“ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲတဲ့နေရာမယ် သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးဆုံးသော လက်နက် ကတော့ ပညာရေးပဲဖြစ်တယ်။” – Nelson Mandela –
အခမ်းအနားတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီး ကွက်မှ ကျေးဇူးတင် ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားပြီး တက်ရောက်လာကြ သော ပညာဒါန ဆရာ/မများတို့မှ အသီးသီးမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ပညာရေးအကြံပေး ဒေါ်နီလာဘာရာဒွါဂျာ မှ မြန်မာနိုင်ငံ၏ ပညာရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆွေးနွေး ချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ပညာဒါန သင်တန်းများသို့ စိတ်အားထက်သန်စွာဖြင့် လာရောက်၍ ပညာဖြန့်ဝေပေးခဲ့ကြသော နယ်ပယ်အသီးသီးမှ ဆရာ/မ (၇၃) ဦးတို့ တက်ရောက်ခဲ့ကြ၍ ကလေးသူငယ်များ၏ ပညာတတ်မြောက်ရေးအား အဓိကဦးစားပေး ဆောင်ရွက်သည့်ဌာနအား “စာသင်ကျောင်း” ဟု ခေါ်တွင်ကြသည်နှင့် အညီ မကြာမှီတွင်နာရေးကူညီမှု အသင်း(ရန်ကုန်)၌ ဖွင့်လှစ်တော့မည့် ပညာရေးအဆောက်အဦးတွင် ပညာဒါနသင်တန်း ဘာသာရပ်များ တို့ချဲ့ ဖွင့်လှစ်ခြင်းများအား ရင်းနှီးစွာဖြင့် အကြံပြု ဆွေးနွေး ခဲ့ကြသည်။ တက်ရောက်လာကြသော ဆရာ/မ များကိုယ်စား တက္ကသိုလ်ဝင်တန်း (မြန်မာစာ) ဆရာ ဦးအောင်ကျော်မင်းမှ အမှတ်တရ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ၂ဝ၁၃/၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူများမှ သင်ကြားပို့ချပေးခဲ့သော ဆရာ/မများတို့အား ကန်တော့ခြင်းအား ပြုလုပ်ခဲ့ကြပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ကျောင်းသား/သူများအား ဆုံးမစကားပြော ကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့တော့ သည်။
မိမိတို့၏ရပ်ရွာတွင် သင်သည် သာမန်ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကလေးများအတွက် သင်သည် သူရဲကောင်းတစ်ဦး ဖြစ်ပေသည်။ စာသင်ခန်းထဲတွင် ကမ္ဘာကြီး၏ အနာဂတ် ရှိနေသည်။ ထို့အတူ တိုင်းပြည်၏ အနာဂတ်သည်လည်း ဆရာ/မများ၏ လက်ထဲတွင် ရှိပေသည်။ ထို့ကြောင့် “အနာဂတ်ကလေးများ၏ သူရဲကောင်းအားဂုဏ်ပြုခြင်း” ဟူ၍ အမည်ကင်ပွန်း တပ်လိုက်ရပါတော့သည်။