ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန ဖွင့်လှစ်ပြီ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၂၁၊ ၂၀၁၂

၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့ အာဇာနည်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အများပြည်သူ တို့အတွက် ဆေးဝါးကုသမှုတစ်ရပ်အား တိုးချဲ့ဖွင့်လှစ်ကာ (အခမဲ့) ကုသပေးလိုက်ပြီဖြစ်ပါသည်။ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန် လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဟု ခေါ်ဆိုအပ်သော ခေတ်မီကုထုံးကုနည်း ပညာရပ်ဖြင့် ပါမောက္ခ ဒေါက်တာဦးသန်းတိုးမှဦးဆောင် ၍ ဒေါက်တာဒေါ်ဝါဝါအောင်၊ ဒေါက်တာဒေါ် သန်းသန်းဋ္ဌေး၊ ဒေါက်တာ ဦးအောင်ကိုဦး၊ ဒေါက်တာ ဒေါ်မွန်မွန် ခိုင်၊ ဒေါက် တာ ဒေါ်ခင်စောဦး၊ ဒေါက်တာဒေါ်သိင်္ဂိလှိုင်တို့မှ အကြောအဆစ်ရောဂါဝေဒနာရှင်တို့အား အလှည့်ကျကုသိုလ်ဖြစ် ကု သမှုအခမ်းအနားအား သုခကုသိုလ်ဖြစ်ဆေးခန်းတွင် နံနက် (၉းဝဝ) နာရီအချိန်၌ ဖွင့်လှစ်ကုသပေးခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကြွရောက်လာကြသောဧည့်ပရိသတ်များ၊ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ လူနာများအား အမှာစကားပြောကြားရာတွင် “ယခုလို အာဇာနည်နေ့ထူးနေ့မြတ်တွင် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ အများ ပြည်သူတို့အတွက် ဆေးဝါးကုသပေးကြသော စေတနာရှင်ဆရာဝန်ကြီးများအား လူမှုရေးသူရဲကောင်း ဆရာဝန်ကြီးများဖြင့်တင်စား၍ အ ထူးကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့ကာ ပါမောက္ခဒေါက်တာဦးသန်းတိုးမှ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန် စွမ်းရေး ဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဖွင့်လှစ်ကုသပေးရခြင်းနှင့်ပတ်သက်၍ “လွန်ခဲ့သော (၂) နှစ်ခန့်ကတည်းက ဦးကျော်သူ နှင့် အကြောအဆစ်ရောဂါ ဝေဒနာသည်များအား ပြန်လည်သန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်လှစ် မည့်ကိစ္စကို ပြောကြားခဲ့ ဖူးကြောင်း၊ မည်သို့စတင်ကြမလဲ။ တဖြည်းဖြည်း အချိန်ပေးလာနိုင်ခဲ့ရင်း ယခုမှ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဝမ်းသာခဲ့ မိကြောင်းနှင့်ကုသမှုပိုင်းတွင် ဝိုင်းဝန်းကူညီပေးကြသော ဆရာဝန်ကြီးများအားလည်း ကျေးဇူးအထူးတင်ပါကြောင်း၊ အရင်တုန်းက အ ကြောအဆစ်တို့နာကျင်ရင် ဘယ်မှာကုရမှန်း မသိကြဘူး။ တရုတ်အားကိုးပြီး သွားရောက်နှိပ်နယ်ပြုကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ နှိပ်သင့်တဲ့နေရာကို မနှိပ်ဘူး။ မနှိပ်သင့်တဲ့နေရာကို နှိပ်ကြတယ်ပေါ့။ ဦးကျော်သူတို့ သုခဆေးခန်းမှာ လူနာတွေများတယ်။ တစ်နေ့ကို အ ယောက် (၂ဝဝ) နီးပါး ကုသပေးနေတယ်။ ဆင်းရဲတဲ့ သူများတယ်။ ကုသမှုပိုင်းအတွက် အထောက်အကူပြုပစ္စည်းများအား မညီးမညူ လိုလေသေးမရှိ စီစဉ်ဆောင်ရွက်ပေးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ၊ အသင်းသား/သူများအားလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ အခုချိန်မှာတော့ တစ်နိုင်ပေါ့ Basic ရှိသင့်/ရှိအပ်တဲ့ စက်ပစ္စည်းများဖြင့် စတင်ထားရှိပြီးနောက်ပိုင်းတွင် လုပ်ငန်းနှင့် လူနာများ ပေါ်ကြည့်ပြီး တိုးချဲ့သွားပြီး အောင်မြင်အောင်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ပါမောက္ခ ဒေါက်တာဦးသန်းတိုးတို့မှ ဖဲကြိုးဖြတ်ကာ ကုသမှုခန်းမအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကြွရောက် လာကြသော အလှူရှင်များ၊ ဆရာဝန်ကြီးများ၊ ဧည့်သည်တော်များ၊ မီဒီယာများအား ကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ဒေါက်တာ ဦးသန်းတိုးနှင့် ဆရာဝန်ကြီးများတို့မှ လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့လူနာများအား စတင်ကုသမှုကို ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရာသက်ပန်အသင်းဝင် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ပါ တက်ရောက်ချီးမြှင့်ခဲ့ကာ ဧည့်ပရိသတ်များအား ကော်ဖီ၊ မုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ ယနေ့ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) တွင် အကြောအဆစ် ဝေဒနာသည် (၁ဝ) ဦးတို့အား စတင်ကုသပေးခဲ့ကာ နေ့စဉ်နေ့တိုင်း ဆရာဝန်ကြီးများမှ အလှည့်ကျ ကုသပေးသွားတော့မည်ဖြစ်ပါသည်။ ယခင်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် တစ် ကြိမ်တည်းဖြင့် အသက်နှစ်ချောင်း ကယ်တင်ရာရောက်သည့် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်မွေးဖွားမှုကို စတင်ပြုလုပ်ပေးခဲ့ရာမှ သုခကုသိုလ်ဖြစ်ဆေးခန်းဟူ၍ ၂ဝဝ၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ရာ အထွေထွေ၊ အရိုးအကြော၊ အရေပြား၊ ကလေး၊ မျက်စိ၊ နား နှာခေါင်း လည်ချောင်း၊ သွား၊ အပ်စိုက်၊ ဓါတ်မှန်၊ USG ၊ ECG ၊ ဓါတ်ခွဲခန်း၊ မီးယပ်နှင့် သားဖွား၊ အသေးစား ခွဲစိတ်ကုသမှုတို့အပြင် အစိုးရဆေးရုံကြီး (၈) ရုံတွင် တက်ရောက်ကုသကြသော လူနာများအတွက် ဆေးကူညီမှု ထောက်ပံ့ခြင်းတို့ကို (အခမဲ့) ကူညီပေးခဲ့ရာမှ ယနေ့ (၆၅) နှစ် မြောက် အာဇာနည်နေ့တွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဟူ၍ တိုးချဲ့ကုသပေးမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန ဖွင့်လှစ်ပြီ
  1.်ဟုတ်ကဲ့ ဆရာ

    ကျွန်တော့ ညာဖက်လက်သူကြွယ်နဲ့လက်သန်းကွေးလို့မရတာ ဘာဖြစ်လို့လဲ ဆရာ။ လှူပ်ရှားလို့တော့ရတယ်။

Comments are closed.