>Q & A for Tech Geek from Kamayut.com

>

မေးချင်ရာမေး၊ ဖြေချင်ရာဖြေ – ၁
လောကဓာတ်ခန်းသာဂိ
ဧပြီ ၂၇၊ ၂၀၁၁
မိုးမခ၀က်ဆိုက်နဲ့ အခြားဝက်ဆိုက်တွေ၊ ကွန်ပြူတာသုံးစွဲမှု နည်းပညာပိုင်းဆိုင်ရာတွေကို ပံ့ပိုးပေးတဲ့ ကမာရွတ်သားက ကမာရွတ်ဝက်ဆိုက်တခု ထောင်လိုက်တယ်။ (www.kamayut.com )၊ ဒါက ကြော်ညာတာပါ။ အဲသည်မှာ သူက e-ticket စနစ်တခု တင်ထားတယ်။ လမ်းကြုံလို့ ခလုတ်တိုက်သူတွေက မေးချင်တာတွေ မေးသွားဖို့၊ အီးမေးလိပ်စာနဲ့ သာ အမှန်အကန်မေးရင် အမှန်အကန်ဖြေမယ်ပေါ့။ မေးခွန်းတွေ အများကြီး မဟုတ်တောင်မှ မေးခွန်းတွေ လာကြပါတယ်။ အဲသည်ထဲက မေးခွန်းတွေမှာ အများသူငှာ သိလိုကြတဲ့ အမေးများတဲ့ မေးခွန်းတွေကို တိုတိုနဲ့ စီစဉ် တင်ဆက်လိုက်ပါတယ်။
၁။ မြန်မာစာဖောင့် ဇော်ဂျီ ဘယ်လိုထည့်ရမလဲ
          www.Zawgyi.net ကိုသွားပြီးတော့ ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ကီးဘုတ်ဒရိုက်ဗာကလည်း အဲသည်မှာ ရှိပါတယ်။ Windows 7 လည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဇော်ဂျီပဲ ထည့်ပါ။ ဧရီယယ်-ဇော်ဂျီဖောင့် ကိုတော့ မထည့်ပါနဲ့။ ကီးဘုတ်ကို မြန်မာကီးဘုတ်ပြောင်းတာက သင့်ကီးဘုတ်  ဘယ်ဘယ်က Ctrl + Shift ကီး ၂ ခု တွဲပြီး နှိပ်ရင် ရပြီ။
၂။ MAC ပေါ်မှာကော ဇော်ဂျီထည့်လို့ရသလား
          ရပါတယ်။ ဒီမှာသွားကြည့်ပါ။  http://edwardwitten.blogspot.com/2007/10/zawgyi-myanmar-keyboard-for-mac-os-x.html ။ လွယ်ပါတယ်နော်။ ကီးဘုတ်ကော၊ ဖောင့်ကော တွဲသုံးလို့ရပါတယ်။ သူ့ကီးဘုတ် ချိန်းတာက Apple Key + Space Bar တွဲနှိပ်တာပါ။ ဇော်ဂျီkey အောက်ဆွဲ အပေါ်ဆွဲတွေက Alt ကီးကို သုံးပါတယ်။
၃။ ယူနီကုတ် ဘယ်ဖောင့်တွေ ထည့်ထားရမလဲ
          လောလောဆယ်ကတော့ Myanmar3 နဲ့ ဧရာ ဖောင့်တွေကို ပြည်ပကသူတွေ ထည့်တာများပါတယ်။ ဘီဘီစီ နဲ့ အင်န်အယ်ဒီဘားမား ၀က်ဆိုက် ၂ ခု ကြောင့်ပါ။ ကီးဘုတ်ထည့်စရာ မလိုပါဘူး။ ဖတ်ရုံပဲကိုး။ ဖိုင်းယားဖော့စ်ကို ဇော်ဂျီအတွက်ထား၊ ယူနီကုတ်ဖောင့်တွေကို တခြား ဘရောက်ဇာ – အိုင်အီးတို့ ခရုမ်းတို့အတွက် ထားပြီး ခွဲဖတ်ရင် အဆင်ပြေပါတယ်။
၎။ ဖောင့်တွေ အချင်းချင်းပြောင်းချင်တယ်။ ဘာလုပ်ရမလဲ။
          ပြည်တွင်းက ဖောင့်တွေနဲ့ အင်းဝတို့ လာမယ်၊ ပြည်ပက ၀င်းမြန်မာတွေ လာမယ်။ အစုံစုံကို ကိုယ်ကြိုက်တဲ့ ဖောင့်တခုတည်း ပြောင်းဖတ်ချင်ရင်တော့ Kanaung Converter ကို သုံးပါ။
  ဒီမှာ ယူပါ။ တချို့ဟာတွေမှာ ဗိုင်းရပ်စ် အယ်ရာ ပြတယ်။
၅။ ဓာတ်ပုံတွေ စာသားတွေကို အကြီးချဲ့တဲ့အခါ ဖိုတိုရှော့၊ အီလပ်စတြီတာမှာ ၀ါးသွားတာ၊ ပြဲသွားတာ မဖြစ်ချင်ဘူး။ ပြီင်္းတော့ နောက်ခံပိတ်ကားတွေ ပိုစတာတွေ အွန်လိုင်းမှာ ဘယ်လိုသွားအပ်လို့ ရသလဲ။
          ဓာတ်ပုံက မူလပုံဆိုရင် ချဲ့ ချူံ့ ပြသနာမရှိပါ။ အင်တာနက်က ပုံတွေဆိုရင်တော့ resolution က သေးတယ်။ ၂၀၀ လောက်ရရင် အတော်ကောင်းတယ်။ ၃၀၀ ကနေ ၆၀၀ လောက်အထိ blow up လုပ်တဲ့ ဖိုတိုရှော့ ပလပ်ဂင်တွေ ရှာသုံးပါ။ စာသားတွေကတော့ အသေးကနေ အကြီးကို ချဲ့တာထက် နဂိုကတည်းက စာလုံး အကြီးဆိုက် ဖြစ်ချင်တဲ့အတိုင်း Illustrator မှာ သွား ရိုက်ထားပါ။ ဒါဆိုရင် ရပြီလို့ ဆိုပါတယ်။
          ဒီက အဖွဲ့အစည်းတွေက ဒီဆိုက်မှာ အပ်တယ် ပြောတယ်။  http://www.esigns.com/, 248 Signs, Inc DBA , 7729 Lochlin Dr, Brighton, MI 48116.
၆။ ဗိုင်းရပ်စ်တွေ ကာကွယ်ဖို့၊ စပိုင်ဝဲယားတွေကို တားဖို့က ဘာတွေ လုပ်ရမလဲ
          McAFee, Norton နဲ့ AVG (http://free.avg.com/us-en/homepage ) တွေ သုံးကြတယ်။ အဲသည်က ကာကွယ်ရေး ဆက်တင်တွေကိုတော့ သေချာလေ့လာပြီး ဆက်လုပ်သင့်တယ်။ ဒီအတိုင်းထည့်ထားလည်း ဗိုင်းရပ်စ်က ၀င်တာပဲ။ စပိုင်ဝဲယားကတော့ Spybot Search & Destroy (FREE!)့ို သုံးကြပါတယ်။ အဲသည်မှာ အမြဲ Update လုပ်ဖို့ရယ်၊ Immunize လုပ်ဖို့ရယ် မမေ့ပါနဲ့။ ကွန်ပျူတာကို အပတ်စဉ် Scan လုပ်ပြီး စောင့်ကြည့်ပါ။
အီးမေးတိုင်းလဲ မဖွင့်နဲ့၊ လင့်ခ်တွေ့တိုင်းလည်း မနှိပ်နဲ့။ အီးမေးတိုင်းဖွင့်တော့ ကိုယ့်ဟာတွေ ပေါ်၊ လင့်ခ်တွေတိုင်း နှိပ်တော့ ပေါ်ရုံတင်မက ဖုံးဖိလို့မရ … ဆိုတဲ့ စာချိုး ရှိတယ်။ ဒါက အသစ်စာချိုး။
၇။ ကွန်ပြူတာကို သန့်ရှင်းအောင် ဘယ်လို ထိန်းသိမ်းရမလဲ။ ဆော့ဝဲနဲ့ စနစ်ပိုင်း ဆိုင်ရာအရ မေးတာပါ
          CCleaner (http://filehippo.com/download_ccleaner/ ) ကို သုံးပါ။ ပုံမှန် ဖွင့်ပြီးတော့ စနစ်သန့်ရှင်းရေး လုပ်ပေးပါ။ PM = preventative maintenance ပေါ့။ PC clean up လုပ်တဲ့သဘော။ စက်ကို အမှိုက်စုပ် သလို လုပ်ပေးလို့ သန့်ရှင်း မြန်ဆန်လာမယ်။ ဒါက ဖရီးပါ။ ငွေပေးစရာ မလိုဘူး။
၈။ ကွန်ပြူတာစနစ်ကို သွားလေရာ ယူအက်စ်ဘီတို့၊ အိပ်စတာနယ်ဒရိုက်ဗ်တို့ထဲမှာ ထည့်ထားပြီးတော့ တွေ့ရာ PC & MAC & Linux ကွန်ပြူတာပေါ်မှာ ပြန်တင်ပြီး သုံးလို့ရသလား
          ဒါမျိုးကို Virtulization, VMWare, Virtual Machine တို့အဖြစ် သုံးတယ်လို့ ခေါ်ကြတယ်။ ၀င်းဒိုးနဲ့ ပရိုဂရမ်ဖိုင်၊ မိုင်ဒေါ့ကူးမင့် ယူဇာ ပရိုဖိုင်းတွေကို စက်ပေါ်မှာ အသေမတင်ထားဘဲ မူလကွန်ပြူတာရဲ့ ဖိုလ်ဒါ တခုထဲ ထည့်ပြီး ဖိုလ်ဒါကို သွားလေရာ သယ်သွားနိုင်တဲ့ သဘောပေါ့။ Virtual Box လို့လည်း ခေါ်တယ်။ သူ့ကို ယူအက်စ်ဘီ ဒရိုက်ဗ်ထဲ ကော်ပီကူးထားရင် သူများအိမ်က ကွန်ပြူတာမှာ သူ့စနစ်ကို မထိခိုက်စေပဲ ကိုယ့်စနစ်ကို သီးသန့် ဖွင့်ပြီး သုံးနိုင်တယ်။ သူ့ဆီမှာလည်း ဘာမှ မကျန်ရစ်ဘူး။ ကွန်ပြူတာထဲက ကွန်ပြူတာစနစ်ပေါ့။
          အလကားရတာကတော့ VBOX ပဲ။ http://www.virtualbox.org/ စမ်းကြည့်ပါ။ ကြိုက်သွားမယ်။ အပြေးအလွှားသမားတွေက ဖိုလ်ဒါတခုထဲ အိတ်ထဲထည့်ပြီး သွားရုံပဲလေ။ ကျပျောက်သွားရင်တော့ ဘက်ကပ်လုပ်ထားတဲ့ မူလစက်ကနေ ပြန်ကော်ပီဆွဲပေါ့။
(ကဲ ဒီလောက်ပါပဲ။ လောကဓာတ်ခန်းက သာဂိလည်း ဒီမှာ နားမယ်။ ကမာရွတ်ဒေါ့ကွန်က နည်းပညာအတိုင်ပင်ခံဝက်ဆိုက်အဖြစ် ဖွင့်တာဖြစ်တယ်။ ကမာရွတ်သားက သူမသိရင်တောင် သူ့ဆရာတွေ သူ့ကျောင်းသားတွေကို လိုက်မေးမယ် ပြောတယ်။ သူ့ပတ်ဝန်းကျင်က ကွန်ယက်တွေကိုလည်း လိုက်ချိတ်မေးမယ်လို့ ပြောတယ်။ မေးခွန်း လွယ်လွယ်တွေကတော့ စေတနာနဲ့ မေတ္တာရိ လုပ်မှာပါ။ အိမ်ရှေ့က ရေတွင်း အိမ်နောက်ပြောင်းရမယ် ဆိုရင်တော့ သူလည်း အလကားတော့ လုပ်မယ် မထင်ဘူး။ စာတောင် ပြန်မယ် မထင်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts