ကဗျာ

လင်းသက်ငြိမ် – ကျောင်းသားတွေနိုင်တယ်

 လင်းသက်ငြိမ် – ကျောင်းသားတွေနိုင်တယ်
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅
ဒဏ်ရာဒဏ်ချက်တွေနဲ့
ကျောင်းသားတွေနိုင်တယ်
ချွေးတွေသွေးတွေနဲ့
ကျောင်းသားတွေနိုင်တယ်
မျက်ရည်စက်တွေ အဖုအပိမ့်တွေနဲ့
ကျောင်းသားတွေနိုင်တယ်
သံတိုင်တွေကြားထဲက
ပုဒ်မတွေကြားထဲက
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
သေလုနီးပါးအာဇာနည်တစ်ယောက်လို
အလံကို မလှဲအောင်ထိန်းရင်း
အဆက်မပြတ်အော်ဟစ်နေကြတယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
ရင်ထဲကတစစ်စစ်နာကျင်ရင်း ကြွေးကြော်တယ်
မျက်ရည်ပေါက်တွေကျရင်း ကြွေးကြော်တယ်
နှုတ်ခမ်းတွေပြတ်ထွက်မတတ် အံတွေကြိတ်ရင်း
ကြွေးကြော်တယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေနိုင်တယ်
ကျောင်း သား တွေ နိုင် တယ် ။လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts