သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ် ဆွေဖြစ်လိုခြင်း (အမှတ်၂)
စာရေးဆရာ “ဆိုး” ရေးသားထုတ်ဝေသော ငြိမ်းချမ်းပါစေ မနောမြေ (၄၀)မျက်နှာ စာအုပ်ငယ်မျက်နှာဖုံးဖြစ်သည်။ ခရစ်ယာန်သင်းအုပ်ဆရာအမြင်ဖြင့် အခြားနည်းမရပါက၊ စေ့စပ်ဆွေးနွေးရန် Negotiation ရေးသားထားပြီး၊ ၀ိုင်းဝန်းဆုတောင်းပေးရန်ဖြင့် အဆုံးသပ်ထားပါသည်။
ကချင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားခြင်းကို အကျဉ်းချုပ်ရေးရလျှင် တာပိန်လျှပ်စစ်ဓါတ်အားစက်ရုံဆော
ကျွန်ုပ်ကချင်ပြည်ရောက်စဉ် ဇန္န၀ါရီ-၂၀၁၃ အချိန်က ကချင် KIA ဘူးဂါးအဖွဲ့က လျှပ်စစ်ဓါတ်အားပေးနေသော ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လျှပ်စစ်တာဝါတိုင် ပျက်စီးသဖြင့် သူ့ကြောင့်၊ ငါ့ကြောင့် အငြင်းပွားက တစ်လခန့် လျှပ်စစ်မီးမှောင်သွားခြင်းမှာ ဖေဖေါ်ဝါရီလတွင် ပြန်ပြင်ပြီးစီးသည်။ လျှပ်စစ်မီးပျက် ဒုက္ခမှာ အသေးမွှားဖြစ်ပြီး၊ နှစ်ဖက်ဒေါသစစ်ပွဲမှ သေကြေသော စစ်သားများစွာ၊ စစ်ပြေးဒုက္ခသယ် လူပေါင်း၁သိန်းကျော် ရေခဲတမျှအေးလှသော ကချင်ပြည်နယ်တွင် ၂နှစ်ကြာ ဒုက္ခ၊ ၁၇နှစ်ကြာ တည်ဆောက်ခဲ့သော မြို့ရွာများ မီးလောင်၊ပြာကျ၊ ပျက်စီးရခြင်းများကို ရန်ကုန်ရှိ မြန်မာလူငယ်များ ကချင် KIA မြို့တော် လိုင်စာထိတိုင်အောင် လမ်းလျှောက်ချီတက် လူထုဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။ ဖေဖေါ်ဝါရီလတွင် ပြည်သူ့လွှတ်တော်မှ ထိုးစစ်ရပ်ရန် အမိန့်ထုတ်ပြီး၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုပြန်လည်စတင်ခဲ့ခြင်း
တိုင်းရင်းသား လက်နက်ကိုင်များအရေး ထာဝရငြိမ်းချမ်းရေးအတွက် လုပ်စရာများစွာရှိပါ၏။ နံပါတ်(၁)မှာ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ပြီး
Border Trade လုပ်ငန်းများဖြင့် လွန်ခဲ့သော ၁၇နှစ် ငြိမ်းချမ်းရေးကာလ တည်ဆောက်ခဲ့သော တရုပ်-ကချင်ပြည် နယ်စပ်မြို့များ၊ ရွာကြီးများစွာမှာ ယခုပြည်တွင်းစစ်တနှစ်ကျော်ကာ
ဆရာဆိုး စာအုပ်တွင် ” ရာခိုင်နှုန်း(၉၀)သော ကချင်လူမျိုးတွေက ခရစ်ယာန်ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူမျိုးများစွာရှိပါတယ်။ သို့သော် ကချင်လူမျိုးများက ခရစ်ယာန်ဖြစ်ခြင်း ရာခိုင်နှုံးအများဆုံး၊ နံပါတ်တစ်ဖြစ်ပါတယ်။ အင်မတန်မှကို ထူးခြားပါတယ်။ ဘယ်လူမျိုးမှ ကချင်လူမျိုးလောက် ခရစ်ယာန်ယုံကြည်မှုမျိုးမရှိပါဘူ
KBC ဌာနချုပ်၊ မြစ်ကြီးနားမှာ ကချင်ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှုများ၊ ကချင်ပြည်ရောက်မြန်မာခေါင်းဆော
အရှေ့တောင်အာရှနိုင်ငံများမှာ ၁၂ရာသီ ရေခဲဖုံးတဲ့ ဟိမ၀န္တာတောင်တန်း ကချင်ပြည်နယ်မှာရှိပါတယ်။ ခါကာဘိုရာဇီတောင် Mt Hkakabo-Razi 5881 meter မြင့်ပါတယ်။ မြန်မာ (ကချင်မျိုးနွယ်တစ်ဦး) နဲ့ဂျပန်တောင်တက်သမား ၂ဦးပဲ အတူ တောင်ထိပ်ထိ တက်နိုင်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ အထူးသဖြင့် လူဦးရေ သန်းပေါင်း၄၀၀ကျော်ရှိတဲ့ အရှေ့တောင်အာရှ ၁၀နိုင်ငံက တိုးရစ်များကိုပဲ ဆွဲဆောင်နိုင်ရင် အလွန်ကျော်ကြားမဲ့ ခရီးသွားနေရာတစ်ခုပါ။ သဘာဝတောတောင်များစွာနဲ့ သစ်ခွ၊ပန်းမာလာ၊ ကျေးငှက်၊ တိရိစ္ဆာန်များစွာ ရှိနေဆဲပါ။
ကချင်ပြည်ဟာ အကြီးအကျယ် သယံဇာတများ ထွက်ခြင်းမရှိပေမဲ့၊ ကမ္ဘာကျော် ကျောက်စိမ်းမြေ၊ ကမ္ဘာကျော် ကျွန်းသစ်များ ထုတ်လုပ်ရာဒေသဖြစ်ပါတယ်။ လောလောဆယ်တော့ ကြွယ်ဝလှတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးများပိတ်ဆို့ တာတမံလုပ်ပြီး၊ လျှပ်စစ်ထုတ်ရောင်းစားတဲ့လုပ်
ရေတိုစီမံကိန်းများကြောင့် ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း ..စတဲ့အဖိုးတန် သယံဇာတများကို တစ်နှစ်တခါ မြန်မာအစိုးရက လုပ်ခွင့်ပါမစ်များ ချပေးလျှက်ရှိသည်။ တရုပ်ဗဟိုပြု ကုမ္ပဏီကြီးများဟာ မြန်မာအစိုးရ ပါမစ်ရတယ်ဆလျှင် ထိုပါမစ်ရှိလျှင် တရုပ်နိုင်ငံမှ ဘဏ်ကြီးများက ၃၅ရာနှုန်းအတိုးနဲ့ ငွေချေးပေးပါတယ်။ တရုပ်နိုင်ငံသားများသာလျှင် တရုပ်ဘဏ်များက ငွေချေးပေးပါသည်။ ထိုအခါ ကြီးမားလှသော အတိုးနှုန်းကြောင့် မြန်မာ့သယံဇာတများကို တရုပ်ကုမ္ပဏီ (သို့မဟုတ်) တရုပ်ထိန်းချုပ်သောမြန်မာကုမ္ပဏီ
ဒုတိယကမ္ဘာစစ် ၁၉၄၁ တွင် ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်ပြီး၊ အိန္နိယပြည်ဘက် ဆက်လိုက်တိုက်ခိုက်ရာ၊ အင်္ဂလိပ်များက အထက်မြန်မာပြည်ကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အိန္ဒိယပြည်ရှိ အင်္ဂလိပ်စစ်တပ်အတွက် ရိက္ခာပို့ရန် လီဒိုလမ်းမကြီးကို ဖေါက်လုပ်ခဲ့သည်။ သမိုင်းဝင် ၁၀၇၉မိုင် ရှည်သော တရုပ်-မြန်မာ-အိန္နိယ လီဒိုလမ်းမ http://en.wikipedia.org/wiki/
ထိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် စစ်အစိုးရလက်ထက် အသုံးမပြုကြတော့ပါ။ ယခုအခါ ကမ္ဘာစီးပွားရေး ဧရာမနိုင်ငံကြီးနှစ်ခုဖြစ်သော တရုပ်နှင့်အိန္နိယ ၂နိုင်ငံ ကုန်ကူးသန်းနိုင်ရန် လီဒိုလမ်းမကြီးကို ပြန်လည်အသုံးပြုဖို့ အကြောင်းဖန်လာပါသည်။ ထိုလမ်းမကြီးကိုသာ နိုင်ငံတကာအကူညီဖြင့် ကောင်းမွန်အောင် ပြန်လည်ဖေါက်လုပ်ပြီးပါက မြန်မာနိုင်ငံသည် ဖြတ်သန်းသွားခ အကောက်ခွန် ဒေါ်လာဘီလျှံများစွာ ရရှိမည်ဖြစ်သည်။
ယခုခေတ် တိုးတက်သော နိုင်ငံအစိုးရများသည် ကိုယ်တိုင် စီးပွားရေးလုပ်ငန်းများ လုပ်စရာမလို၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ
ကချင်ပြည်နယ်မှ ထွက်သော ရွှေများသည် စီးပွားဖြစ်ထုတ်ရန် မကိုက်သော်လည်း၊ တရုပ်ပြည်သားများနဲ့ ဒေသခံစီးပွားရေးသမားများ အတွက်မူ တွက်ခြေကိုက်တဲ့ လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းအတွက် ကန်ထရိုက်များ မြန်မာအစိုးရထံမှ ရအောင်ယူပြီး သတ်မှတ်နယ်မြေများတွင် ရွှေတူးဖေါ်လုပ်ငန်းများ၊ အကြီးအကျယ်လုပ်ကိုင်သည်။ အထူးသဖြင့် ဧရာဝတီနှင့် မြစ်လက်တက်များတွင် စုန်ဆန်၊ တူးဖေါ်သော ရွှေတူးလုပ်ငန်းများကြောင့် မြစ်ကြီးနားမြို့တွင် အလွန်ကြည်လင်လှပသော ဧရာဝတီဖြစ်ရေသည် ရန်ကုန်မြစ်ရေအတိုင်း ၁၂ရာသီ နောက်ကျိနေပြီဖြစ်သည်။ ပြဒါးဓါတုပစ္စည်းများကြောင့် ညစ်ညမ်းမှု၊ မြစ်ကြောင်းပျက်စီးမှုများစြွာ
နယ်စပ်ဂိတ်သို့ ရောက်သောအခါ မြန်မာပြည် ဌာနဆိုင်ရာ လ.၀.က အရာရှိ၊ အကောက်ခွန်အရာရှိများ ရုံးထိုင်သည့် အဆောက်အဦ တစ်ထပ်တိုက်ကလေးကို တွေ့ရသည်။ ၀င်ရောက်မေးမြန်းသောအခါ တာဝန်ရှိ ၀န်ထမ်းမရောက်သေးဟု သိရသည်။ ဖုန်းဆက်ခေါ်မေးသောအခါ မကြာမီ တာဝန်ခံဝန်ထမ်း ကားတစ်စီး မောင်းပြီး ရောက်လာသည်။ ဘယ်ဌာနက မသိသော ထိုဝန်ထမ်းကို လုပ်ငန်းရှင်က မေးမြန်းရသည်။
လုပ်ငန်းရှင်။ ကျွန်တော် ဘူဒိုဇာတစ်ခု၊ မြေတူးစက်တစ်ခု တရုပ်ပြည်က တင်သွင်းဖို့ပါ။ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ပါတယ်…။ ဘယ်လောက်ကုန်မလဲ ပြောပါဗျာ..။ (လုပ်နည်းများမှာ ကာလ၊ဒေသ၊အချိန်ခါအရ ပြောင်းလဲတတ်သောကြောင့် ယခုနှစ်၊ ပြုပြင်ပြောင်းလဲရေးတွင် မည်သို့လုပ်ဆောင်ရမည်ကို လုပ်ငန်းရှင် တကယ်မသိပါ)။
ဝန်ထမ်း။ ခင်ဗျားက အပေါ်လမ်းကသွားမလား၊ အောက်လမ်းက သွားမလား ? ဘယ်လမ်းကသွားသွား သိန်း၃၀၀ ကျမှာပဲ …
လုပ်ငန်းရှင်က တတ်နိုင်သမျှ မှန်ကန်စွာလုပ်ချင်သော စိတ်ရှိသည်။ အခြေအနေကိုလည်း မသိသဖြင့် စိတ်ရင်းအတိုင်းဖြေလိုက်သည်။
လုပ်ငန်းရှင်။ အပေါ်လမ်းကသွားမှာပေါ့ဗျာ (အပေါ်လမ်းဆိုသည်မှာ တရားဝင်အခွန်ဆောင်သော နည်းလမ်းဖြစ်သည်။ ကုန်တာချင်အတူတူဆိုပါက တရားဝင် နိုင်ငံတော်ကို အခွန်ဆောင်လိုပါသည်။ )
ဝန်ထမ်း။ အေးဗျာ ..ခင်ဗျား..ဒီလိုဆုံးဖြတ်ရင်တော
စိတ်ပျက်သွားသော်လည်း ဆုံးဖြတ်ချက်ပြက်သားသော လုပ်ငန်းရှင်က
လုပ်ငန်းရှင်။ ကျွန်တော်လည်း အချိန်မရှိဘူးဗျ…ဒါဆို အောက်လမ်းကလုပ်ရင် ဒီနေ့လုပ်ပေးနိုင်မလား..
ဝန်ထမ်း။ တနေ့ထဲနဲ့ ပြီးပါတယ်ဗျာ။ လာ…လိုက်ခဲ့ပါ ..ခေါ်သဖြင့် စက်ယန္နယား၂ခုကို ၀န်ထမ်း၏ ကားနောက်သို့ လိုက်မောင်းရင်း မိနစ်၂၀ခန့်အကြာ တောအုပ်တစ်ခုအတွင်း ၀င်လာသောအခါ အလွန်များပြားလှသော လူများနှင့် အဆောက်အဦများစွာကို ပျားပန်းခတ် လှုပ်ရှားနေသည့် တောတွင်း မြို့ပြငယ်လေးတစ်ခုဆီ သို့ရောက်သွားပါသည်။ ငွေ သိန်း၃၀၀ ကျသင့်ငွေကို စ.သုံးလုံး၊ အကောက်ခွန်၊ ရဲစခန်း၊ စစ်စခန်း၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည်တို့ကို ကျသင့်သလောက် ပေးသွားရသည်။ ၀န်ဆောင်မှုလုပ်ပေးသော ၀န်ထမ်းမှ ၂နာရီခန့် လုပ်ဆောင်ပေးပြီး .. မြစ်ကြီးနားအနီး ရွှေတူးလုပ်ကွက်သစ်ဆီသို့ မောင်းယူသွားနိုင်ပြီ ဟုသိရသည်။ မိမိ စက်ယန္နယားကြီး ၂ခုကို ဖြေးဖြေး မောင်းယူသွားစဉ် လမ်းခရီး အနှောက်အယှက် လုံးဝမရှိပါ။ တစ်ခုခုဖြစ်လျှင် ဖြေရှင်းပေးရန်အတွက် တောလမ်းစီး ပရာတို.ဂျစ်ကားကြီးနှစ်စီးကလည်း ရှေ့မှာတစ်စီး၊ နောက်မှာ တစ်စီး အတူလိုက်လံမောင်းနှင်လာသည်။ ရပ်နားရာနေရာတစ်ခုတွင် ထို ပရာတို ဂျစ်ကားကြီး၂စီး မရှိတော့ပါ။ မည်သို့ပင်ဖြစ်စေ .. လုပ်ငန်းရှင်အဖို့ အဆင်ပြေနေပါတော့သည်။
လုပ်ငန်းရှင်က ပြောပြပါသည်။ အေးဗျာ.. ကျွန်တော်လည်း မြစ်ကြီးနားမှာနေတော့ တိုက်ကြီး၊ ပရာတိုကားကြီးတွေ၊ တပည့်တွေနဲ့ ဟန်ကျနေတယ်လို့ ခင်ဗျားတို့က ထင်မယ်။ လုပ်ငန်းခွင်ရှိတဲ့ ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေတွင်း ဒေသတစ်ဝိုက်က ကချင်ပြည်သူလူထုကို ကြည့်ပါ။ အလွန်သနားစရာကောင်းတယ်။ အခုတော့ ဝေစုမတဲ့လို့ စစ်ဖြစ်နေတယ်။ ကျွန်တော်က ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ ပြည်မမှာ လုံးဝလုပ်စားလို့မရဘူး။ ကိုယ့်ပြည်နယ်မှာပဲ လုပ်တတ်တယ်။ ဒါတောင် အားလုံးကို ကြောက်နေရတယ်။ ကျွန်တော့ လုပ်ငန်းအတွက် စစ်တပ်ကိုပေးရ၊ ရဲတပ်ဖွဲ့ကိုပေးရ၊ စသုံးလုံးကိုပေးရ၊ ဌာနဆိုင်ရာများအပြင် .KIA ကိုလည်းပေးရ၊ ဇခွန်တိန်ယိမ်းကိုလည်း ပေးရ၊ ၅ခုလောက် အမာခံ အဖွဲ့စည်းတွေကို ပေးရတယ်။ တစ်ခါတရံ ဂျာကင်ဝတ်ထားပြီး ဂျာကင်အောက်မှာ မောင်းပြန်သေနပ်ပြောင်းကို ထုတ်ပြထားတဲ့ ဘာမှန်းမသိတဲ့လူတွေရောက်လာရင်
အေးဗျာ ..ခေတ်ပျက်ကြီးမှာ လုပ်စားရတာ မလွယ်ဘူး….ဟူး…. ။ နိုင်ငံခြားသွားပြီး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးဇေကမ္ဘာတို့လို ကုမ္ပဏီသွားထောင်ပြီး၊ လုပ်မစားတတ်တော့လည်း ပြည်တွင်းမှာပဲ .. လုပ်စားနေရဦးမှာပဲဗျာ….
…. ဟု လုပ်ငန်းရှင်က ပြောသွားပါသည်။
ခြစားဝန်ထမ်းများ အရေးယူပြီး၊ သူတို့ ခြစားပြီး ရရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူနေသည် ..ဟု ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ်အပျက်ကို မှီငြမ်း ရေးသားထားသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တစ်ဦးချင်း ချစားသော ၀န်ထမ်းများမှ အုပ်စုလိုက် မျှစားသော စနစ်သို့ ပြောင်းသွားခြင်းသည် မဆိုးလှပါ။ ၀န်ထမ်းလစာငွေသည် ကျပ်တစ်သိန်းမျှဖြစ်ပြီး စီးပွားရေးကောင်းကော ကချင်ပြည် မိသားစုတစ်ခု ဟင်းသီးဟင်းရွက်ရောင်းစားသူ ဈေးသူမတစ်ဦးပင် ၀င်ငွေ တစ်နေ ကျပ်တစ်ထောင်ခန့်ရသော (တစ်လ ၃သိန်းဝင်ငွေရမှ စားလောက်ရုံ) မြစ်ကြီးနားမြို့ဖြစ်သည်။
မြစ်ကြီးနား ပြည်နယ် ဌာနမှုးဝန်ထမ်းများ ကိုယ်ပိုင်စီးပွားရေးများဖြင့် အဆင်ပြေပါစေ။ သို့မှသာ ခြစားဝန်ထမ်းဘ၀မှ နှုတ်ထွက်နိုင်မည်ဖြစ်သတည်း….။
ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး
၁၈-ဖေ-၂၀၁၃
မှန်လိုက်လေး …..အေ