ကဗျာ

ခက်ဦး – ကျောင်းသားတွေ နိုင်တယ်

  ခက်ဦး – ကျောင်းသားတွေ နိုင်တယ်
(မိုးမခ) မတ် ၁၃၊ ၂၀၁၅

ဆုပ်ညှစ် ဖိချေ လှိုက်ပူတဲ့ဒဏ်ကြောင့်ပဲ
ကျောက်ရိုင်းတွေ ပတ္တမြားဖြစ်ကြတယ်
ကျောင်းသားတွေ နိုင်တယ်  ။

ဖိတွန်းအားနဲ့ ကျောက်သားကြမ်းပေါ် အမွှန်းခံရလို့
ဓားရိုင်းတွေဟာ ထက်ရှရတယ်
ကျောင်းသားတွေ နိုင်တယ်  ။

အမွှာမွှာ ခွဲထုတ် ဆွဲဆုတ်ပစ်တိုင်း
ကျစ်သားကြိုးက မြဲမြံလာတယ်
ကျောင်းသားတွေ နိုင်တယ်  ။

ဟိတ် !
ပြောင်းမသွား မကြေနိုင်ဘွယ်
ဒေါင်းတရား အရှည်တိုင်တည်
(ငါတို့) ကျောင်းသားတွေ နိုင်တယ်
ကျောင်းသားတွေ နိုင်တယ်  ။
၁၃ . ၃ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ခက်ဦး – ကျောင်းသားတွေ နိုင်တယ်

Comments are closed.