Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) ဆင်မြီးဆွဲမြို့တွင် ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်

ရန်နောင် (ဗိုလ်တထောင်) ဆင်မြီးဆွဲမြို့တွင် ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅
စာပေဟောပြောပွဲကိုလာရောက်နားထောင်ကြတဲ့ ဆင်မြီးဆွဲ ပြည်သူ (ဓာတ်ပုံ – ရန်နောင်ဗိုလ်တထောင်)

ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင် ဆင်မြီးဆွဲမြို့တွင် ပြည်လုံးချမ်းသာ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ပထမအကြိမ် စာပေဟောပြောပွဲကို ဆင်မြီးဆွဲ မြို့၏ မြို့သစ်ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့ ည (၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကာတွန်းဆရာ စိုးစံဝင်း (ဓာတ်ပုံ – ရန်နောင်ဗိုလ်တထောင်)

အဆိုပါ စာပေဟောပြောပွဲတွင် ရန်ကုန်မြို့မှ နာမည်ကျော် စာရေးဆရာ၊ ကာတွန်းဆရာ ဆရာစိုးစံဝင်းနှင့် စာရေးဆရာ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဆရာဗေလုဝ တို့မှ လူငယ်များ တိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်သူများ အကျိုးကျေးဇူးများ ရစေရန် ဟောပြောပေးခဲ့ကြသည်။

 ရုပ်ရှင်သရုပ်ဆောင်နှင့် စာရေးဆရာ ဗေလုဝ (ဓာတ်ပုံ – ရန်နောင်ဗိုလ်တထောင်)

ဆင်မြီးဆွဲမြို့ သည် သဲကုန်းခရိုင် အတွင်းတည်ရှိပြီး နာမည်ကျော် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ပုတီးကုန်းမြို့ နှင့်လည်း အနီးလေးဖြစ်သည်။ ထို့အတူ ကမ္ဘာကျော်သီတဂူဆရာတော်ဘုရား၏ သဲကုန်းမြို့လည်းဖြစ်သည်။ ကဗျာဆရာ ကြီး နန်းညွန့်ဆွေ၏ ဇာတိမြို့လေးလည်းဖြစ်သဖြင့် ရေခံမြေခံကောင်းသောပရိတ်သတ်သည် ကွင်းလုံးလျှံမျှ လာရောက်နား ထောင်သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

စာပေဟောပြောပွဲကိုလာရောက်နားထောင်ကြတဲ့ ဆင်မြီးဆွဲ ပြည်သူ (ဓာတ်ပုံ – ရန်နောင်ဗိုလ်တထောင်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts