ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောက်တော်) – ကျူးကျော်တွေအပေါ် ကျူးကျော်တဲ့ အုပ်ချုပ်ရေးမှူးကို အမှုဖွင့်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျူးကျော်တွေအပေါ် ကျူးကျော်တဲ့ အုပ်ချုပ်ရေးမှူးကို အမှုဖွင့်
ချမ်းမြ (မိုးမခအထောက်တော်)
မေ ၂၃၊ ၂၀၁၄
 

မေလ ၁၇ရက်နေ့မှာ န၀ဒေး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေး၊ ဦးအုန်းမြင့်၊ ဦးအေးဆွေကြီးနှင့် ဒေါ်ဆန်းဌေးတို့သည် ကျူးကျော်နေထိုင်သူ အိမ်ရှင် ဒေါ်နွဲ့ (မှတ်ပုံတင်နံပါတ်-၇/ပမန (နိုင်) ၀၅၄၄၇၆)၏ အိမ်ခြံအတွင်းသို့ ၀င်ရောက်ကျူးကျော်ကာ  ခြံစည်းရိုးကိုဖျက်ပြီး မြေကျင်း တူးကာ ကျောက်တိုင်များစိုက်ခဲ့ကြောင်းသိရသည်။ အိမ်ရှင်က မြေကျင်းတူးခြင်း မပြုရန်တားဆီးသော်လည်း ဂရုမစိုက်ပဲ ဆက်လက်ဆောင် ရွက်တယ်လိုသိရသည်။

ပိုင်ဆိုင်တဲ့မြေပုံတွေ မည်သည့်အထောက်အထားစာရွက်စာတမ်းမပြပဲ ၀င်ရောက်တယ်။ ကျွန်မတို့ကို ဂရုမစိုက်ဘူး၊ တားဆီးတဲ့အခါမှာ သူတို့အားလုံးက လှောင်ရယ်တယ်။ မထီမဲ့မြင်ပြုတယ်။ ကျွန်မတို့ကို ကျူးကျော်တွေဆိုပြီး အုပ်ချုပ်ရေးမှူးတို့က လုပ်ချင်တိုင်းလုပ်တယ်၊ ကျူးကျော်နေထိုင်သူ အိမ်ရှင် ဒေါ်နွဲ့ကပြောတယ်။

မေလ ၁၈ ရက်နေ့ ည ၁၀ နာရီမှာလည်း အိမ်ရှင် ဒေါ်နွဲ့အိမ်မှာ သမီး မသဲစု၊ ချွေးမ မအေးအေးဆွေတို့ ၂ ဦးနေထိုင်စဉ် သန္ဓေပင်ရပ်နေ ဦးကျော်ကြီးရောက်လာပြီး အိမ်ရှေ့ကနေ ဆဲဆိုခြောက်လှန့်ပြီး အိမ်ရှေ့က တံတားခင်းထားသော ၀ါးလုံးကိုဆွဲယူပြီး အိမ်ထဲဝင်ရောက်ကာ မအေးအေးဆွေကို ၀ါးလုံးဖြင့်ရိုက်တယ်။ ရှောင်လိုက်သဖြင့် မရိုက်မိပါ။ အိမ်ထဲရှိ ကုလားထိုင်ကိုလည်း ကိုင်ပေါက်တယ်လို့သိရသည်။

မင်းတို့ခေါ်လာတဲ့သူတွေက ဘာတရားဝင်လို့လဲ၊ NLD အဖွဲ့က တရားမ၀င်ဘူး။ မနက်ကျရင် ဒီခြံထဲမှာ မမြင်ချင်ဘူး။ ခြံရောအိမ်ရော ဆွဲ ဖျက်ပစ်မယ်လို့ ဦးကျော်ကြီးကပြောတယ်လို့လည်း မအေးအေးဆွေကပြောတယ်။

မေလ ၁၉ ရက်နေ့မှာ ကျွန်မနဲ့ ကျူးကျော်နေထိုင်သူ ၃၅ ဦးကျော် ပြည်မြို့မရဲစခန်းမှ န၀ဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးပါ ၄ ဦးနဲ့ ဦးကျော်ကြီး တို့ကို အမှုသွားရောက်ဖွင့်တယ်။ ပြည်မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှာလည်း ကျွန်မတို့ရဲ့မြေဟာ ဘာမြေလည်းလို့ သွားကြည့်တယ်။ ကြေးတိုင်နဲ့ မြေစာရင်း ဦးစီးမှူးဦးဇော်ဝင်းက ကျွန်မတို့မြေကို အစိုးရစီမံခန့်ခွဲမှုရှိတဲ့မြေလို့ ပြောတယ်။ န၀ဒေးအုပ်ချုပ်ချုပ်ရေးမှူးတို့က ဥပဒေနှင့်အညီ အထောက်အထားမရှိဘဲ ကျွန်မတို့အိမ်ကို ကျူးကျော်ဝင်တာပဲ။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ကို ဇော်ထွန်းက ကျွန်မတို့ ကျူးကျော်သူတွေကို လူတိုင်းမှာ ဥပဒေရဲ့အကူအညီ ယူခွင့်ရှိတယ်လို့ပြောတယ်။ ကူညီပေးတယ်လို့ ကျူးကျော် နေထိုင်သူ ဒေါ်နွဲ့ကပြောတယ်။

မေလ ၁၉ ရက်နေ့မှာ န၀ဒေးအုပ်ချုပ်ရေးမှူး ဦးဌေး၊ ဦးအုန်းမြင့်၊ ဦးအေးဆွေကြီးနဲ့ ဒေါ်ဆန်းဌေးတို့ကို ပြည်မြို့မရဲစခန်းက (ပ) ၃၁၄/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၇ ဖြင့် ပြည်မြို့မရဲစခန်း အမှုစစ်တာဝန် ဒုရဲအုပ်သိန်းဆက်ခိုင်မှ အမှုဖွင့်ဆောင်ခဲ့ရွက်ပြီး၊ ဦးကျော်ကြီးအား (ပ) ၃၁၃/၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/၄၄၇ ဖြင့် ပြည်မြို့မရဲစခန်း အမှုစစ်တာဝန် ဒုရဲအုပ်ဟန်ဇော်ထွန်းမှ အမှုဖွင့်ဆောင်ရွက်ခဲ့တယ်လို့သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts