ကဗျာ

ညီဆူးသစ် – မမှားသောလမ်းဆီ အရိပ်တွေဟာ တကောက်ကောက်လိုက်တယ်

ညီဆူးသစ် – မမှားသောလမ်းဆီ အရိပ်တွေဟာ တကောက်ကောက်လိုက်တယ်
(မိုးမခ) မတ် ၁၃၊ ၂၀၁၅

ခြေလှမ်းတွေနောက်က အရိပ်များ
ခြေဗွေရာတွေ များတယ်
သွေးအမျိုးစားတွေ စုံတယ်
ဆံပင်တွေ အတိုအရှည်တွေနဲ့
ဒါပေမယ့် ခြေလှမ်းတွေ ညီညီညာညာပဲ
လမ်းတွေဆီ ရောက်ဖို့
ခြေလှမ်းတွေကို ကျော်မနင်းဘူး

မှန်သောလမ်းပဲ မှားသောလမ်းလည်း မဟုတ်
ခေါင်းနဲ့စဉ်းစားတယ်
ခေါင်းနဲ့တွေးတောတယ်
အဲဒီ လမ်း
အဲဒီ စခန်း
အဲဒီ လမ်းက ခြေလှမ်း
ဘယ်တော့မှ မမှားတဲ့လမ်းပဲ

လမ်းမပေါ်က သစ်ပင်ကြီးတွေက
အရိပ်တွေ ပေးခဲ့
လမ်းမပေါ်က သစ်ရွက်တွေက
အသစ်ပြန်ပြောင်းလို့
သစ်ရွက်အကြွေနဲ့ ဂုဏ်ပြုခဲ့

စေတီပုထိုးတော်ဆီက ခေါင်းလောင်းထိုးသံ
ချောင်းငယ်အသွယ်သွယ်များဆီက  စီးခတ်သံ
ခြေလှမ်းများရဲ့နောက်မှာ အရိပ်တွေလို
ခြေနဲ့မကွာလိုက်လို့
အမှားတွေကို မောင်းထုတ်နေတယ်

ဒါဟာ မမှားသောလမ်း
မမှားသောခြေဗွေရာအစုံစုံကို
ပန်းတွေနဲ့ ဂုဏ်ပြုလို့ ကြိုခဲ့
အရိပ်တွေလို တကောက်ကောက်လိုက်တဲ့
လက်တွေများစွာနဲ့  ပွေးဖက်လို့။

(Photo – facebook photos, Phyo Phyo Aung before March 10th Police brutal attack)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts