ကဗျာပြားခြင်း
သစ်ကောင်းအိမ်
စက်တင်ဘာ ၁၈၊ ၂၀၁၃
အရူးကို မီးဝိုင်းတယ်
ကျနော်တို့ကို တောင်တွေကဝိုင်းတယ်
ခင်ဗျားလက်ထဲမှာ
သောက်ရေသန့်ဗူးနဲ့
ကျနော်တို့လက်ထဲမှာ
ရေကိုပြုတ်သောက်ပါဆိုတဲ့
သတိပေးကြေငြာချက်နဲ့
ကမ္ဘာ့ရွာကြီးမှာ လျှပ်စစ်မီးနဲ့
ကျနော်တို့ရွာကြီးမှာ
ဖယောင်းတိုင်မီးနဲ့
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ
လူအခွင့်အရေးဆုတံဆိပ်တွေရှိတယ်
အစိုးရမရှိတဲ့လူ့အဖွဲ့အစည်းမှာ
မီးသွေးတောင့်လောင်စာရှိတယ်
ကွန်ပြူတာအင်တာနက်ပေါ်ကတဆင့်လည်း
ဖမ်းယူနားဆင်နိုင်ပါတယ်
အနာပေါ် အနားတွေလိပ်လို့
အနားပေါ် အသွားတွေလိပ်လို့
သောမတ်ဖရိုက်ချစ်ကင်းဆိုလား..ဘာလား
အဲဒီငနဲတယောက်က စပြောတယ်ဆိုလားပဲ
ကမ္ဘာကြီးဟာ ဆင်းနင်းယပ်တောင်တဲ့
‘ဒီလူနဲ့တော့
ဒုက္ခပဲ…..’
အတင့်ရဲလိုက်ပုံက
ဒုက္ခသည်စကားပုံအတိုင်းဆို
သူကိုယ်တိုင်လည်း ‘ဘိုင်အို’ မခိုင်ဘူး …။ ။
(၁၈။ ဒီဇင်ဘာ။ ၂၀၀၆)
(ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားများနေ့ ….)