မျက်မှောက်ရေးရာ သတင်းပဒေသာ

အိုဘားမား မြန်မာပြည်ရောက်ပြီ – Obama arrives Burma

မိုးမခအထောက်တော် အမှတ် ၀၀၁
နိုဝင်ဘာ ၁၉၊ ၂၀၁၂

ယနေ့ နံနက်ပိုင်းတွင်း အိုဘားမား ရန်ကုန်မြို့သို့ ရောက်ရှိသွားရာ အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်အဖြစ် သမိုင်းတွင်သွားသည်။

မြန်မာပြည်နှင့်
အမည်တူသော အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်လေဆိပ်တို့ ဆိုက်ရောက်လာပုံကို
ဒီဗွီဘီ တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုတွင် အထက်ပါအတိုင်း မြင်ရသည်။
သူနှင့်အတူ ဟီလာရီကလင်တန်လည်း လိုက်ပါလာသည်။

အိုဘားမားကို ကြိုဆိုသည့်သူအများအပြားသည် အိုဘားမားကို စက္ကန့်ပိုင်းကြာ လက်ပြနုတ်ဆက်နိုင်ရန် နေထွက်သည်နှင့် ရန်ကုန်လေဆိပ်အနီး ရောက်ရှိ စောင့်ဆိုင်း နေခဲ့ကြသည်။

သူ၏ ခရီးစဉ်ကို ကန့်ကွက်သူများက အိုဘားမား ရန်ကုန်မြို့တော်သို့ သွားရောက်ခြင်းသည် စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးထားဆဲဖြစ်သည့်
မြန်မာအစိုးရကို ထောက်ခံရာရောက်လိမ့်မည်ဟု ပြောဆိုကြသည်။

အိုဘားမားက သူ့ခရီးစဉ်သည် မြန်မာအစိုးရ ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုရေးသာဖြစ်သည်ဟု ယမန်နေ့က ဘန်ကောက်မြို့တွင် ရောက်ရှိစဉ် ပြောကြားလိုက်သည်။

အိုဘားမားသည် ရန်ကုန်ရှိ လွှတ်တော်အဆောက်အအုံတွင် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံရန် စီစဉ်ထားပြီး နှစ်ပေါင်းအတန်ကြာ တစပြင်ကဲ့သို့ ဖန်တီးထားသည့် ရန်ကုန်တက္ကသိုလ် အတွင်း မိန့်ခွန်းပြောမည့် အစီအစဉ်လည်း ရှိသည်။

အိုဘားမား၏ အာဆီယံ ၃ နိုင်ငံခရီးစဉ်အကြောင်း စာနယ်ဇင်းတို့က ရေးသား တင်ဆက်ကြရာတွင် မြန်မာနိုင်ငံ ခရီးစဉ်ပိုင်းကို အလေးပေး နေကြပြီး နိုင်ငံတကာကလည်း ရန်ကုန်ခရီးစဉ်ပိုင်းကို ပိုမို စိတ်ဝင်စားနေကြသည်။

သူလာမည့်နေ့တွင် အစိုးရက နိုင်ငံရေးသမား ၆၆ ဦးကို ထောင်မှ လွှတ်ပေးသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အိုဘားမား ဘန်ကောက်ရောက်စဉ် ၎င်းတို့အား လွှတ်မိန့် ပေါ်လာခြင်း ဖြစ်သည်။

အိုဘားမားဘက်ကလည်း သူ့ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုတွင်  မြန်မာပြည်အပေါ် သွင်းကုန် ပိတ်ပင်မှုကို ရုပ်သိမ်းပေးလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts