သတင်းပဒေသာ

သတင်းသမား ၂၀ ဦးက အစိုးရတက်မည့် IPI သတင်းညီလာခံကို မတက်ဟု MJN ထုတ်ပြန်


သတင်းသမား ၂၀ ဦးက အစိုးရတက်မည့် IPI သတင်းညီလာခံကို မတက်ဟု MJN ထုတ်ပြန်

(မိုးမခ) မတ် ၁၈၊ ၂၀၁၅

မတ်လ အကြမ်းဖက်ဖြစ်စဉ်များအတွင်း သတင်းသမားများ ရိုက်နှက်ဖမ်းဆီးခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆီလျော်သည့် တုံ့ပြန်ဖြေရှင်းမှု မရှိခဲ့ကြောင်း။ သို့ဖြစ်၍ လာမည့် မတ်လ ၂၇ မှ ၂၉ ထိရန်ကုန်မြို့တွင် ကျင်းပရန်ရှိပြီး နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးတို့ ဖိတ်ကြားထားသည့်  IPI International Press Conference သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုရန် စည်းရုံးပြောဆိုခဲ့ကြကြောင်း။ ထိုအခါ … ယင်းကွန်ဖရင့် ဖိတ်ကြားခံရသော်လည်း တက်ရောက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည့် သတင်းသမားများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း Myanmar Journalists Network က ထုတ်ပြန်လိုက်ပါတယ်။

၁၊ ကျော်ဇေယျ (ရန်ကုန်)

၂။ ကိုဇော်ခမ်းဟိန်း (ရန်ကုန်)

၃။ ကိုကောင်းထက်စံ (ရန်ကုန်)

၎။ ကိုမျိုးအောင် (မွန်ပြည်နယ်)

၅။ ကိုဥာဏ်စိုး)င်း (မွန်ပြည်နယ်)

၆။ ဦးချစ်မြ (ရခိုင်ပြည်နယ်)

၇။ ကိုပိုင်စိုး (ရန်ကုန်)

၈။ ကိုထက်နိုင်ဇော် (ရန်ကုန်)

၉ ။ ကိုဥာဏ်လင်း (ရန်ကုန်) မော်ကွန်း

၁၀။ ကျော်သူရမျိုး (မန္တလေး)

၁၁။ မဖြူမာပိုင် (မန္တလေး )

၁၂။ မမိုးမိုးအိ (ထားဝယ်)

မဇ္ဈိမမီဒီယာမှ တောင်းခံလာ၍ အန်ဂျေအန်က နာမည်စာရင်းပေးထားသည့် ၈ ဦးကိုလည်း မတက်ရောက်တော့ကြောင်း အကြောင်းကြားခဲ့သူ ၈ ဦး ဖြစ်၍ မတ်လ ၁၇ ရက်နေ့ထိ စုစုပေါင်း ၂၀ ဦးရှိပြီဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “သတင်းသမား ၂၀ ဦးက အစိုးရတက်မည့် IPI သတင်းညီလာခံကို မတက်ဟု MJN ထုတ်ပြန်

Comments are closed.