ဓာတ်ပုံသတင်း

Milwaukee Waso Pwe Marked

 မယ်ဝေါကီး ၀ါဆိုပွဲ စည်ကားစွာ ကျင်းပ

မိုးမခအထောက်တော် (မယ်ဝေါကီး)၊ သြဂုတ် ၁၂၊ ၂၀၁၃

ဝက်စ်ကွန်စင်ပြည်နယ်၊ မယ်ဝေါကီးမြို့ ၊ ပညာရာမကျောင်းတိုက်၌ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၁)ရက် တနင်္ဂနွေနေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အဆိုပါ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)ဆရာတော်က အနုမောဒနာ တရားမြတ် ဒေသနာတို့ကို ဟောကြားချီးမြှင့်တော်မူသည်။

ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအပြင် ပညာရာမ ယာယီကျောင်းဆောင်မှ ကျောင်းဆောင်အသစ်ရရှိရေး အတွက်   မတည် အလှူငွေ ပေးအပ်ပွဲကိုလည်း တပါတည်း ကျင်းပပြုလုပ်ခဲ့ကြသည်။


သာသနာတော် အရှည်ခန့်၍ တည်တန့်စေရန် စိတ်ရည်သန်လျက် ကျောင်းထိုင်ဆရာတော် အရှင်ဇာဂရမှ ဦးစီး ဦးဆောင်ပြုလျက် သာသနာရေး .. ဘာသာရေးပွဲသဘင်များ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်နိုင်ရန်အတွက် ကျောင်းဆောင်သစ် ဖြစ်မြောက်ရန် ကြိုးပမ်းနေကြကြောင်း သိရှိရပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts