သတင်းပဒေသာ

လက်ပတ်ဖြူလှုပ်ရှားမှု စတင်မည်

လက်ပတ်ဖြူလှုပ်ရှားမှု စတင်မည်
(မိုးမခ) မတ် ၁၃၊ ၂၀၁၅

လက်ခံရရှိသော အကြောင်းကြားစာကို တင်ပြလိုက်ပါတယ်။

” ကျနော်တို့ လှုပ်ရှားမှုတစ်ခုစီစဉ်ထားပါတယ်။  လူစုလူဝေးနဲ့လည်း လှုပ်ရှားစရာမလိုပါဘူး။ တစ်နေရာရာမှာ စုရပ်အဖြစ်လာဆုံဖို့လည်း မလိုပါဘူး။ (၅)ယောက်တစ်ဖွဲ့စီခွဲပြီး လူတွေရှိတဲ့နေရာတွေဆီသွားမယ်။ (ဘတ်စ်ကားပေါ်တွေ၊ ရထားပေါ်တွေ၊ ပန်းခြံတွေ၊ ဈေးတွေ၊ လမ်းတွေအထိရောက်အောင်လှုပ်ရှားမယ်)။ ပြီးရင် ကျောင်းသားတွေအပေါ် အစိုးရရဲ့အကြမ်းဖက်မှုတွေအကြောင်းရှင်းပြမယ်။ အဲ့ဒီအကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချတယ်ဆိုရင် ဒီလက်ပတ်လေး လက်မှာပတ်ထားလို့ရပါတယ်ဆိုပြီး သူတို့သဘောတူရင် လက်မှာတခါတည်းပတ်ပေးခဲ့ရပါမယ်။
လက်ပတ်က အဖြူပေါ်မှာ အစိမ်းနဲ့ ရေးထားတဲ့ “We are Students. Respect our Rights.” ဆိုတဲ့ စာသားလေး ပါမှာပါ။

ဒီလက်ပတ်ဖြူလှုပ်ရှားမှုကို ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ(၁၃)ရက်နေ့မှာစတင်ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်။ ရမ်းကားတဲ့ အစိုးရကို အသံတိတ်နည်းနဲ့ အတည်ငြိမ်ဆုံးရင်ဆိုင်ကြရအောင်။

ရိုးသားမှုနဲ့စမယ် …
ခင်ဗျားတို့ မတရားမှု
ပြိုကျပျက်သုဉ်းပါစေ…။ “

အဆိုပါ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး မောင်ဆောင်းခ၊ ကိုညီမိုးဆွေနှင့် နေ၀န်းနီ(မန္တလေး) တို့က ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကြောင်း မိုးမခသို့ ပြောကြားသည်။

(ဓာတ်ပုံ – ဧရာဝတီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts