Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – EUSHIDO & INSIN ၏ နယူးရီးယား ကံစမ်းမဲ ဖွင့်ပွဲကျင်းပပြုလုပ်

ရန်နောင် (ဗိုလ်တထောင်) – EUSHIDO & INSIN ၏ နယူးရီးယား ကံစမ်းမဲ ဖွင့်ပွဲကျင်းပပြုလုပ်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅

ယူရှီဒိုး၏ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော နယူးရီးယားပရိုမိုးရှင်းတွင် ဝယ်ယူအားပေးခဲ့ကြသော သူများ အားကျေးဇူး ဆပ်သည့်အနေဖြင့် ကံစမ်းမဲ ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 FoodCenter တွင်ကျင်းပပြုလုပ်ခဲ့သည်။

တေးသံသာဖြင့် ဖျော်ဖြေတင်ဆက်နေသူ သက်စုနဒီ (ဓာတ်ပုံ – ရန်နောင် (ဗိုလ်တထောင်))

ရှေးဦးစွာ တေးသံသာများဖြင့် တက်ရောက်လာသူများအားဖျော်ဖြေခဲ့ရာ အဆိုတော် ဂျက်ဆန်ထွန်းနှင့် သက်စုနဒီတို့မှ သီဆိုပေးခဲ့သည်။ ထို့နောက် မြန်မာပြည်တဝှမ်း အနယ်နယ်အရပ်ရပ်ရှိ  သုံးစွဲသူမိဘပြည်သူများအတွက် ကံစမ်းမဲနှိုက်ကာ ဖွင့်လှစ်ပေးခဲ့သည်။

တေးသံသာဖြင့် ဖျော်ဖြေတင်ဆက်နေသူ ဂျက်ဆန်ထွန်း (ဓာတ်ပုံ – ရန်နောင် (ဗိုလ်တထောင်))

အဆိုပါကံစမ်းမဲများတွင် ငွေဆောင်ခရီးစဉ် (၃၀) ဦး၊ ဘန်ကောက်ခရီးစဉ် (၁၅) ဦး၊ I.Phone 6 (၁) လုံး၊ ရေခဲသေတ္တာ (၂) လုံး၊ အဝတ်လျှော်စက် (၂) လုံး၊ ၄၀ လက်မ တီဗွီ (၂) လုံးတို့ပါဝင်ပြီး သုံးစွဲသူများအတွက် ကျေးဇူးပြန်ဆပ်ပေးခဲ့သည်။

အခမ်းအနားတက်ရောက်လာသည့် ပရိတ်သတ် (ဓာတ်ပုံ – ရန်နောင် (ဗိုလ်တထောင်))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts