ရေခြားမြေခြား မြန်မာများ ကြော်ငြာကဏ္ဍ နိုင်ငံတကာရေးရာ

ဝစ္စကွန်ဆင်ပြည်နယ်၊ မယ်ဝကီးမြို့က “နေရာတကာ” ကွန်မြူနီတီစာစောင် ထွက်ပြီ

ဝစ္စကွန်ဆင်ပြည်နယ်၊ မယ်ဝကီးမြို့က “နေရာတကာ” ကွန်မြူနီတီစာစောင် ထွက်ပြီ

မိုးမခအထောက်တော် ၀၀၃၊ နိုဝင်ဘာ ၁၉ ၊ ၂၀၁၂

လစဉ် အီးမေးနဲ့ဖြစ်စေ၊ မိတ်ဆွေတွေ လက်ဆင့်ကမ်းလို့ဖြစ်စေ လက်ခံရရှိတဲ့ ကွန်မြူနီတီသတင်းလွှာလေးတခုကတော့ “နေရာတကာ မြန်မာကွန်မြူနီတီသတင်းဂျာနယ်” ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက်နှစ် အတွဲ ၂၊ အမှတ် ၁ ရှိနေပြီ ဖြစ်ပါတယ်။

ဒီဂျာနယ်ကို၂၀၁၁ခနှုစ်၈၈၈၈အရေးတော်ပုံအထိမ်းအမှတ်နဲဝစ္စကွန်ဆင်ပြည်နယ်။မယ်ဝကီးမြို့မှာစတင်ထုတ်ဝေဖြန့်ချိလာခဲ့တာ ဖြစ်ပါတယ်။ ဒီစာစောင်လေးဟာ အီးမေးနဲ့ အပြင် အခမဲ့ပုံနှိပ်စာစောင်အဖြစ်နဲ့ပါပြည်နယ်အချို့ကိုပါဖြန့်ချိလျက်ရှိတယ်လို့ သိရပါတယ်။

စာစောင်ရဲ့ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေသူ စေတနာရှင်စာနယ်ဇင်းသမားကတော့ မောင်ဖေသောင်း ခေါ် မိုးအောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ရပ်နားသွားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်ဂျာနယ်မှာ ၆ နှစ်ခန့် စာနယ်ဇင်းအလုပ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်လျက်ရှိပြီး ရောက်တဲ့နေရာဒေသက ရွှေ့ပြောင်းအခြေချသူ တိုင်းရင်းသားကွန်မြူနီတီတွေနဲ့အတူ စာစောင်စာတမ်းများ ထုတ်ဝေပြီး သတင်းမျှဝေနေတာ တွေ့ရပါတယ်။

သည်နေရာမှာ အီးသတင်းလွှာကို ရယူဖတ်ရှုနိုင်ပါပြီ။

နေရာတကာ ကွန်မြူနီတီဂျာနယ်၊ ၀စ္စကွန်ဆင် မြန်မာတိုင်းရင်းသားများဒေသ (Oct & Nov 2012)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts