Uncategorized

Letter to Moemaka


ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းကဒ်လျှောက်ထားရန် စည်းကမ်းချက်အလွန်များ
မိုးမခပေးစာ
သြဂုတ် ၁၃၊ ၂၀၁၃

ကြည့်မြင်တိုင်မြို.နယ် ၊ ဈေးကြီးအရှေ့ ရက်ကွက်အတွင်း သြဂုတ်လအတွက် ၁၅၀၀ ကျပ်တန်မိုဘိုင်းဖုန်းများ လျှောက်ထားရာတွင် ရရှိသည့်ခွဲတမ်းအရေအတွက်နည်းပါးခြင်း နှင့်မရရှိသေးသည်. အိမ်ထောင်စု အားဦးစားပေးစေခြင်းကြောင့် စည်းကမ်းချက်များကို ရက်ကွက်ရုံးမှ ထုက်ပြန်အသိပေးထားပါတယ်။
ပေါက်ပြီးသန်းခေါင်စာရင်းများ၊ သန်းခေါင်စာရင်းရှိသော်လည်း အခြားရက်ကွက်သို့ပြောင်းရွေ့သွားသူများ ယာယီနှင့် ဧည့်စာရင်းများ လျှောက်ထားခွင့်များ လျှောက်ထားခွင့်မရှိပါဟု ကြေငြာထားသည်ကို တွေ့ရသည် ။
မည်သို.ပင်စည်းကမ်းချက်များရှိစေကာမူ တကယ်တမ်း ဖုန်းကဒ်ပိုင်ဆိုင်သွားသူများထဲမှ ၎င်းရုံးတွင်း သြဇာအာဏာရှိသူတွေကတော့ ပါစမြဲ ဖြစ်တယ်ဆိုတာ အံ့သြစရာအဖြစ်တွေ့ရမှာပါ ။
အချို့သတင်းများအရ လမ်းမှူးအချို.နှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းသောင်းမှ ရပ်မိရပ်ဖနှင့် ကိုယ်စားလှယ်များ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ် ကာ မဲလိပ်မည်.သူ ၂ ဦးကိုလည်း ရွေးချယ်စေပြီးဖြစ်ပါတယ်။

ဦးထွန်းသောင်းဆိုသူမှာ ယခင်က ၎င်းရက်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး ရက်ကွက်အုပ်ချုပ်ရေးမှူး၏ ပြည့်စုံရမည့်အရည်အချင်းများ နှင့် မကိုက်ညီသဖြင့် လွဲပြောင်းပေး လိုက်ရသူလည်းဖြစ်သည် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts