Uncategorized

Maung Ni Mon – Poem

ေ ပြာ င် ချို
မောင်နီမွန်
သြဂုတ် ၁၅၊ ၂၀၁၃


ခွာစုံပေါက်သံ ဖြောင်းဖြောင်းထ
ချိုသွေးသပ တမြမြ
ချိုဖျားပေါ်
ပြိုင်ဘက်တွေ ထွေးခနဲ ထွေးခနဲ
ရန်ဘက်တွေ သွေးရဲသံရဲ
မနေ့တနေ့က မြက်ခင်းထဲမှာ…။
ခုတော့ ရွံ့စိတ်ညှို့ယူနေတာကလွဲလို့
အသက်ဓာတ်မပါ
ကိုယ်ထည်ဗလာ
ချိုခွင်ချည့်သက်သက်သာ
မေ့လျော့ခံနံရံပေါ် ငြိမ်လို့…။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts