Uncategorized

Wutt Hmoe (Former Staff) – Articles

လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး သမ္မတဦးသိန်းစိန် တိုက်တွန်းကို ဆွေးနွေးခြင်း
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၆၊ ၂၀၁၃


Myanmar Report ကို ထုတ်ပြန်လိုက်ပြီး မြန်မာ့ စွမ်းအင် ကဏ္ဍ အတွက် အကြံပြုချက် ၁၇ ခုကို တင်ပြ ထားသည်။ စွမ်းအင် ဝန်ကြီးဌာန နှင့် အာရှ ဖွံဖြိုးရေး ဘဏ် ၊ Accentor’s Energy စက်မူ လုပ်ငန်းစု တို့ ပူးပေါင်း ရေးဆွဲသည့် အစီရင် ခံစာကို လက်တွေ့ အကောင်ထည် ဖေါ်မည့် မြန်မာ့ ပညာရှင် များစွာ လိုအပ်သောကြောင့်၊ အစိုးရမှ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ပြည်ပရောက်မြန်မာများနှင့်တွေ့ဆုံစဉ် ပြန်လာကြပါ ..ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း အဆင်ပြေနေသူများ ပြန်မလာကြပါ။ သမ္မတအကြံပေးဦးလှမောင်ရွှေအဖွဲ့ မေလ(၁)ရက်၊ ၂၀၁၃ တွင် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး၊ အမေးအဖြေများပြုလုပ်ခဲ့ကြပါသည်။  ပြန်လာကြပါဟုဖိတ်ခေါ်သော အမိမြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမျိုးသားစိတ်ဓါတ်ဖြင့် မည်ကဲ့သို့ကူညီနိုင်မည်ကို နေ့၁၂နာရီမှာ ညနေ၅နာရီခွဲတိုင်အောင် ဆွေးနွေးကြပါသည်။ လက်တွေ့ဖြစ်ဖို့ မလွယ်သေးသည့် ပေါ်လစီဆွေးနွေးမှုများအဖြစ် ရှိနေပါသေးသည်။ ၀န်ကြီးဦးအောင်မင်းက ပွင့်လင်းစွာဖြင့် မိမိတို့အစိုးရသစ်သည် နိုင်ငံပြုပြင်ပြောင်းလဲကာစ၊ ဘာမှမသိပါကြောင်းဝန်ခံကာ၊ တတ်သိလာစေရန် နေ့ညမပြတ်ကြိုးစားနေရကြောင်း ပြောပြပါသည်။ အမေရိကန်မြန်မာဆရာဝန်များ၊ စင်ကာပူရောက်မြန်မာအင်ဂျင်နီယာများ ကူညီပံ့ပိုးမှု အလွန်လိုအပ်ကြောင်း အမှာစကားပြောသွားပါသည်။ စင်ကာပူမှ ဦးအေးငြိမ်း (စက်မှုအင်ဂျင်နီယာ) ကလည်း လောလောဆယ် မိသားစုစားဝတ်နေရေးကြောင့် ပြန်လာဖို့ဖိတ်ခေါ်သော်လည်း၊ မပြန်လာနိုင်သေးပါကြောင်း တင်ပြခဲ့ပါသည်။ 
မြန်မာအစိုးရလူကြီးများသည် လျှပ်စစ်မီးရရှိရေးနှင့်အလုပ်အကိုင်ရရှိရေးတို့ အဓိကဖြစ်နေကြောင်း သိရှိနေပါသည်။ နိုင်ငံတော်သမ္မတကိုယ် တိုင် လွှတ်တော်သို့ အောက်ပါအတိုင်းပြောကြားသွားသည်ဟု ဆိုသည်။ 
● RFA လွှတ်တော်သတင်း 2013-08-14
လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်ခွဲကာလအတွင်း  ပြည်သူတွေ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က   တိုက်တွန်းလိုက်ပါတယ်။
နေပြည်တော်က သမ္မတနေအိမ်မှာ ဒီနေ့မနက် ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ခုလို တိုက်တွန်းပြောကြားလိုက်တာပါ။  အစိုးရအဖွဲ့အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အဂတိတရားကင်းရှင်း ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က သတိပေးပြောကြား ခဲ့ပါတယ်။
“မိမိတို့အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း ၃ဝ အတွင်း ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားလို တဲ့ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ အလုပ်အကိုင်ရရှိရေး ဆိုတဲ့ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့နဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းဝန်းပြီးလုပ်ကြဖို့ လိုအပ်ပါတယ်၊ ဒီလုပ်ငန်းတွေအောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ဝိုင်းလုပ်ကြဖို့ဖြစ်ပါ တယ်၊  တစ်ဦးချင်းတာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ် တတ်တာရှိပါတယ်၊  စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာဖြစ်သော်လည်းပဲ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်ပါတယ်”
အဲ့ဒီအခမ်းအနားမှာပြောကြားတဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းကို ဒီနေ့ အစိုးရပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက် ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပြည်သူတွေ ဆန္ဒရှိနေကြောင်းနဲ့ မိမိတို့အစိုးရအနေနဲ့ အဲဒီ့ဆန္ဒတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားဖို့လိုကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးနိုင်ခဲ့ပြီး မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်နေ့မှာ ဒုတိယဝန်ကြီး ၅ဦး၊ သြဂုတ် ၁၃ရက်နေ့မှာ ဒုတိယဝန်ကြီး ၃ဦးတို့ကို အသစ်ခန့်အပ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
● ကျွန်ုပ်၏ကောက်နုတ်ချက်
သမ္မတပြောပြသော် …
၁။ ရေကောင်းရေသန့်ရရှိရေး
၂။ လျှပ်စစ်မီးရရှိရေး
၃။ သွားလာမှုအဆင်ပြေရေး (ကား၊ဟန်းဖုန်း)
၎။ အလုပ်အကိုင်ရရှိရေး …(အထည်ချုပ်၊ စက်ရုံများ၊ စာသောက်ကုန်လုပ်ငန်းများ etc)
ထို(၄)ချက်တွင် ချက်ချင်းလက်ငင်း အဆင်ပြေသွားစေနိုင်သည့်အချက် တစ်ခုမှမပါပေ။ အားလုံး စီမံကိန်းနှင့် မြင့်မြတ်စိတ်ထားရှိသူများ ဦးဆောင်၊ အနစ်နာခံလုပ်ကိုင်ရမည်ဖြစ်သည်။ အနစ်နာမခံနိုင်သူများမှာ စီးပွားရေးလုပ်ငန်းများတွင် ခေါင်းမဖေါ်နိုင်အောင် အလုပ်လုပ်နေမည်ဖြစ်သော်လည်း စိတ်ဓါတ်ကောင်းများ Good Attitude ရှိသူများက နိုင်ငံတကာအဆင့်နှင့်အညီ ဦးဆောင်နိုင်မှဖြစ်ပါမယ်။ ယခုအချိန်တွင် ပြည်တွင်းခေါင်းဆောင်များ နိုင်ငံခြားအတွေ့အကြုံ များစွာလိုနေကြောင်း အားလုံးကသိသော်လည်း မပြင်နိုင်ပါ။ အရိုးစွဲနေသော (အမိန့်ပေးမှလုပ်တတ်သည့်စိတ်ဓါတ်)များကို ပြင်ဆင်ရန် ခက်ခဲလှပေသည်။
လျှပ်စစ်လုပ်ငန်းတွင် မည်သို့တိုးတက်အောင်လုပ်မည်နည်း။ ရှင်းနေပါသည်။ တရုပ်ပြည်နှင့်ထိုင်းနိုင်ငံတို့တွင် လျှပ်စစ်ဓါတ်အားပေး စက်ရုံများကို တည်ဆောက်ပြီး ထွက်လာသောဓါတ်အားကို တစ်ဝက်စီ ရောင်းချပေးရန်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံက တစ်ယူနစ်ဈေးနှုန်း ပိုပေးဝယ်ယူရမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တစ်ယူနစ် ၄ဆင့်မှ ၁၀ဆင့် (US$ cent) သာ ပေါက်ဈေးရှိသော်လည်း မြန်မာပြည်ဖက်တွင် ၁၅ဆင့်မှ ၂၀ဆင့်အထို ဈေးပေါက်နေသည်။ အစိုးရက မီးထွန်းဖို့ပေးသောဓါတ်အားနှင့်မရျိမဖြစ် ခရိုနီစက်ရုံများအား ရောင်းပေးသောဈေးနှုန်းမှာမူ ၃ဆင့် ဖြင့်ရောင်းချနေသည့်အပြင်၊ အခမဲ့ယူသုံးနေသော စီးပွားလုပ်ငန်းများစွာရှိသည်။ အစိုရဌာနကို မည်သို့စာရင်းစစ်မည်နည်း။ 
အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်တွင် FDI ဖြင့်လာရောက်ရင်းနှီးသည့် အထည်ချုပ်စက်ရုံများ၊ ၂ဆခန့်တိုးလာခြင်းသည်။ အလုပ်အကိုင်အခွင့်အလမ်းကြီးတစ်ခုဖြစ်သည်။ စားသောက်ကုန် တစ်နိုင်လုပ်ငန်းများစွာမှာ၊ (ဆန်စက်၊ ဆီစက်၊ ဘီစကွတ်စက်၊ ခေါက်ဆွဲစက်၊…etc) အလုပ်သမာစက်ရုံးများဆောက်လုပ်လာဖို့လည်း လိုသည်။ အလုပ်သမားအမြောက်အများဆုံးမှာ လယ်ယာလုပ်ငန်း (၇၀%) ရှိသည်။ ထိုလူတန်းစားသည် အမွဲတေဆုံးလူတန်းစားအဖြစ် ခေတ်အဆက်ဆက် ရှိနေမည်ဖြစ်သော်လည်း၊ မြန်မာပြည်တွင် မတင်သွင်းရသေးလျှပ် မြန်မြန်အကောင်ထည်ဖေါ်ရပေမည်။ အလုပ်သမားများကို သတ်မှတ်ပေါက်ဈေး (အနိုမ့်ဆုံးလုပ်ခ) ဖြင့် အလုပ်ပေးမည်ဖြစ်သည်။ 
သယံဇာတရောင်းစားခြင်းမှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်နေကျကိစ္စဖြစ်သည်။ လုံးဝပွင့်လင်းမြင်သာမှုမရှိအောင်ဖြစ်နေသည်မှာ သဘာဝကျပါသည်။ နိုင်ငံအတွက် လည်း လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။ လူတကာသိသွားလျှင် နိုင်ငံအတွက်လည်း မကောင်းပါ။ လွှတ်တော်တွင် ထိုကိစ္စကို သီးသန့် ကာ/လုံနှင့် ငြိမ်းချမ်းကော်မတီ များသာ ဆွေးနွေးနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော .. တိုင်းရင်းသားလက်နက်ကိုင်များမှာ သယံဇာတ လုယူ/ဓါးပြတိုက်/ဝေစုမတည့်ခြင်းကို Hidden Agenda ဖြစ်သည်။ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်မှ ဝင်ငွေမရှိပဲမရပ်တည်နိုင်သလို၊ အစိုးရစစ်တပ်လည်း ဝန်ငွေမရှိပဲ စစ်သား ၄သိန်းကို ကျွေးမွေးမထားနိုင်ပါ။ လက်နက်ကိုင်စစ်သားများ ကျေနပ်အောင် သူတို့ဝင်ငွေရသည့်အလုပ်များ လုပ်ခွင့်ပေးနေရသည်။ အထူးသဖြင့် သယံဇာတ ထွက်ကုန်၊ လူသုံးကုန်ပစ္စည်း (ကန့်သတ်ကုန်များ) သွင်းကုန် အခွန်ကောက်ခြင်းလုပ်ငန်းများဖြစ်သည်။
ပြည်ပ ထုတ်/သွင်းကုန်များတွင် ၄မျိုး အကြမ်းဖျင်းခွဲခြားနိုင်သည်။ 
(စစ်လက်နက်ပစ္စည်းများမပါ)
၁။ ကန့်သတ်ထုတ်ကုန်များ (လိုင်စင်နှင့်ပါမစ် – ခရိုနီများသာလုပ်ကိုင်) Export
– ဓါတ်ငွေ့ (ရတနာ၊ ရဲတခွန်၊ ရွှေ ..etc)
– ကြေးနီ (မုံရွာ၊ လက်ပတောင်းတောင်)
– နိကယ် (တကောင်းမြို့အနီး) 
– ကျောက်စိမ်း (ကချင်ပြည်နယ်၊ ဖားကန့်)
– နီလာ၊ပတ္တမြား၊ကျောက်မျတ် (မိုးကုတ်၊မိုင်းရှုး..etc)
– ကျွန်းသစ်နှင့်သစ်မာများ (ကချင်၊စစ်ကိုင်း၊ကရင်၊မွန်၊ပဲခူးရိုးမ၊ရခိုင်ရိုးမ …)
– ပုလဲ (မြိတ်ကျွန်းစု)
– ရွှေ (ကချင်၊စစ်ကိုင်းတိုင်း မြစ်ရိုးတလျှောက်)
– ငွေ၊ သံဖြူ၊ အဖြိုက်နက် … (မွန်ပြည်နယ်)
– အခြားလူမသိသေးသော သတ္တုတွင်းများ (တရုပ်-မြန်မာ)
– လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်း (နယ်စပ်- ကချင်ပြည်နယ်တာပိန်ဓါတ်အားရုံ ..etc)
– ဆေးရွက်ကြီး၊ ဘိန်းနှင့်မူရစ်ဆေးများ (တရာမဝင်၊ နယ်စပ်များ)
၂။ ကန့်သတ်မထားသောကုန်စည်များ Export
– လူသားအရင်းအမြစ် (အေးဂျင်များဖြင့်၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး၊ အလုပ်သမား၊အိမ်စေ .ထိုင်း၊မလေးရှား၊စင်ကာပူများသို့ တင်ပို့ခြင်း)
– ငါး၊ပုဇွန် (ရေချိုငါး၊ပုဇွန်ကန်များ၊ ရေငံပင်လယ်ငါး၊ပုဇွန်များ) $2000 millions
– ဆန် (US$ 1000 million)
– ပဲမျိုးစုံ  (US$ 800 million)
– ရာဘာ၊ (အများစုတရားမဝင်ထိုင်း၊ဘင်္ဂလားဒေခ်ျသို့ထုတ်ရောင်းသည်။ ~US$1000 million)
– အသီးနှံမျိုးစုံ (Us$100 million)
  (သရက်၊ မာလကာ၊ ဇီးသီ၊ မန်ကျီး၊ ငြုတ်၊ သီဟိုစေ့၊ ဘယ်ရီသီး၊ ငှက်ပျော်ခြောက် plaintain, ပလောပီနန် cassava ) 
– မြေပဲ၊ နှမ်း၊ နေကြာ (US$500 million)
– ကော်ဖီ၊လက်ဘက်ခြောက်
– ပျော့ဖတ် (ဝါးဖြင့်လုပ်သည်)
– သစ်မွှေး၊ဘယဆေးနှင့်ရှားပါးတိရိစ္ဆာန်၊သစ်ဥ၊သစ်ဖု၊သဘာဝပျားရည်၊ဘယဆေးများ ..
၃။ တရားဝင် သွင်းကုန် ၅၃၉ကျော်  Import
ပါမစ်၊လိုင်စင်မလိုပဲ 2013 သွင်းခွင့်၊အမိန့်ထုတ်ပြန်ပြီးဖြစ်သည်။ သွင်းကုန်အမယ်ပစ္စည်းအများစုမှာ လူသုံးကုန်၊ စက် မှုကုန်ကြမ်း၊ လုပ်ငန်းသုံး၊ အိမ်သုံး၊ သစ်သီးဝလံ၊လျှပ်စစ်ပစ္စည်း၊ယာဉ်/စက် ပစ္စည်း၊ အပိုပစ္စည်း၊ ဆက်စပ်ပစ္စည်း များ၊အားကစားပစ္စည်း များဖြစ်ကြသည်။ 
နမူနာအားဖြင့်မီးဖိုချောင်သုံးစ တီးပစ္စည်း၊ စတီးထမင်းချိုင့်၊ ဟင်းချက် အိုး၊ ထမင်းပေါင်းအိုး၊ Gas  မီးဖို၊ ဖိနပ် ကုန်ကြမ်း၊ ဖိနပ် (အားကစား၊ သားရေ/ အခြားဆိုးလ်၊ ရော်ဘာ၊ ပလတ်စတစ်) ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာ မှုန့်၊ ဆပ်ပြာမှုန့်ကုန်ကြမ်း၊ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်ကုန်ကြမ်း၊ ဂျုံစေ့၊ ကမုတ်၊ ရေချိုးခန်းသုံးပစ္စည်း၊ သုတ်ဆေး၊ပေါလစ်၊ရေနံထွက်ဖယောင်း၊ အိတ်အမျိုးမျိုး (သားရေ)၊ (fibre/ ဘိုးလင်း) ဖြင့်ပြုလုပ်ထားသောစက္ကူ အိတ်များ၊ကား/စက်ဘီး/ဆိုင်ကယ် တာယာ၊ ကျွတ်များ၊ ကျွတ်မျိုးစုံ၊ လေ ယာဉ်/ဆိုင်ကယ်တာယာများ၊ စက်ဘီး အမျိုးမျိုး၊ စက်ဘီးအပိုပစ္စည်းအမျိုးမျိုး၊ ဘတ်ထရီခြောက်၊ဆောက်လုပ်ရေး လုပ် ငန်းသုံးအင်္ဂတေအမိုးပြား၊ ကြွေပြားမျိုး စုံ၊ကြွေပွတ်လုံး၊ကြွေအိမ်ဆောက်ပစ္စည်း ကြွေထည်အမျိုမျိုး၊ မှန်ပြား၊ မှန်အမျိုး မျိုး၊ သံဘောင်၊ စတီးဘောင်အမျိုးမျိုး၊ သွပ်ပြား (စတီးပြား)၊ မျက်နှာကြက်ပြား၊ U,I,4 Shaped  သံဘောင်များ၊ အမိုး ရိုက်သံ၊ အလျူမီနီယံ၊ မီးဖိုချောင်သုံး အလျူမီနီယမ်၊ဆိုးဆေး၊ ပေါင်းသတ်ရာ မှာသုံးတဲ့ ပစ္စည်း၊အလှကုန်၊မျက်နှာကြက် ပြား၊ ဓာတ်ခဲကုန်ကြမ်း၊ သံကြိုးခွေ၊ သံချိန်းကြိုး၊ စတီးပြားလိပ်၊ သံပြားလိပ်၊ သံပိုက်၊ သွပ်ရေစိမ်စတီးပြား၊ စတီးပိုက်၊ ပိုက်ဆက်ပစ္စည်း၊ သွပ်ရေစိမ်သံပြား လိပ်၊ သံခွေ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ပရိဘောဂ (သတ္တု/သစ်သား/ပလတ်စ တစ်/ကြိမ်/၀ါး)၊ ပရိဘောဂအပို ပစ္စည်း၊ မွေ့ယာနဲ့မွေ့ယာ အပိုပစ္စည်း၊ ရေပူရေအေး စက်၊ စာရေးကိရိယာ၊ စက္ကူအမျိုးမျိုး၊ တစ်ရှူး၊ တစ်ခါသုံးစက္ကူလက်ကိုင်ပ၀ါ၊ ballpen၊ ခဲတံ၊ ခဲဖျက်၊ ကတ်ထူပုံနှိပ် စက္ကူ၊ နံရံကပ်စက္ကူ၊ ပုံနှိပ်မင်၊ Stepler pin ၊ လုပ်ငန်းသုံးကွန်ပျူတာ၊ Lap Top၊ ဂျုံစေ့၊ နေကြာစေ့၊ ရနံ့ဆီအမျိုး မျိုး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ချည် အမျိုးမျိုး၊ ပိတ်စအမျိုးမျိုး၊ ချည်လုံး၊ နိုင် လွန်ချည်၊ မီးစက်၊ မီးအားထိန်းစက်၊  20 KW Transformer နဲ့အပိုပစ္စည်း၊ထရန် စဖော်မာကွိုင်ပြုလုပ်ရန်သံပြား၊ လျှပ်စစ် သုံးမော်တာ၊ LCD/LED TV၊ ရောင်စုံ TV၊ Video  ပြစက်စသည်တို့ပါရှိသည်။ အသေးစိတ်စာရင်းကို နေပြည် တော်၊ ရန်ကုန်နဲ့ကူးသန်း ရောင်းဝယ် ရေးစခန်းများတွင် စုံစမ်းနိုင်သည်။
ယခင်က လက်ဝါးကြီးအုပ်အရင်းရှင်၊ခရိုနီများနှင့်သူတို့လက်ပါးစေ အခွန်ဝန်ထမ်းများသာ လုပ်စားနေသောဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်း အား ကြိုးဆိုရမည်ဖြစ်သည်။ သွင်းကုန် ကွန်တိန်နာပစ္စည်းတန်ဖိုးအတွက် အခွန် ၂% (သို့မဟုတ်) သုညရာနှုန်းပေးပြီး တင်သွင်းခွင့်ပြု ထားသည်။
၎။ တရားမဝင် (ကန့်သတ်ပစ္စည်း) သွင်းကုန်များ  Import
အထူးသဖြင့် လူ့မလိုင်၊ အထက်တန်းစားများအတွက် ဇိမ်ခံပစ္စည်းများကို ပါမစ်၊လိုင်စင်ရှိသူများသာ တင်သွင်းခွင့်ရှိသည်။ 
– လောင်စာဆီအမျိုးမျိုး
– ဇိမ်ခံကားအမျိုးမျိုး
– ဇိမ်ခံပစ္စည်အမျိုးမျိုး (အနှိပ်ခံစက်၊ လျှပ်စစ်မွှေ့ယာ၊ ရိုးလက်စ်နာရီ၊ Branded Clothing & Accessories ..etc)
– အရက်၊ဘီယာနှင့်ဆေးလိပ်၊ဆေးပြင်လိပ်
– ဆေးဝါးပစ္စည်းမျိုးစုံ
– ကလေးနို့မှုန်နှင့်အခြားကန့်သတ်၊ တန်ဘိုးကြီးစားသောက်ကုန်ပစ္စည်းများ
– လက်ဝတ်ရတနာများ (အမေရိကန်၊ ဥရောပ၊ စင်ကာပူတို့မှ စိန်၊ရွှေ၊ပလက်တီနမ်၊သွေးပြီးကျောက်မျက်ရတနာများ၊
စွာရှိသည်။
● မြန်မာနိုင်ငံတွင်လူများစိတ်ဝင်စားသောအလုပ်များ
အစိုးရက စက်မှုလက်မှုလုပ်ငန်းများ၊ အထူးသဖြင့် Food Process Industry စက်ရုံများလုပ်ရန် အားပေးသော်လည်း၊ နှစ်များစွာစောင့်ရမည်ဖြစ်သောကြောင့် ငွေရှိသော ခရိုနီ၊မိုနိုပိုလီများနှင့် နိုင်ငံခြားရင်းနှီးမြှတ်နှံသူများ စိတ်မဝင်စားပါ။ ငွေမြန်မြန် ပြန်ပေါ်သော ကန့်သတ်ကုန်ပစ္စည်းများ သွင်း/ထုတ်လုပ်ငန်းကို တဟုန်ထိုးလုပ်ကိုင်နေသည်။ ဥပမာ လောင်စာဆီ တင်သွင်းခွင့်ပါမစ်ရလျှင် ဒေါ်လာတစ်သန်းဖိုး တင်သွင်းလာပါက တစ်လအတွင်း ၁၀၀% အမြတ်ရမည်။ တစ်နှစ်ဆိုလျှင် ရင်းနှီးငွေ ဒေါ်လာတစ်သန်းမှ အမြတ် ဒေါ်လာ၁၂သန်းရမည်။ ထိုကဲ့သို့ အစိုးရအခွန်ငွေကို ဖြတ်တောက်၊လုယူ၊ ခြစားသောလုပ်ငန်းများသာ ခရိုနီများနှင့်မိုနိုပိုလီများ တန်းစီလုပ်စားနေကြပါသည်။ ထို့ကြောင့် လူများသည်လည်း Service Industry ဖြစ်သော ဆေးရုံ၊ ပုဂ္ဂလိကကျောင်း၊ သင်တန်းကျောင်း၊ အလုပ်သမားပြည်ပပို့ခြင်း၊ နိုင်ငံခြားကုမ္ပဏီများအား ဝန်ဆောင်မှု (ကြော်ငြာ၊ ဒီဇိုင်း၊ ဖက်ရှင်ရှိုး၊ ကမ္ဘာလှည့်ခရီးသည်၊ ဟိုတယ်လုပ်ငန်း ..စသည်တို့တွင် စုပုံနေကြသည်။ စက်မှုလက်မှု၊ လျှပ်စစ်ထုတ်လုပ်မှု၊ လမ်းဖေါက်လုပ်မှုများကို အစိုးရက လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးထဲ B.O.T ဖြင့် ကုမ္ပဏီကြီးများကို အစိုးရက အတင်းကြပ် လမ်းတံတား၊ စက်ရုံ၊ ဓါတ်အားပေးစက်ရုံများ ဆောက်လုပ်စေသောအခါ တစ်ဖက်သတ်ချုပ်ဆိုထားသော ခရိုနီ မြန်မာအုန်လီးဘီအိုတီ Myanmar Only – BOT စာချုပ်များပေါ်လာသည်။ ခရိုနီ၊မိုနိုပိုလီများသည် သူတို့စိုက်ပေးထားသောငွေကို တစ်နှစ်၊ နှစ်နှစ်အတွင်း အနည်းဆုံး အရင်းပြန်ရဖို့ နည်းမျိုးစုံဖြင့်ကြိုးစားမည်ဖြစ်သည်။ ဥပမာ .. ဆိပ်ကမ်းလမ်းမကြီးကို BOT ဖြင့်ဆောက်လုပ်ပြီးစီးသောအခါ ကားဖြက်သန်းခ အဆမတန်ကောက်ယူသည်။ ထိုအခါ မြန်မာထုတ်ကုန်ပစ္စည်းများ အာစီယံနိုင်ငံများနှင့်ယှဉ်ကြည့်လျှင် တန်ဘိုးပိုကြီးနေလျှင် တိုင်းပြည်ဆုံးရှုံးနစ်နာမည်ဖြစ်သည်။ မြန်မာပြည်တဝှမ်း B.O.T စနစ်ဖြင့် လမ်းများကို ဆောက်ရန်စီစဉ်နေသည်ဟု သိရသဖြင့် ကားလမ်းပိတ်ပြီး၊ လက်နက်ကိုင်တိုင်းရင်းသားများ အခွန်ကောက်စားခြင်းကို မြန်မာပြည်တဝှမ်း B.O.T ခရိုနီ၊မိုနိုပိုလီများအား ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်ပေမည်။ 
လမ်းတံတားများမှာ အမြက်အစွန်းနည်းပါးလှသည့် အခြေခံအဆောက်အဦးဖြစ်သောကြောင့် နိုင်ငံတိုင်းတွင် အစိုးရကသာ အကုန်ကျခံဆောက်လုပ်သည်။ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော စက်ရုံ၊ လျှပ်စစ်ဓါတ်အားပေးရုံများကိုမူ B.O.T ဆောက်လုပ်ခွင့်ပေးခြင်းပင်လျှင် တဖက်သတ်စာချုပ်မဖြစ်ရန် အစိုးရ ရင်းနှီးမြှတ်နှံမှုကော်မတီမှ စစ်ဆေး၊အတည်ပြုပေးရမည်။ သို့မဟုတ်ပါက မြန်မာပြည်တွင်းထုတ် ကုန်ပစ္စည်းများသည် ပြည်ပကုန်ပစ္စည်းများထက် ဈေးပိုကြီးနေလျှင် တိုင်းပြည်နစ်နာဆုံးရှုံးမည်ဖြစ်သည်။ ထိုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် မြန်မာအစိုးရသစ်တွင် နိုင်ငံခြားရောက် မြန်မာတတ်သိပညာရှင်များကို တရုပ်ပြည်ကဲ့သို့ အုပ်စုတစ်ခု ထူထောင်ပေးရန် အလွန်အရေးကြီးနေပြီဖြစ်သည်။
● သမ္မတတိုက်တွန်းမှုမှကောက်နုတ်ချက်
အထက်ပါစာရင်းမှာ CIA Facts အချက်လက်များနှင့်ကမ္ဘာ့ကုန်စည်ရောင်းဝယ်မှုမှတ်တမ်းများမှ အကြမ်းဖျင်းရယူထားဖြင်းဖြစ်သည်။ ကန့်သတ်မထားသော ကုန်စည်များကို သာမန်လူတိုင်း ကွန်တိန်နာဖြင့်အထုတ်/သွင်း လွယ်ကူအောင်လုပ်ပေးရာတွင်၊ ကုန်သယ်ကလေး၊ ကုန်သယ်ကြီးများစွာ အထူးသဖြင့်နယ်စပ် (ယူနန်ပြည်နယ်စပ်၊ မူဆယ်၊ ဗန်းမော်) တရုပ်ပြည်သို့၎င်း၊ နယ်စပ်ထိုင်းနိုင်ငံသို့ မဲဆောက်၊တာချီလိပ်၊ဘုရားသုံးဆူ၊ ကော့သောင်များမှ၎င်း၊ ဘင်္ဂလားဒေ့ခ်ျသို့ ရခိုင်ဆိပ်ကမ်းများမှ၎င်း၊ အိန္နိယသို့တမူး၊ အာသံနယ်စပ်များမှ၎င်း တင်ပို့နေကြသည်။ အထူးသဖြင့် စီပွားကောင်းသော ကချင်၊ဝ၊ရှမ်း၊ကယား၊ကရင်၊မွန် ဒေသများသတွင် တိုင်းရင်းသားလက်နက်ကိုင်များက ဘာမှမလုပ်တတ်ရင်နေ၊ ဖြတ်သွားသူကုန်သယ်များကို အကောက်ကောက်စားသည်နှင့် ဝင်ငွေရနေသည်။ ယခင်စစ်အစိုးရလက်ထက်က တားမြစ်ကုန်များ (အထူးသဖြင့်၊ မူးရစ်ဆေးဝါး၊ အရက်၊ဆေးလိပ် စသည်တို့သည် အထူးစီးပွားဖြစ်ကုန်ပစ္စည်းများဖြစ်သည်။ ယခုအစိုးရသစ်လက်ထက်တွင် သွင်း/ထုတ်ကုန်များစွာ တိုးတက်လာသောကြောင့်၊ လက်နက်ကိုင်များအတွက် အခွန်ကောက်ခြင်းသည် အဓိကဝင်ငွေဖြစ်သည်။ အစိုးရသစ် ငြိမ်းချမ်းရေးကော်မတီ ၁၁ဦး (ကာ/လုံ ၉ဦးပါဝင်) အဖွဲ့အဖို့ မည်ကဲ့သို့ဖြေရှင်းမည်နည်း.. ၊ မည်ကဲ့သို့ သယံဇာတအမြတ်အစွန်းကို ဝေခွဲမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ 
ထိုမျှအရေးကြီးလှသော ငြိမ်းချမ်းရေးကော်မတီကို သမာ၊သမတ်ကျကျ ဆုံးဖြတ်ချက်များ ချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတိုက်အခံများ ပါဝင်သင့်သလို၊ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများအတွက် ကိုယ်စားလှယ်တစ်ဦး (သို့မဟုတ်) ၃ဦးခန့် ပါဝင်စေသည့်ပါသည်။ ယခုလက်ရှိအခြေအနေတွင် ကာ/လုံနှင့်ငြိမ်းချမ်းရေးကော်မတီ တို့တွင် စစ်အမျိုးအနွယ်ဗိုလ်ချုပ်နှင့်ဗိုလ်ချုပ်ဟောင်းများသာ ၉၀% ပါဝင်နေခြင်းသည် စစ်အာဏာရှင်များလက်တွင် နိုင်ငံတော်အာဏာ ၉၀% ရှိနေကြောင်း နိုင်ငံရေးသမားနှင့်ပါတီအားလုံးက သိရှိပါသည်။ ပြည်သူများကတော့ ကျပ်၁၅၀၀ ဖုန်များ၊ မူဆလင်အရေးခင်း၊ နေ့စဉ်စားဝတ်နေရေးအလုပ်များဖြင့် အလုပ်ရှုပ်နေသောသည်။ အထူးသဖြင့် မြန်မာပြည်သည် စားစရာ၊ ဖူလုံသည့် သဘာဝမြေဆီလွှာများကြောင့် သီးနှံ၊သားငါးများ ကြွယ်ဝသဖြင့် မြန်မာများ ငတ်သေသူ ရှားပါးခြင်းမှာ၊ စစ်အစိုးရသက်တမ်းရှည်စေခဲ့သည်။ သို့သော် ထိုအချက်ပင်လျှင် တိုင်းပြည်တိုးတက်ရန် အဓိကတွန်းအားဖြစ်နေပါသည်။ လယ်သမားများ ဆင်းရဲမွဲတေမှုမှ အမြန်ဆုံးလွတ်မြောက်အောင် စိုက်ပျိုးရေးကဏ္ဍကို ပြည်ပပို့ကုန်မြှင့်တင်ပေးရန် အစိုးရမှ လမ်းပန်း၊ဆက်သွယ်ရေးအတွက် အကုန်ကျခံပေးရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်တိုက်တွန်းချက်၊ လျှပ်စစ်မီးရရှိရေး၊အလုပ်အကိုင်ရရှိရေးကို လက်ရှိဖြစ်ရပ်မှန်များနှင့်ကောက်နုတ်ကြည့်ပါက ခရိုနီ၊မိုနိုပိုလီများလက်မှ ရုန်ကန်အောာင် အော်ဟစ်ငေါက်ငန်းနေသည်နှင့်တူပါသည်။ ကြိမ်လုံးမပါပဲ စည်းကမ်းလိုက်နာအောင် ပြောနေသည်။ Carrot & Cane ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးလိုသော်လည်း သမ္မတကြီးအဖို့ ခက်ခဲနေပါသည်။ နောက်တက်မည့် သမ္မတသည် လက်ရှိခရိုနီ၊ မိုနိုပိုလီများ မတရားအခွင့်ရေးယူ၊ အခွန်ရှောင်၊ မတရား B.O.T, ကန့်သတ်ထားသော သယံဇာတများ ထုတ်/သွင်း ပါမစ်လိုင်စင်များ ရနေခြင်းကို သမ္မတဦးသိန်းစိန်လက်ထက်တွင် လုပ်ဆောင်နိုင်ပါက အလွန်ချီးကျူးလေးစားဖွယ်မှတ်တမ်းတင်မြည်ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts