>
အပြောင်း အလွဲ
ဉာဏ်ဦးမောင်
ဧပြီ ၁၄၊ ၂၀၁၁
သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းတဲ့။
တစ်နှစ်တော့ သစ်ပြန်ပေါ့။
အနှစ်တွေ့နိုင်တဲ့ သင်္ကြန်
အသစ်တွေ့နိုင်တဲ့ သင်္ကြန်
အဖြစ်တွေ့နိုင်တဲ့ သင်္ကြန်
အချစ်လည်း တွေ့နိုင်တဲ့ သင်္ကြန်
တစ်နှစ်က သင်္ကြန်
မနှစ်က သင်္ကြန်
ခုနှစ် သင်္ကြန်။
အော် …
အနှစ်မပါတဲ့ အသစ်
အသစ်မပါတဲ့ အသစ်
အဖြစ်မပါတဲ့ အသစ်
အချစ်လည်းမပါတဲ့ အသစ်
အသစ် အသစ် အသစ်
တနှစ်တော့ နစ်ပြန်ဦးမပေါ့။ ။