်းလာခဲ့ရသည့် အတွေ့ အကြုံအဖြစ်အပျက်များကို နောင်မျိုးဆက်သစ်များအားမေ့မပျောက်ဘဲ ရင်ထဲအမြဲအမှတ်ရစေရန်ရည်ရွယ်ချက်ဖြင့် မျှဝေပြောကြားသွားခြင်းနှင့် ၎င်းတို့ 
အဖွဲ့အစည်းများမှ ပေးပို့ သော သဝဏ်လွှာများကိုလည်းတက်ရောက်ဖတ်ကြားသွားကြပါသည်။


ထို့ အပြင် မကဒတ လက်ရှိဥက္ကဋ္ဌ ရဲဘော်သံခဲ၏ ၈၈၈၈ ငွေရတုအတွက်ပြောကြားသွားသော ဗွီဒီယိုဖိုင် မိန့် ခွန်းကိုလည်း အခမ်းအနားကျင်းပစဉ်အချိန်အတွင်း၌ ပြသသွားခဲ့ပါသည်။အခမ်းအနား အစီအစဉ်အပြီးတက်ရောက်လာကြသောရဟန်းရှင်လူ ပရိသတ်များအား နေ့ လည်စာများဖြင့် ကျွှေးမွေးဧည့်ခံပြီး မွန်းလွှဲ ၁း၃၀ခန့်တွင် အခမ်းအနား အောင်မြင်ပြီးဆုံးပြီးရုတ်သိမ်းခဲ့ပါသည်။    



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts