ရသဆောင်းပါးစုံ

အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်ဖွဲ့ကြဖို့လိုနေပြီ

မြင်းရည်တက်ဦးသာ
ဧပြီ ၁၇၊ ၂၀၁၂

မြန်မာ့ခေတ်သစ်သမိုင်းမှာ ပြည်တွင်းစစ်ဖြစ်ရာကနေ အမျိုးသားညီညွတ်ရေးပြိုကွဲတာကြောင့် “ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ” နိုင် တဲ့အဖြစ်အပျက်ဆိုးတွေ ထောင်သောင်းမကရှိနေတာ အားလုံးသိကြပါတယ်။ ဒီအဖြစ်အပျက်တွေထဲမှာ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင် တော်လှန်ရေး အကြမ်းဖက်နှိမ်နှင်းမှု၊ ရှစ်လေးလုံးကာလ ပစ်ခတ်မှုတွေသာမက ၆၂ ခုနှစ် ကျောင်းသားသမ္မဂ ဘယ်သူဖြိုခဲ့တာလဲအပါအဝင် မြောက်ပိုင်း မကဒတကိစ္စတွေက အထင်ရှားဆုံးတွေထဲက ရှေ့တန်းအရောက်ဆုံးဖြစ်ရပ်များ ဖြစ်ပါတယ်။ မှတ်တမ်းတင်နိုင်တဲ့အဖြစ်အ ပျက်များ တချို့တဝက်ရှိနေသလို မှတ်တမ်းမတင်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အနတ္တဂမပါ။ ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ မကြားချင်အဆုံး ပြည်တွင်းစစ်သမိုင်းမှာ မြန်မာပြည်အနှံအပြားဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၁၁ စက်တင်ဘာ (၁၅) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်က “အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပြီ” လို့ မှတ်ချက် ချပြောဆိုပြီးနောက်ပိုင်းမှာ ကျေနပ်လောက်တဲ့အတိုင်းအတာထိမဟုတ်သေးပေမယ့် မြန်မာနိုင်ငံရေးမှာ အပြုသဘောဆောင်တဲ့ အပြောင်း အလဲ များဖြစ်ပေါ်လာတာ ယခုဆိုရင် NLD က တရားဝင် နိုင်ငံရေးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲများမှာ (၄၃) နေရာ အနိုင်ရပြီး ဧပြီလ (၂၃) ရက်နေ့မှာ ကျင်းပမဲ့လွှတ်တော်ကို သူ့ရဲ့ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များစေလွှတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ တချို့ သော နည်းနာပိုင်းဆိုင်ရာပြဿနာတချို့ဖြေရှင်းဘို့ ကျန်နေသေးပေမယ့် NLD ရဲ့ MP များ တက်ရောက်နိုင်ဘို့ကိုတော့ လက်ရှိအစိုးရကပါ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမှာ သေချာသလောက်ပါ။

NLD ရွေးကောက်ပွဲဝင်ရတဲ့ မဟာဗျူဟာလုပ်ငန်းတို့ကို ရှင်းလင်းပြရာမှာ (၁) တရားဥပဒေစိုးမိုးရေး (၂) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ (၃) ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါက မူပိုင်းဆိုင်ရာ သေနင်္ဂရဗျူဟာရည်မှန်းချက်များ (strul eqic goals ) ဖြစ်တာမို့ သည်ရည်မှန်းချက်များကို ချောမွေ့စွာရောက်ရှိရေးနည်းလမ်းများ (means ) ဟာ ဘာတွေပြင်ဆင်သင့်သလဲဆိုတာ တာဝန်ရှိရှိ စဉ်းစားကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ သေချာတာတခုက တမျိုးသားလုံးရဲ့ ဘုံအကျိုးစီးပွား (Common National interest) ကိုရှာဖွေကြရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး (National Reconciliation) လုပ်ငန်းဟာ မလွဲမသွေလိုအပ်ချက်ဖြစ်ကြောင်းပါ။ KNU စသည့်အဖွဲ့များဆိုရင် ရာစုနှစ်တဝက် ကျော်၊ NLD ဆိုရင် ဆယ်စုနှစ် (၂) ခုကျော် ရန်ဖက်များသဖွယ်သဘောထားခဲ့ရတဲ့ အုပ်စိုးသူများနဲ့ကြား အပြန်အလှန်လေးစားမှု၊ အာဃာ တကင်းစင်မှုနဲ့ သင်ပုန်းချေမှုတွေကို လက်တွေ့ကျစွာ တဆင့်ပြီးတဆင့် ကျင့်သုံးနိုင်မှသာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင် မှာဖြစ်ပြီး ၂၁ ရာစုနှစ်ရဲ့စိန်ခေါ်မှုများကို ကျွန်တော်တို့လူ့အဖွဲ့အစည်းက အောင်အောင်မြင်မြင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ လွှတ်တော် အသီးသီးဟာ ယခုကာလမှာ နိုင်ငံရဲ့အရေးပါလှတဲ့ နိုင်ငံရေးဆိုင်ရာ အပေါ်ထပ်အဆောက်အအုံဖြစ်တာမို့ အမျိုးသားညီညွတ်ရေးအတွက် မဖြစ်မနေ လုပ်ကြရမဲ့ ခြေလှမ်းတရပ်ဖြစ်တဲ့ အာဏာကင်းစင်မှုနဲ့ သင်ပုန်းခြေရေးလုပ်ငန်းတွေကို စံပြသဖွယ် အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။

အမှန်တော့ သက္ကရာဇ် ၂၀၁၁ သြဂုတ်လ ၂၆ ရက်နေ့ကကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့မှာကတည်းက ပြည်သူ့လွှတ်တော်မှာ သင်ပုန်းချေရေး၊ အာဃာတကင်းစင်ရေးလုပ်ငန်းတွေကို အစပျိုးဖော်ဆောင်နေပြီဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က “အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက်နောက်ပြန် ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံကြောင်း” အဆိုတင်သွင်းရာမှာ လွှတ်တော်ဥက္ကဌ သူရရွှေမန်းက ဆွေးနွေးဘို့ခွင့်ပြုတာမို့ ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်) ဗိုလ်မှူးကြီးဌေးနိုင် (တပ်မတော်သားကိုယ်စားလှယ်) ဗိုလ်မှူးကြီးတင်ဆန်း (တပ်မတော်သား ကိုယ်စားလှယ်) တို့က ထောက်ခံဆွေးနွေးတာတွေ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီးကိုကိုက သမ္မတထံတင်ပြပေးဘို့ တားဝန်ယူဆွေးနွေးတာတွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်တရပ်လုံးက ကန့်ကွက်မှုမရှိတာမို့ “ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်များကို သင့်မြတ်သောအချိန်တွင် ဆက်လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံအပ်ပါကြောင်း” ဆုံးဖြတ်မှုက အတည်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့…….. သည်ဒါပေမဲ့ဟာ သေးသေးလေး ဒါပေမဲ့မဟုတ်ပါ။ ၂၀၁၁ သြဂုတ်လကနေရေတွက်ရင် (၈) လနီးပါကြာနေပေမဲ့ သမ္မတက လွှတ်တော်ရဲ့မေတ္တာရပ်ခံချက်ကို အကောင်အထည်မဖော်သေးပါ။ သာမန်လွှတ်ငြိမ်းချမ်းသာခွင့်တချို့သာ ထုတ်ပြန်တာတွေ့ရပြီး အထွေ ထွေလွှတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ကို (သင့်မြတ်သောအချိန်မရောက်သေးဘူးလို့ ယူဆလို့လားမသိ) မထုတ်ပြန်သေးတာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ကွန်ဂရက်ရဲ့ ကြိုတင်ဆုံးဖြတ်မှုနဲ့ သမ္မတက ထုတ်ပြန်ရတာဖြစ်ပါတယ်။

မနေ့မတနေ့ကပဲ လုပ်ဖော်ကိုင်ဖက်လူရွယ်တဦးနဲ့ အထွေထွေလွပ်ငြိမ်းချမ်းသာခွင့်အကြောင်း စကားစပ်မိလို့ပြောကြတော့ သူကအထွေ ထွေလွပ်ငြိမ်းချမ်းသာခွင့်ဆိုတာ အပြစ်လုပ်သူကို အစိုးရက အပြစ်ဒဏ်ကသက်သာခွင့်ပေးတာလို့ နားလည်နေပါတဃ်။သည်လိုမဟုတ် ကြောင်း၊ တိုင်းပြည်လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုရှေးရှုပြီး စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခတွေဖြစ်ခဲ့စဉ်ကာလ အဖြစ်အပျက်များကို ဘယ်သူ ကပဲ ကျူးလွန် ကျူးလွန်၊ သင်ပုန်းချေဖို့ အာဃာတမထားဖို့အနာဂတ်မှာ ချစ်ချစ်ခင်ခင်နေကြမယ်ဆိုတဲ့ ကောင်းမြတ်တဲ့စေတနာနဲ့ လုပ် ဆောင်တဲ့ လူ သာဓုခေါ်၊ နတ် သာဓုခေါ် အစီအစဉ်တရပ်သာဖြစ်ကြောင်း ရှင်းပြလိုက်ရပါတဃ်။

လာမဲ့ဧပြီလ (၂၃) ရက်နေ့မှာ လွှတ်တော်အစည်းအဝေးများ ပြန်စပါတော့မဃ်။ လွှတ်တော်တွင်း ဆွေးနွေးပွဲများဟာ နိုင်ငံပြုသဘောဆောင် ရဖို့တာဝန်ရှိရုံတင်မက အပေးအယူနိုင်ငံရေးများလည်းပဲပါရှိတတ်တာ သဘာဝပဲဖြစ်ပါတဃ်။ NLD ကိုယ်စားလှဃ်များတက်ရောက်မဲ့ သည်အစည်းအဝေးများမှာ သြဂုတ်လ (၂၆) ရက်နေ့က ပြည်သူ့လွှတ်တော်ကဆုံးဖြတ်ထားတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သမတ က အားလုံးနဲ့ညှိနိုင်းပြီး အကောင်အထည်ဖော်ရေးအတွက် လိုအပ်တဲ့ကတိကဝတ်များ ဖြစ်ထွန်းလာစေဖို့ မလွှဲမသွေလိုအပ်ပါတယ်။ အမှန် မတော့ ဒီမိုကရေစီအင်အားစုများသာမက တပ်မတော်သားများကပါ လိုလိုလားလားရှိနေတာမို့ သည်အပတ် လွှတ်တော်အစည်းအဝေးများ ကျင်းပနေတဲ့ကာလများဟာ သမတအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေငြာဖို့ အသင့်တော်ဆုံးကာလပဲဖြစ်ပါတယ်။

အထွေထွေလွပ်ငြိမ်းချမ်းသာခွင့်ကို ဥပဒေအရပြဌာန်းပြီးရင် နည်းဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ အမှန်တရားဖော်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) အဖွဲ့၏လုပ်ဆောင် ချက်ဟာ မြန်မာပြည်လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးလို့ ယူဆရပါတဃ်။ ဒီပဲယင်းကိစ္စ၊ မြောက်ပိုင်းကျောင်းသားကိစ္စ၊ (၆၂) သမဂ္ဂအ ဆောက်အဦကိစ္စများသာမက တပ်မတော်သားတွေအတွက်ပါ သင်ပုန်းချေရေး၊ အာဃာတကင်းစင်ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ကြေငြာဘို့ဟာ အကျိုးဖြစ်ထွန်းတဲ့အပြင် မြန်မာလူ့အဖွဲ့အစည်းရဲ့ အနာဂတ်အကျိုးစီးပွားအတွက် မလွှဲမသွှေလိုအပ်နေတဲ့အမျိုးသားညီညွတ်ရေးကို ကြီးကြီးမားမား အထောက်အကူဖြစ်စေတာမို့ မဆိုင်းမတွအကောင်အထည်ဖော်သင့်တဲ့ အချိန်ရောက်ပြီလို့ဆော် သြပါရစေတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်ဖွဲ့ကြဖို့လိုနေပြီ
  1. We will forgive, but will not forget. It is a time to start a movement for forming of government sponsored “Truth and Reconciliation Commission”. We want to see peoples like Than Shwe and Khin Nyunt face the commission, responding to all the questions.

Comments are closed.