Uncategorized

Wutt Hmoe – Articles

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၄၊ ၂၀၁၃


မြန်မာ့စက်မှုလုပ်ငန်းလေးများအား ရပ်ဆိုင်း၊ လူများအလုပ်လက်မဲ့ဖြစ်စေသော တရားမဝင် တရုပ်ကုန်ပစ္စည်းများ ဝင်လာသည့် မူဆယ်မြို့ ကုန်ကားကြီးများလွန်ခဲ့သော ခြောက်လခန့်က အလွန်ငွေသုံးနိုင်သော အစိုးရဌာန၊ စစ်တပ်အရာရှိများအသိုင်းဝိုင်းမှ မိတ်ဆွေတစ်ဦးက .. မှောင်ခိုဖမ်းသောအဖွဲ့ဝင်များ အလွန့်အလွန် ငွေအမြောက်အများသုံးစွဲ၊ ပိုင်ဆိုင်နေကြောင်းကို ပြောပြသည်။ တရားမဝင် ဝင်ရောက်လာသော တရုပ်ပစ္စည်းများစွာ လိုက်လံဖမ်းဆီးခြင်းလုပ်ငန်းဖြစ်သည်။ အောက်ပါသတင်းအရ ထိုအဖွဲ့အစည်းသည် ၈လအတွင်း US$ 6 million ဖိုးခန့်သာ သိမ်းဆည်းနိုင်သည် ဟုဆိုသည်။ ဝန်ထမ်းမည်မျှနှင့် မည်သို့လိုက်လံဖမ်းဆည်းနေသည်ကိုတော့ မသိရပါ။ သူခိုးပေါ်သူဝှက် လုသကဲ့သို့ လုပ်မည့်ဝန်ထမ်းများကြောင့် အုပ်ချုပ်ရေးတာဝန်ယူရသူများ အလွန်အခက်ခဲရှိမည်ကို မြင်ယောင်ပါသည်။

● Eleven Media သတင်း 13-Aug-2013
ထိုအဖွဲ့စည်း ရေရှည်ရပ်တည်ရန်နှင့် မှောင်ခိုတင်သွင်းသူ ဝိသမလောဘသားများစ၏ တန်ဖိုးများမှ ၃၅ ရာနှုန်းအား ခွဲဝေခံစားခွင့်ပြုရန် တောင်းဆိုထားကြောင်း အဆိုပါအဖွဲ့မှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ အကျိုးခံစားခွင့်တောင်းဆိုရာတွင် သတင်းပေးများအတွက် ၁၅%၊ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ အတွက် ၃၅%၊ အထိ ခွဲဝေပေးရန် တောင်း ဆိုတားကြောင်း သိရသည်။ 

“သတင်းပေးမရှိတဲ့အခါကျရင် နိုင်ငံတော် ဘတ်ဂျတ်ကို ၆၅% အထိ သွားမယ်၊ ကျွန်တော်တို့အနေနဲ့ မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ် ဆေးတဲ့အခါမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဆုကြေးခွဲဝေ ခံစားခွင့်ရရှိဖို့ လိုအပ်တယ်။ ဒါမှလည်း ရေရှည်ရပ်တည်နိုင်မှာဖြစ်သလို ဝိသမလောဘသမားတွေရဲ့ လာတ်ပေး၊ လာဘ်ယူဖို့ ဆွဲဆောင်မှုကိုလည်း ရှောင်းကွင်းနိုင်ပါမယ်”  ဟု ဦးညွန့်အောင်က ဆိုသည်။ 
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကော်မတီဖွဲ့စည်း တည်ထောင်ပြီးသည့် ခုနှစ်လကာလအတွင်း မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန်လမ်းကြောင်း၊ မူဆယ်ထုတ်နုတ်အင်အား၊ တာချီလိတ်ထုတ်နုတ်အင်အား၊ တမူးထုတ်နုတ်အင်အား၊ တန်ပိုက်တီး OSS အင်အား စသည့် အဖွဲ့များဖြင့် ဖမ်းဆီးခဲ့ပြီး၊ ပညာပေးကာလတွင် ခွင့်ပြုချက်မဲ့ ကုန်စည်များ တင်သွင်းခဲ့သည့်အတွက် ဖမ်းဆီးမိသည့် အမှုတွဲပေါင်း ၈၉မှုနှင့် ကျပ်သန်းပေါင်း ၃၉၄ဒသမ၉၁၃ ဖမ်းဆီးမိခဲ့ကာ အရေးယူကာလတွင် အမှုတွဲပေါင်း ၁၇၁၆မှုနှင့် ကျပ်သန်းပေါင်း ၅၉၂၄ဒသမ၉၄၀ ဖိုးသိမ်းဆည်းခဲ့မိပြီး၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၃၁၉ဒသမ၈၅၃သန်း (US$6.3 million , 1USD=K1000) အား နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 
ထိုကဲ့သို့ ကျပ်သန်း ၆၀၀၀ ကျော်သိမ်းဆည်းနိုင်သည့်အတွက် ခံစားခွင့်ရရှိခြင်း မရှိသော်လည်း ဆက်လက်ဖမ်းဆီးမည့် လုပ်ငန်းစဉ်များတွင် ဖမ်းဆီးမိမည့် ကုန်စည်များအတgက် အကျိုးခံစားခွင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။ ဖြိုးဝေ 

● ကျွန်ုပ်ကောက်နုတ်ချက်
နယ်စပ်များတွင် အထူးသဖြင့် တရုတ်လူသုံးကုန်နှင့်၊ စားသုံးကုန်ပစ္စည်းများ မြန်မာပြည်တွင်းသို့ အခွန်မဲ့၊ ဒလဟော ဝင်လာမှုကြောင့် မြန်မာပြည်အသေးစားလုပ်ငန်းများ ပြုန်းပြုန်းပြုတ်ခြင်းမှာ အလွန်ဝမ်းနည်းစရာဖြစ်သည်။ နှစ်ပေါင်း ရာနှင့်ချီရပ်တည်နေသော မြန်မာ့ စောင်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများမှာ တရုပ်စက်ရုံထုတ်များကို ဈေးနှုန်းမယှဉ်နိုင်သဖြင့် လုပ်ငန်းအားလုံးနီးပါး ရပ်နားရသည်။ မွေးမြူရေး၊ လူသုံးကုန်ပစ္စည်း စသည့်လုပ်ငန်းတွင်လည်း တရုပ်၊ တိရိစ္ဆာန်အစာများကို ဝယ်သုံးရခြင်း၊ ပြည်တွင်းမှတရားမဝင်အခွန် (ဌာနဆိုင်ရာများက တောင်းရမ်းမှုများ) ကြောင့် အမြတ်နည်းပါးလာသည့်အတွက်တစ်ကြောင်း၊ ပြည်တွင်းကုန်ဈေးနှုန်းကြီးလာခြင်း (အိမ်မြေငှားရမ်းခ)၊ လျှပ်စစ်မီး အခက်ခဲကြောင့်တစ်ကြောင်း ..လုပ်ငန်းငယ်များရပ်တည်ရန် အလွန်ခက်ခဲရသည်။ မြန်မာများ ပေါ်ပင် ငွေရလွယ်သောအလုပ်များမှာ လောင်စာဆီတင်သွင်းခွင့်၊ ကျောက်စိမ်း၊ကြေးနီထုတ်ခွင့် ကဲ့သို့သော သွင်း/ထုတ် ပါမစ်များဖြင့် ခရိုနီများ အကြီးကျယ်အမြက်ထွက်၊ အဆင်ပြေနေသော်လည်း၊ လုပ်ငန်းရှင်ကလေးများမှာ နယ်စပ်မှ လူသုံးကုန်များကိုသာ သွင်း/ထုတ် လုပ်စား နေရသည်။ ကုန်ကားကြီးများပိုင်ရှင်ကလည်း လောင်စာဆီဈေးကြီးသဖြင့် သိပ်မကိုက်… ။ ခေတ်ကမကောင်းလှပါ။ အဆင်တော့ပြေ သွားမည်ဖြစ်သော်လည်း မည်မျှကြာမည်မသိ။ 
နံပါတ် (၁) အချက်မှာ တရုတ်ပြည်မှ ကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်။ နိုင်ငံတော်မှ အရေးပေါ်အဖွဲ့ တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖြင့် အခွန်လိုက်ကောက်သည့်လုပ်ငန်း၊ တနည်းအားဖြင့် တရားဝင်လပ်ဘ်တောင်းရန်၊ ဖွဲ့ပေးလိုက်သောကြောင့် ထိုအဖွဲ့သည် အလွန်ဝင်ငွေကောင်းလှပေသည်။ လုပ်ခွင့်ရလျှင်လူတိုင်း ၁၀၀% ပစ္စည်းသိမ်းလိုမည် (သို့မဟုတ်) တကယ်ပေးရမည့်အခွန် ဥပမာ နိုင်ငံခြားစီးကရက်နှင့်အရက်ဆိုလျှင် ပစ္စည်းတန်ဖိုး၏ ၁၀၀%ကို အခွန်တောင်းမည်လော၊ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီး၊ အမှုလုပ်လိုက်မည်လော .. ထိုအဖွဲ့တွင် ဥပဒေရှိမည်ဖြစ်သည်။
နိုင်ငံတော်အတွက်အရေးကြီးဆုံးလုပ်ငန်းမှာ စိတ်ဓါတ်မြင့်မြတ် No Corrupt ဖြစ်သည့် ပြုပြင်ပြောင်းလဲရေးကာလဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံတော်ရရှိနေသောအခွန် 4% of GDP မှာ ကမ္ဘာ့နိုင်ငံများ 30% to 40% နှင့်ယှဉ်လျှင် နည်းပါးလွန်းခြင်းလှသည်။ ထို့ကြောင့် မြန်မာ သည် ကမ္ဘာပေါ်တွင် လပ်ဘ်အစားဆုံးနိုင်ငံအဖြစ် ဂုဏ်အသရေမဲ့စွာ ရပ်တည်နေရသည်။
လုပ်ရမည့်တာဝန် (၂) ရပ်မှာ
၁။ အခွန်ကို မှန်ကန်စွာကောက်နိုင်ရန်
၂။ ကောက်ရသောအခွန်ကို မှန်ကန်စွာသုံးနိုင်ရန် ..ဖြစ်သည်။
ထိုလုပ်ငန်း၂ခုအတွက် အဖွဲများဖွဲ့စည်းရာတွင် နိုင်ငံတော်၏ အခြားအစိုးရအဖွဲ့အစည်းများက ပံ့ပိုးကူညီရမည်။ ဥပမာ.. ဥပဒေရေးဆွဲရေး။ အမှုစစ်ဆေးရေးတို့အတွက် မလိုလားအပ်သော ကြံ့ကြာမှုများသည် လပ်ပေးမှုကို ထပ်ဆင့်ဖြစ်ပေါ်စေနိုင်သည်။ အမှုစစ်ဆေးစဉ် ကာလအတွင်း ဖမ်းမိပစ္စည်းများ ပျောက်ဆုံးသွားခြင်းမျိုးလည်း ရှိသည်။ တရုပ်၊စင်ကာပူ၊ဗီယက်နမ်များတွင် တရားမဝင် ကုန်ပစ္စည်းများ ကို On the spot အခွန်ကောက်လိုက်သည်။ မပေးနိုင်ပါက ပစ္စည်းသိမ်းပြီး၊ လူကို တရားစွဲ ဒဏ်ငွေရိုက်သည်။ ဥပမာ သိန်း၁၀၀ဖိုး အရက်၊ စီးကရက် တင်သွင်းလာပါက အခွန်း ၂၀၀% သိန်း၂၀၀ ဒဏ်ငွေရိုက်သည်။ ဝန်ထမ်းများ ပစ္စည်းသိမ်း၊ ဖမ်းဆီးလိုက်ခြင်းဖြင့် ရဲအမှုဖြစ်ပြီး၊ ရဲနှင့်တရားရုံးက ဒဏ်ငွေသိန်း၂၀၀ ရအောင် ရုံးတင်စစ်ဆေး၊ ဒဏ်ငွေရိုက်၊ ထောင်ချသည်။ မူရစ်ဆေးတင်သွင်းလာပါက သေဒဏ်ချသည်။ သူတို့ကို နိုင်ငံတကာ စာရင်းစစ်  Private Audit Firm အဖွဲ့ဖြင့် စစ်ဆေးသည်။ မြန်မာနိုင်ငံတွင် အစိုးရစာရင်းစစ်အဖွဲ့တစ်ခုတည်းသာ စာရင်းစစ်နေရသည်ဟု သိရသည်။ မကြာမီ နိုင်ငံတကာကဲ့သို့ ပုဂ္ဂလိက စာရင်းစစ်ကုမ္ပဏီလေးများ၊ CPA certified auditor များဖြင့် အစိုးရစာရင်းစစ်အဖွဲ့ကို လုပ်ပိုင်ခွင့်ပေးမည် မျှော်လင့်ပါသည်။ 

ISO 9000 ဆိုသည်မှာ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ လုပ်တာပြောတာ စာရင်းရှိရသည်။ QS9000 ဆိုသည်မှာ ထိုစာရင်းများ ဟုတ်မဟုတ်ကို စာရင်းစစ်ရခြင်းဖြစ်သည်။ ကွန်ပြူတာရှိစရာမလိုပါ။ မြန်မာများ လုပ်လျှင်အလွယ်လေးဖြစ်သော်လည်း ခြစားစရိုက်များ (အရိုးစွဲနေသော၊ နှုတ်အမိန့်မရလျှင်မလုပ်ရဲသည်အကျင့်) ရှိနေဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလုပ်ငန်းကို ကြိုဆိုရမည်ဖြစ်သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts